Showing posts with label Android Myanmar Font. Show all posts
Showing posts with label Android Myanmar Font. Show all posts

Friday, January 9, 2015

Huawei G730 MM Fonts Installer V2 APK


*******************************************
G730 တွေကို root ဖောက်ပြီး မြန်မာ font အဆင်
မပြေတဲ့ဖုန်းတွေအတွက် version သစ်ပါ။

Download link.....
http://adf.ly/w2wIn
Download link......
http://adf.ly/w2wKs
Credit - Ko Ye Lin Aung Kse
အဆင်ပြေပါစေ....
****************★★★★★****************
Admin - နေလင်း
Viber No. 09250940063
Gmail - naylinhtet1993.nlh@gmail.com

Sunday, January 4, 2015

Mi Series အားလုံးအတွက် XiaomiMyanmarFontInstaller exe


=======================
Mi Series အတွက် မြန်မာဖောင့်ကို မည်သည့် Model / Android version မဆို မြန်မာစာ ထည့်သွင်းပေးမဲ့ Font Installer လေးဖြစ်ပါတယ် လိုအပ်သူတွေ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။
ဖုန်းက Root ရှိဖို့လိုပါမယ်။
(Model မလို၊ Android version မလိုပါ
1) Install ကိုသာနိပ်လိုက်ပါ။)

ref;http://tharyadanar.blogspot.com/

Friday, January 2, 2015

Honor 3C Hol-U10 များအတွက် မြန်မာစာမှန်စေမဲ့ Bat Tool လေးပါ


=============================
Honor 3C Hol-U10 တို့မှာ မြန်မာစာ အဆင်မပြေသူများအတွက် မြန်မာစာ မှန်စေမဲ့ Font Tool လေးကို Ko Saing Maung မှ New Year လက်ဆောင်အဖြစ်ရေးပေးလိုက်ပါတယ် လိုအပ်သူတွေ ဒေါင်းယူနိုင်ပါပြီ။
ဒီ Tool လေးကိုအသုံးပြုဖို့ ဖုန်းမှာ Root ရှိဖို့ လိုပါမယ် ဖုန်းကို Pc နဲ့ချိတ်ဆက်ပြီး ကီးဘုတ်မှ 1 ကိုနိပ်၍ Enter ခေါက်ပေးပါ ဖုန်း reboot ကျပြီး ပြန်တက်လာရင်တော့ မြန်မာစာ အဆင်ပြေပါပြီ။
Credit = Saing Maung

Sunday, November 30, 2014

မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း


မင်္ဂလာပါ ဒီနေ့ တင် ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကို အသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Root လုပ်ထားဖို့လည်း လိုပါတယ်။ အောက်မှာရယူနိုင်ပါတယ်။လုပ်နည်းကိုလည်း ပုံနဲ့တကွ ရှင်းပြထားပါတယ်။




အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီ ဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။


ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Language နှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက် ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့ ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကို ကြည့်ပါ။





အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင် OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Reboot လုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…ပြီးပါပြီ.

Monday, November 17, 2014

Myanmar Font RootPost title




ဆော့ဝဲလမ်းညွန် မှ ပြန်လည်မျှဝေလိုက်ပါတယ်
ဖုန်း မြန်မာစာ မြန်မာဖောင့် Root စတဲ့ ဝန်ဆောင်မူ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Root လုပ်နိုင်တယ်
Root စစ်ဆေးနိုင်တယ်
Root ဖြုတ်နိုင်မယ်…
Font စလုံးလှ များသွင်းနိုင်တယ်
Root မလိုဘဲ မြန်မာစာသွင်းနိုင်တယ်
Zawgyi ဖောင့်များ ထည့်နိုင်တယ်
Huawei ဖုန်း အပြင် အခြားသော ဖုန်းများ
မှာ ဆော့ဝဲအတွင်း မြန်မာစာ မပေါ်တာကို
ပေါ်စေမည့် ဆော့ဝဲတို့ အပြင်…
Myanmar Keyboard
အမျိုးမျိုးတို့ကိုလည်း
ရယူနိုင်မှာဖြစ်ပါတယ်"စတဲ့ မြန်မာဖောင့် နှင့် ပတ်သတ်သည့် apk တွေကို ယခု ဆော့ဝဲကနေ ရယူနိုင်ပါပြီ"
Play store ၌ ဒေါင်းယူနိုင်ပါပြီ
ဆော့ဝဲအားဒေါင်းရန်

DOWNLOAD

Thursday, October 30, 2014

Xiaomi's (OR) MI Phones များအတွက် Root ပြုလုပ်နည်း + မြန်မာ Font ထည့်သွင်းနည်း



Credit : Tin Htay Ag
 
မြန်မာစာဖောင့်ကို MI Phones အတော်များများမှာ ထည့်သွင်းအသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေ ရေးပေးလိုက်ပါတယ်…

ကျွန်တော်စာရေးရတာ အလွန်ပျင်းပါသည်… သို့သော် လူတိုင်းမေးနေကြတာကလည်း ဒီမေးခွန်းပဲ ဖြစ်ပါတယ်… ဒါကြောင့် ဒါလေးရေးဖို့ ဆုံးဖြတ်လိုက်ပါသည်…..


မြန်မာစာဖောင့်ထည့်ရန် နှင့် Root လုပ်ရန်အတွက် ဒီနည်းလမ်းတွေကိုတော့ လုပ်တတ်ရန် လိုအပ်ပါသည်….

မြန်မာဖောင့်သီးသန့်ရချင်ရင်တော့ ဒါလေးကို ဒေါင်းလိုက်ပီး သူ့အဆင့်အတိုင်း လုပ်လိုက်တာနဲ့ အဆင်ပြေပါသည်….

မှတ်ချက်။ တချို့ဖုန်းများတွင် လုပ်လို့မရပါ... ဒါကြောင့် အောက်ကရေးထားသော ဒုတိယနည်းလမ်းကို အသုံးပြုပါရန်...


iFont apk
DOWNLOAD



အဲ့ဒါလေးကို ဒေါင်းလိုက်ပါ… ပြီးရင် Install လုပ်ပါ...

၁။ အနီရောင်အ၀ိုင်းလေးထဲမှာ ‘my’ ဆိုတာလေးကို နှိပ်လိုက်ပါ….

၂။ အာက်ဘက်ထဲမှာ မြန်မာစာဖောင့် ၆ မျိုး ၇ မျိုးလောက်ပါဝင်ပါတယ် အဆင်ပြေတာကို သွင်းလို့ရပါတယ်…

၃။ လိုချင်တဲ့ဖောင့်ကို တွေ့ပီဆိုရင် Enter နှိပ်ပါ။

၎။ Download ဆိုပီး ပေါ်လာရင် Enter နှိပ်ပါ

၅။ Set ဆိုပီး ပေါ်လာပါလိမ့်မယ် Enter နှိပ်ပါ

၆။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်

၇။ New Box လေး ပေါ်လာပါလိမ့်မယ် OK နှိပ်

၈။ Theme ထဲကို ရောက်သွားပါလိမ့်မယ်.. Catagory ထဲက Edit Theme > ဆိုတာကို နှိပ်လိုက်ပီးလိုက် Font ဆိုတဲ့နေရာပါတဲ့ Page လေး ပေါ်လာပါလာလိမ့်မယ်… Font ကို ရွေးလိုက်ပါ...

၉။ သင့် iFont ကနေ ဒေါင်းလော့လုပ်ထားတဲ့ မြန်မာစာဖောင့်ကို အဲဒီ့ထဲကနေ ရွေးပီး Apply လုပ်ပေးလိုက်ပါ...

၁၀။ သင့်ရဲ့ ဖုန်းမှာ မြန်မာလို မြင်ရပါပီ…



ကီးဘုတ်အတွက်ကတော့ Frozen နဲ့ Bagan ကို ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်..

Root လုပ်ရန်

For Note: DOWNLOAD

For 1s: DOWNLOAD


For mi3w/c: DOWNLOAD



၁။ သင့်ဖုန်းရဲ့ Updater ကိုသွားပီး Menu Key ကိုနှိပ်ပါ၊ Install Select Package ကို ရွေးပါ...

၂။ သင့်ဖုန်းအတွက် ဒေါင်းလော့ချထားတဲ့ Root zip ဖိုင်ကို ရွေးပီး OK နှိပ်ပါ...

၃။ Reboot ကျပီး ပြန်တက်လာလျှင် သင့်ဖုန်း Rooted ဖြစ်ပါပြီ... သို့သော် Security > Permission > Root Permission > On ပေးရန်တော့ လိုအပ်ပါသည်..


၎။ သင့်ဖုန်းလေး အထက်ပါအဆင့်ဆင့် လုပ်ဆောင်ပီးပါက Root Access လိုအပ်သော Apps များကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ….

၅။ သင်သုံးချင်သော Apps များကို Install လုပ်လိုက်ပါ... ပြီးလျှင် ဖွင့်လိုက်ပါ.... Root Access လိုတယ်လို့ ပြောပါလိမ့်မယ်.. အဲဒီ့အချိန်ကျလျင် Security > Permission > Root access ဆိုတဲ့နေရာမှာ ခုနက Root access လိုတယ်လို့ ပြောနေတဲ့ App လေးကို တွေ့ပါလိမ့်မယ် On ပေးလိုက်ပါ... ပြီးလျှင် ထို App ကို ပြန်ဖွင့် အသုံးပြုလို့ရသွားတာကို တွေ့ရပါလိမ့်မယ်…. ဒီနေရာကို နည်းနည်းရှည်ရှည် ရှင်းပြရတာက MM font changer တွေ ထည့်ရင် မလွှဲမသွေ ကြုံရမယ့် နေရာဖြစ်နေလို့ပါ…. Font changer သုံးမယ့် သူငယ်ချင်းများ Smart Zawgyi မှ အဆင်ပြေပါမယ်….ကြိုတင်ပြောပြပေးထားတယ်… အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ…


မြန်မာစာဖောင့်  MM font changer for rooted ph:

ZFC: DOWNLOAD

MM Aio: DOWNLOAD


  MMAS Zawgyifont Changer: DOWNLOAD


 
Myanmar keyboard

Bagan....DOWNLOAD


Frozen....DOWNLOAD
Credit : Tin Htay Ag
 
 Myanmar Mi Fans

Wednesday, October 22, 2014

3 in 1 Myanmar font Tool



3 in 1 Myanmar font Tool လေး အချောသပ် ပီးပါပီ
လက်တည့်စမ်းချင်သူများပြောပါ
Huawei Sony Samsung ၃မျိုးကို ဖေါင့်ထည်ပေးမှာပါ
ဟိုဖုန်းက ဟိုဟာနဲ့မှ မြန်မာစာပေါ်တာ ဒီဖုန်းက ဒီလိုထည့်မှ ရတာဆိုတာမျိုး မဖြစ်ရအောင် ဒီ Tool လေးက သွသူဆုံးဖြတ်ပီး ထည့်ပေးပါလိမ့်မယ် ဆရာကျော်ဇောနိုင်ရဲ့ fepfz နည်းလမ်းကို တစ်ခါတည်း ထည့်သွင်းထားလို့ မြန်မာဖောင့်ထည့်ပီးတာနဲ့ မြန်မာစာ ရှေ့နောက်လွဲတဲ့ ပြသနာကို ဖြေရှင်းပီးဖြစ်နေပါလိမ့်မယ်
Download Link ထည့်ပေးလိုက်ပါပီ အဆင်မပြေတာ ပြန်ပြောပေးဖို. မျှော်လင့်ပါတယ်
update version v1.1 ထုတ်လိုက်ပါပီ HUAWEI တစ်ချို့ဖုန်းတွေအတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ် 
ယခုversion ကို သုံးပေးကြပါ
version 1.3 ထုတ်ပေးထားပါတယ်
တစ်ခြားဖုန်းတွေမှာပါ စမ်းကြည်.လို.ရပါတယ်
====================
DOWNLOAD

 DOWNLOAD


Wednesday, October 15, 2014

3 in 1 Myanmar font Tool

3 in 1 Myanmar font Tool လေး အချောသပ် ပီးပါပီ လက်တည့်စမ်းချင်သူများပြောပါ Huawei Sony Samsung ၃မျိုးကို ဖေါင့်ထည်ပေးမှာပါ ဟိုဖုန်းက ဟိုဟာနဲ့မှ မြန်မာစာပေါ်တာ ဒီဖုန်းက ဒီလိုထည့်မှ ရတာဆိုတာမျိုး မဖြစ်ရအောင် ဒီ Tool လေးက သွသူဆုံးဖြတ်ပီး ထည့်ပေးပါလိမ့်မယ် ဆရာကျော်ဇောနိုင်ရဲ့ fepfz နည်းလမ်းကို တစ်ခါတည်း ထည့်သွင်းထားလို့ မြန်မာဖောင့်ထည့်ပီးတာနဲ့ မြန်မာစာ ရှေ့နောက်လွဲတဲ့ ပြသနာကို ဖြေရှင်းပီးဖြစ်နေပါလိမ့်မယ် Download Link ထည့်ပေးလိုက်ပါပီ အဆင်မပြေတာ ပြန်ပြောပေးဖို. မျှော်လင့်ပါတယ် update version v1.1 ထုတ်လိုက်ပါပီ HUAWEI တစ်ချို့ဖုန်းတွေအတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်  ယခုversion ကို သုံးပေးကြပါ ============= v 1.1            http://d-h.st/KS9  ==========  v 1.0                  http://d-h.st/htT =============
3 in 1 Myanmar font Tool လေး အချောသပ် ပီးပါပီ
လက်တည့်စမ်းချင်သူများပြောပါ
Huawei Sony Samsung ၃မျိုးကို ဖေါင့်ထည်ပေးမှာပါ
ဟိုဖုန်းက ဟိုဟာနဲ့မှ မြန်မာစာပေါ်တာ ဒီဖုန်းက ဒီလိုထည့်မှ ရတာဆိုတာမျိုး မဖြစ်ရအောင် ဒီ Tool လေးက သွသူဆုံးဖြတ်ပီး ထည့်ပေးပါလိမ့်မယ် ဆရာကျော်ဇောနိုင်ရဲ့ fepfz နည်းလမ်းကို တစ်ခါတည်း ထည့်သွင်းထားလို့ မြန်မာဖောင့်ထည့်ပီးတာနဲ့ မြန်မာစာ ရှေ့နောက်လွဲတဲ့ ပြသနာကို ဖြေရှင်းပီးဖြစ်နေပါလိမ့်မယ်
Download Link ထည့်ပေးလိုက်ပါပီ အဆင်မပြေတာ ပြန်ပြောပေးဖို. မျှော်လင့်ပါတယ်
update version v1.1 ထုတ်လိုက်ပါပီ HUAWEI တစ်ချို့ဖုန်းတွေအတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ် 
ယခုversion ကို သုံးပေးကြပါ
=============
v 1.1 DOWNLOAD
==========
v 1.0 DOWNLOAD

Tuesday, September 30, 2014

R2001 သမား များ အတွက် ROOT လုပ်စရာမလိုပဲ မြန်မာစာ 100% မှန် အောင်လုပ်နည်း


R2001 သမား များ အတွက် ROOT လုပ်စရာမလိုပဲ မြန်မာစာ 100% မှန် အောင်လုပ်နည်း..... OPPO R2001 မှာ ဝယ်လာပြီး ခါစ Settings >> Languaes >> မြန်မာ >>> စာ မမှန် တဲ့ ပြသနာကို ROOT လုပ်စရာမလိုပဲ မြန်မာစာ ၁၀၀% မှန် အောက်လုပ်လို့ ရပါတယ်.... အောက်မှာကျနော်တင်ပေးထားတဲ့ ဖိုင်လေးကို Download>> ဆွဲ ပြီး >>Phone Memory Card >>> ထဲထည့်ပြီး ဖုန်းကို Recovery Mode >>> ဝင်ပြီး >>> install SD Card >>> လုပ်ပေးပြီး ဖုန်းကို Reboot >>> yes >>>လုပ်ပေး ပြီး ဖုန်းပြန်တက်လာရင် ... Settings >> Languaes>>> မှာ ( ဗမာ ) စာလေးနဲ့ လန်းပါပြီ.။



                                                       DOWNLOAD

Monday, September 29, 2014

Emotion UI Fonts Installer -Huawei ဖုန်းအများစုတွင် Root Access မလိုပဲ မိမိနှစ်သက်သော ဖောင့် Style ထည့်သွင်းမယ်







 
Emotion UI ပါရှိသော ဖုန်းများဖြစ်သောHuawei ဖုန်းအများစုတွင် Root Access မလိုပဲ မိမိနှစ်သက်သော
ဖောင့် Style ထည့်သွင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။
မိမိ ဖုန်းတွင် Frozenkeyboard မပါရှိပါက Auto သွင်းပေး နိုင်အောင်ထည့်သွင်းထားသည်။
မိမိဖုန်းနှင့် Support မပေးပါက ထည့်သွင်းခွင့်ရှိမည်မဟုတ်ပါ။
မိမိဖုန်းနှင့် ကိုက်ညီသော Font ဟုတ်မဟုတ် စမ်းသပ်ပြီးမှထည့်သွင်းနိုင်အောင် စီမံပေးထားသည်။
ထည့်သွင်းရန် အညွန်း - - - -
မိမိဖုန်းအတွင်းထည့်သွင်းတော့မည်ဆိုပါက Install ကို နှိပ်လိုက်ပါ။
ပြီးရင် CUSTOMIZE CURRENT Theme ကိုနှိပ်ပါ။
Font Style ကိုရွေးချယ်ပါ။
မိမိထည့်သွင်းထားသော Font နာမည်ကို Apply လုပ်ပေးပါ။
အဆင်ပြေပါစေ။
ဒီ App ကို MMSD မှ Free အနေဖြင့် ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။
Credit To All Font Creator!
Credit To Icon Design Han Zaw OO
Developed By Phyo Chan.
https://play.google.com/store/apps/details?id=mmsd.phyochan.miuihuaweifonts
My Facebook -
https://www.facebook.com/phyo.chan.12
My Website -
http://myanmarmobilesoftwaredeveloper.com/
  Download
Link 1<<< mediafire >>>
Link2<<< d-h.st >>>

zawgyi မြန်မာဖောင့် ပါ apk တွေနဲ့က မကိုက်ညီလို့ မြန်မာစာမပေါ်တာဖြေရှင်းနည်း



အခုနောက်ပိုင်း android version နဲ့ zawgyi မြန်မာဖောင့် ပါ apk တွေနဲ့က မကိုက်ညီလို့
 မြန်မာစာမပေါ်တာဖြစ်နေပါတယ်။
အဲဒါကို zawgyi font overwrite ပြန်လုပ်ရင်အဆင်ပြေပါတယ်.. ဥပမာ၊
keyboard Pro Version, shwebook.pro.apk, ornagai.apk, PlanetDictionary.apk မှာဖြစ်တက်ပါတယ်, 
တခြားအသုံးတဲ့တာလည်းပြင်လို့ရပါတယ်ဗျာ, apk logo ကိုမိမိပုံထည့်တာတို့ ဘာတို့
Font လမ်းကြောင်း - assets > fonts >
logo လမ်းကြောင်း - res > drawable >

ပြင်မယ်ဆိုရင် လိုအပ်တဲ့ဆော့ဝဲလ်က

winzip.exe
ZipSigner v3.4 .apk
zawgyi font
ကိုယ်ပြင်မဲ့ .apk ကို winzip နဲ့ဖွင့် အဲဒီထဲက font လမ်းကြောင်းကိုရှာ assets>fonts> ရှာပြီး ကိုယ်ထည့်မည့် ဇော်ဂျီဖောင့်ကို လမ်းကြောင်းထဲက နာမည်နဲ့အကုန်တူအောင်ပြုရပါမယ်
ကိုယ်ဖွင့်ချင်တဲ့ .apk ကို winzip နဲ့ဖွင့်ပြီး fonts လမ်းကြောင်းရှာပြီး font change ရပါမယ်..
ဥပမာ - Bangankeyboard ထဲမှာဆိုရင် zg.ttf, zgcandid.ttf, zghint.ttf ဖောင်တွေရှိတယ် အကုန်ဖျက်။ နောက်ပြီးတော့
Download font (သို့) ကိုယ်အသုံးပြုချင်တဲ့ဖောင့်ကို ကိုယ်ဖျက်လိုက်တဲ့ နာမည်အတိုင်းပြုလုပ်ပြီး ခုနက ဖွင့်ထားတဲ့ .apk ထဲက font လမ်းကြောင်းထဲကို ထည့်လိုက်ပါ၊ ရှိနေရင် overwrite လုပ်ပေးပါ။ overwrite ပြုလုပ်ထားတဲ့ .apk ကို မိမိဖုန်းထဲမှာထည့်ပြီး ZipSigner v3.4 .apk နဲ့ signed ပြုလုပ်ပေးရပါမယ်။
ZipSigner v3.4 .apk ကိုဖုန်းထဲမှာ install လုပ်
အဲဒီထဲမှာ Choose In/output ကိုနှိပ် ခုနက SDcard ထဲက ကိုယ်ပြင်ထားတဲ့ .apk ကိုရွေးပြီး
Sign The File ကိုနှိပ်လိုက်ရင် File manager ထဲမှာ input file နှင့် ကပ်လျှက် (_signed.apk) output file ထွက်လာပါမယ်...။
Install ပြုလုပ်ရ်ျသုံးလို့ရပါပြီ....။
winzip.exe
ZipSigner v3.4 .apk
zawgyi font များမရှိပါက.......
                              
ဒီနေရာကနေ ဒေါင်းပါ ☺

Credit : ကိုရဲကြီး
စာသားများအား ကိုမျိုးကိုကိုဇော် ဆီမှ ကူးယူဖော်ပြထားပါသည်။



ကိုမြတ်း BE Mechatronics
You might also like:

Thursday, September 25, 2014

Android Version မြင့်တဲ့ ဖုန်းတွေကို Root လုပ်နည်းနဲ့  မြန်မာစာ ထည့်နည်း(ကွန်ပျူတာမလို)



Root လုပ်ဖို့ အတွက် Version 4.3 root ကို ဖုန်းထဲထည့်ပြီး Root ပါ

Root ပြီးရင် Font Changer ကို ဆက်ဒေါင်းပြီး 4.3 အထက်ဆိုတာကို

နှိပ်ပြီး မြန်မာစာထည့်လိုက်ရင် အဆင်ပြေပါတယ် အောက်ကလင့်မှာယူ


 Mssk-Android Version 4.3 ROOT.apk

http://adf.ly/sLzv0  




 MM Aio Font Changer ( Version 1.6 မှ 4.3 အထက်အထိ)


http://adf.ly/sLzy1 
  
 ref; မောင်စွယ်စုံကြမ်း

Wednesday, September 17, 2014

G730-U00 V100R001CHNC17B151 ROOT(dload)



HUAWEI G730U00 B151 အတွက် VROOTနဲ.ဖောက်သော်လဲ ROOT ACCEPT မရသူများ
မြန်မာစာအဆင်မပြေသူများ အတွက် UPDATE.APP အနေနဲ. လုပ်ပေးလိုက်ပါတယ်ခင်ဗျာ
ဒီ POSTက GOLDနဲ.ထိုက်တန်တယ်လို.ထင်ပါတယ်
ဒါပေမဲ. MPX TEAM အဖွဲ.၀င်များအဆင်ပြေစေရန် ကျနော်GOLD မသတ်မှတ်တော.ပါဘူး
gold လေး rateလေးများပေးလို.ရပါတယ်ခင်ဗျာ
အစစအရာရာ သင်ပြပေးခဲ.သော ကျနော.ဆရာ ဆရာNgamyarthar အား ရှိခိုးဦးခိုက်လျှက်
ဒေါင်းလို့ရလာတဲ့ zip ဖိုင်ကို sd ကဒ်ထဲထည့်ပါ ဖုန်းကို power ပိတ်ပြီး vol- vol+ power ခလုပ် သုံးခုကို တွဲပြီး နှိပ်ထားပါ
Script by Ngamyarthar
font by KyawSwarThwin
Builder By MYOKOKOZAW
မြင်ဆရာ Sir PhyoNyiNyi(MPPG)
ref;http://mm-mpxteam.net/

Friday, September 12, 2014

Font render fixer MPPG MDY < Coding by Phyo Nyi Nyi - MPPG >

 
Android တွေ မှာ မြန်မာစာရှေ.နောက်လွဲနေတာကို fepfz apk နဲ့ပြင်ယူလို.ရပါတယ်
ကျနော်လည်း အမြဲလိုလို သုံးလေ.ရှိတဲ့ တစ်ခုတည်းသော apk လေးတွေပါ
ဥပမာ " ဖေဖေမေမေ " လို.ရေးရင် " ဖေဖမေမ " ဖြစ်နေတာမျိုးပေါ.
software service သမားတွေမှာ အချိန်ရှားပါးမှုပြသနာ ရှိနေပါတယ်
အေပီကေအင်စတောလုပ် ၊ အေပီကေထဲဝင် fix လုပ် .......
ကျနော်ကတော. အလွန်အပျင်းထူပါတယ် ကလစ်ခေါက်လိုက်တာနဲ့ ပီးသွားတာကိုကြိုက်တဲ့ ငပျင်းတစ်ကောင်ပါ
ခု bat file လေးကတော့ fepfz က လုပ်ပေးတဲ့နည်းလမ်းအတိုင်း
လုပ်ဆောင်ပေးမှာပါ ရှေ.နောက်လွဲနေတာတွေကို ပြင်ပေးပါလိမ်.မယ်
အမှန်မှာတော. ကျနော့်ရဲ့ MPPG ADB TOOL ထဲမှာ port လုပ်ဖို.
coding ထုတ်ထားတာပါ
 
သုံးချင်ကြတယ်ဆိုရင် ဒေါင်းလိုက်ပါ
bat file ဆိုတော. လေ.လာလို.ရတာပေါ.ဗျာ

ဒီမှာဒေါင်းပါ

 

Thursday, September 11, 2014

Samsung MM Font (V4.1.1 to V4.4.2)ထိ Root လုပ်စရာမလို

Samsung ဖုန်းတွေအတွက် Vesion 4.4.2 အထိ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်သွင်းလို့ရပါပြီး

ဖောင့်ရေးတဲ့သူကိုမသိတော့လို့ သတ်ဆိုင်သူအားလုံးကို Credit ပေးပါတယ်......

ထည့်သွင်းနည်းကလွယ်ပါတယ်
ကွန်ပျုတာမလိုပါဘူး ၊ပေးထားတဲ့ Font APK ကို Install လုပ်ပြီး Setting >Display ထဲကိုဝင်ပြီး
Font Style ကိုဝင် ခနက Install လုပ်ထားတဲ့နာမည်နဲ့စာတန်းကိုရွေးပေးလိုက်ရုံပါပဲ၊
Ok ပြလာရင်ဆက်တိုက်နိမ့်ပေးလိုက်ပါ ၊ မြန်မာစာရိုတ်ဖို့အတွက် ကြိုတ်နှစ်သက်ရာ Keyboard ကိုအသုံးပြုနိုင်ပါတယ်။

Download S4 Zawgyi FlipFont 

Download Zawgyi KitKat 2014 

Wednesday, September 3, 2014

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။



 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

 

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။

၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။

၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။

၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။

>d:

cd \android

adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။

မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။

အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။


၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)

၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)

၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။

၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။




၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 9 ကိုရွေးချယ်ပါ။ (9 လို့ရိုက်ပြီး Enter ခေါက်ပါ။)

၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။

ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ (မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)

၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။

၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။

၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။

၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။

၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။

၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။

၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။

၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)

၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)

၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)

၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။



၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။

အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)

၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)

၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။

၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။

၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။

၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။

၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။

၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန်

၂၈။ 7zip software ဒေါင်းရန်

၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။

၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။

၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။

၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။

၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။

  နောက်

နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။

Note++ Software အားရယူရန်

Huawei G730-U30 ( G730+ ) ကို မြန်မာဖောင့်ထည့်ချင်သူများအတွက်


Huawei G730 ကို + နဲ့ ထွက်လာပြန်ပြီ။
ဘာနဲ့ပဲထွက်ပါစေ အခုပေးမယ့် Tool နဲ့
သာ ကိုင်ပလိုက်ဗျာ......
မြန်မာစာ ၁၀၀% မှန်ပါတယ် ။ ဘာ Error မှ
မရှိပါ။ အော် မေ့နေလို့ မြန်မာစာထည့်မယ်
ဆိုရင် Root ဖောက်ထားဖို့ မမေ့နဲ့နော့်....
Root ရှိမှ အဆင်ပြေမှာပါ Root မရှိပါက
DOWNLOAD ROOT TOOL
အသုံးပြုနည်းကတော့ လွယ်ပါတယ်။



Smart zawgyi pro ဒေါင်းပြီး Smart zawgyi pro Zip ဖိုင်ကိုဖြည်ပါ။ Smart zawgyi pro ဖြည်ပြီးရင် folder ကိုဖွင့်
Smart zawgyi pro bat file လေးကို
Run ပေးလိုက်ပါ။ ဖုန်းက Reboot ကျသွား
ပါလိမ့်မယ် ပြန်တက်လာရင် မိမိလိုချင်တဲ့
မြန်မာဖောင့် မှန်မှန်လေးကို ရရှိနေပါပြီ။
Reboot မကျပါက ချပေးလိုက်ပါခင်ဗျာ..
အောက်မှာ လိုအပ်တဲ့ Tool ကိုရယူပါ။

DOWNLOAD

Monday, September 1, 2014

Nokia symbian belle အတွက် widgets များ

nokia widget က symbian os s60 ကနေစခဲတာပါ။

nokia symbian os က အဆင့်ဆင့် ပြောင်းလည်း တာကိုကြည်.ရင် widget ကအထင်ရှားဆုံးလိုပြောလိုရတယ်။
nokia က widget တွေ အလွတ်လပ်ဆုံး နေရာထားပေးအောင် symbian9.5 os ကိုပြုလုပ်တယ်။
Media အပိုင်း Game အပိုင်းဦးစားပေး Symbian^3 ကို N8,C6,C7 ဖုန်းအမျိုး အစားတွေနဲ. ပွဲဦးထွက်လာခဲ့ တယ်။
နောက် Home Screen graphic အားနည်းချက် တွေ ပြုပြင်ပြီး symbian anna ကို update ထုတ်ပေးတယ်။

HTC အပြိုင်ထုတ်တယ်လိုပြောပြီး Widget တွေကလက်ချိုး တွက်လိုတောင်ရတယ်။
ဒါနဲ widget တွေ. download ဆွဲဖို.ရှာတာ မတွေဘူး။ရှားတယ်ဗျ 

 


















Symbian BELLE Widgets က

1.WeatherWidget

2.VisualBookmark

3.Silent

4.ShortcutWidget

5.rssfeedwidget

6.ProfilesWidget

7.Operator

8.Offline

9.MusicWidgets

10.MobileDataTracker

11.mechanicclockwidget

12.DigitalClock

13.contact_widgets

14.CellularToggle

15.calendarwidgetsmall

16.calendarwidgetlarge

17.BluetoothToggle

18.Biganalogueclock

19.analogclockwidget

20.2G3G_Toggle

ပြီးမှာ install လုပ်ပါ


Download

တရုတ်ဖုန်းတွေကို မြန်မာဖောင့် အလွယ်ဆုံးသွင်းနည်း

အခုဆိုရင် Lenovo/ U9 /Oppo အပါအ၀င် တရုပ်လုပ်  Android ဖုန်းတွေက

ဈေးကွက်မှာ တွင်ကျယ်လာပါပြီး..

ဈေးနှုန်းကလည်း သင့်တင့်တော့ အခုဆိုရင်သုံးဆွဲတဲ့သူတွေလည်းများလာပါပြီ..

ဒါပေမယ့် ခက်တာက အဲဒီဖုန်းတွေက SAMSUMG တွေလို

အလွယ်တကူ မြန်မာစာအဆင်မပြေတဲ့ ပြသနာပါ..

ကျနော်ဆီကို လာအပ်တဲ့ ဖုန်းတွေထဲမှာ  Lenovo/ U9 /Oppo အပါအ၀င

 တရုပ်ဖုန်းတွေကခေါင်းရှုပ်ရဆုံးပါ.

အစပိုင်းဖုန်း ၂ လုံးလောက်က Root ဖောက်တာ အဆင်ပြေပေမယ့်..

မြန်မာဖောင့်သွင်းပြီး Restart ကျပြီး ပြန်တတ်မလာတော့ပဲ..

firmware ကျသွားတတ်တဲ့ ပြသနာပါ..

 

 

တရုပ်ဖုန်းတွေကလည်း firmware ရှာဒေါင်းဖို့ မလွယ်တာနဲ့ဆိုင်မှာ ပြန်လဲရပါတော့တယ်..

(((မြန်မာပြည်မှာတော့ Root ဖောက်ရင် warranty ပျက်တယ်လို ဘယ်ရွှေဥာဏ်တော်စူးရောက်က စပြောလဲမသိဘူး..)))

အခုဆိုရင်တော့ ဘယ် Android ဖုန်းကိုမဆို အလွယ်ပဲ..

မြန်မာဖောင့် သွင်းနိုင်ပါပြီ.. ဘယ်လို သွင်းမလဲ..

ဘယ်လို Root လုပ်မလဲ..အောက်မှာ ဆက်ရေးပေးပါ့မယ်.

Root လုပ်မဲ့ ဖုန်းကို setting ကနေ တဆင့် 

Developer options ကိုဝင်ပါ..

အဲဒီကနေ  USB dedugging မှာ အမှန်ခြစ်လေးပေးလိုက်ပါ

အရင်ဆုံး Root ဖောက်ရအောင် Vroot_v1.1.3 

ကို အရင်ဆုံးဒေါင်းယူပြီး  ဖုန်းထဲမှာ install လုပ်ပါ..ပြီးရင်

သူ့ကို ဖွင့်ပြီး Root ကို နှိပ်ပါ..


အဆင့် လေးဆင့် လုံး အမှန်ခြစ်ဖြစ်သွားရင်..

Restart လုပ်ပေးလိုက်ပါ..ပြန်တတ်ရင် ဖုန်းက Root လုပ်လို့ပြီးမြောက်သွားပါပြီ..

တရုပ်ဖုန်း 4.2.2 အထိကတော့ ကျနော်အဲဒါနဲ့ အဆင်ပြေခဲ့တာပါ..

အဲဒါမှ အဆင်မပြေရင်  Romaster_3.4.7

နဲ့ PC ကနေ Root ဖောက်နိုင်ပါတယ်..

အဲဒါကို Romaster_3.4.7 တင်ထားတဲ့ ပို့စ်မှာဓါတ်ပုံတွေနဲ့ ရှင်းပြထားပါတယ်..

Root ဖောက်လို့ပြီးရင် မြန်မာဖောင့်သွင်းပါမယ်..

အဲဒီအတွက် MMSD Smart Zawgyi ကို ဒီမှာ ဒေါင်းယူပါ..

ပြီးရင် install လုပ်ပါ..

ပုံမှာပါတဲ့အတိုင်း တရုပ်ဖုန်းတွေဆိုရင် Huawei နှင့်အခြားကို ရွေးပါ..

ဖုန်း Restart ကျသွားပါမယ်..

ပြန်တတ်လာရင် မြန်မာစာဖတ်လို့ အဆင်ပြေသွားပါပြီ..

တကယ်လို့ စာလုံးတွေ လွဲချော်ပြီး ဖတ်ရတာအဆင်မပြေဖြစ်နေရင်..ဒီမှာဒေါင်းယူပါ..

ဖတ်လို အဆင်ပြေသွားရင် ရေးဖို့အတွက်

ကို ဒီမှာ ယူပါ သူက Activated ဖြစ်ပြီးသားပါ..

အဆင်ပြေမယ်မျှော်လင့်ပါတယ်..မပြေတာရှိရင် စာရေးထားခဲ့ပါ..

Sunday, August 31, 2014

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware

Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flashtool Firmware လေး ဖြစ်ပါတယ်။ဒီ Firmware လေးကိုတော့ S4 Rom ကိုပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ 

S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော

့ သွင်းမရတာတွေရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊

 ဓါတ်ပုံရိုက်ချင်ရင်လည်း ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။

 

 

error ကတော့ internal memory0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။

ကျန်တာတွေကတော့ ဘာ error မှ မရှိပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံးထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။

Download 

flashtool ဖြင့် firmware တင်နည်းသိလိုပါက ဒီနေရာတွင်   ကြည့်ပါ