Showing posts with label နည်းပညာ ဆိုင်ရာ သတင်းအချက်အလက်များ. Show all posts
Showing posts with label နည်းပညာ ဆိုင်ရာ သတင်းအချက်အလက်များ. Show all posts

Wednesday, January 7, 2015

စားလို့ ပြတ် မပြတ် အမြန် တွက်နည်း

ကိန်းဂဏန်း အရှည်ကြီး ကို 2, 3, 4, 5, 6 နှင့် စားလျှင် ပြတ် မပြတ် အမြန် တွက်တတ်ပါသလား ???


2 က တော့ အားလုံး သိပြီးသားပေါ့  ... နောက်ဆုံးဂဏန်း 2 4 6 8 0 နဲ့ ဆို စားပြတ်ပါတယ်။
3 ကျတော့ ရော ဘယ်လို လုပ်မလဲ ?? လုပ်တတ်လား ??
ဥပမာနဲ့ ပြမယ်ဆိုရင် 64374 ကို 3 နဲ့ စားပြတ်လား သိချင်ရင် အရင်ဆုံး ကိန်းမှ ဂဏန်းတွေအားလုံးပေါင်း 6+4+3+7+4=24 ရတယ်။
24 က 3 နဲ့ စားပြတ်တယ် ဆိုတော့ 64374 က 3 နဲ့ စားပြတ်ပါတယ်။

4 ကျတော့ ကိန်းမှ ဂဏန်းကို နောက်ဆုံး နှစ်လုံးဘဲ ယူပြီး စားကြည့် ပြတ်ရင် ရတယ်။
ဥပမာ ပေးရရင် 34676756 မှ နောက်ဆုံး 56 ကို 4 နှင့်စားတော့ ပြတ်တယ်။
ဒါကြောင့် 34676756 က 4 နှင့် စားပြတ်ပါတယ်။
5 ကတော့ အားလုံးသိတဲ့ အတိုင်းဘဲ။ နောက်ဆုံးဂဏန်း 0 နဲ 5 ဆိုရင် ပြတ်တယ်။

6 ကျတော့ 2 and 3 နှစ်ခုလုံး နဲ့ စားလို့ ပြတ်ရင် အဲဒီ ဂဏန်းကို စားလို့ ပြတ်တယ်။

 Divisibility Tricks
Is the number "N"  divisible by .... 2? 3? 4? 5? 6?
N is divisible by 2 if its last digit is 0, 2, 4, 6, or 8 (that is, last digit is even).N is divisible by 3 if the sum of the digits is also divisible by 3.N is divisible by 4 if the last two digits form a number divisible by 4.N is divisible by 5 if it ends in 0 or 5.N is divisible by 6 if it is divisible by both 2 and 3.

Friday, November 21, 2014

Online Security အတွက် အချက်(၁၀)ချက်


လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း 
ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် 
နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ
 
ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
 
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့
 
 ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့်
 
ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့
 
အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ 
Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။
 
Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာကြည့်ရှုနိုင်ပါတယ်။
ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ 
ဝင်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website
 
တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner)
 
တွေကို Click မနှိပ်မိဖို့ သတိထားပါ။
Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run 
ခင်မှာပါ Virus Scan စစ်ဆေးပါ။
သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ 
လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ
 
ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး
 
သုံးစွဲသင့်ပါတယ်။
သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို 
အကြောင်းပြချက် အတွက်ဖြစ်စေ Share
 
မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။
 
Password တစ်ခုရွေးတဲ့အခါ
2. Small Letters
 
3. Symbols
 
4. Numbersအထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် 
အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ 
ဥပမာပြောရရင်- ဖုန်းနံပါတ်၊
 
ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ 
သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ ပါ ပါအောင် ရိုက်ပါ။
Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ အစား 
လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ ဟာ ဖြစ်ပြီး ထက် ပိုပြီး Security ကောင်းပါတယ်။
( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး 
Account
 
Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link
 
တွေကိုမနှိပ်မိပါစေနဲ့။ သင့်ကို ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing 
နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ 
History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် ထဲက ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear 
လုပ်ပေးပါ )
Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ 
အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware,
 
keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ
 
Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
 
အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90% 
ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။
‪#‎မြို့တော်ပုသိမ်သတင်း‬ မှကူးယူဖော်ပြသည်

Saturday, October 11, 2014

တယ်လီနောရဲ့ sim card ဝယ်ယူပြီး ပထမဆုံးဖုန်းငွေဖြည့်တဲ့အခါ အပိုထပ်ဆောင်း ဘောနပ်စ်တွေရရှိပါလိမ့်မယ်

ဖုန်းခေါ်ဆိုမှု

ပထမဆုံးဖုန်းငွေဖြည့်တဲ့အခါ အပိုထပ်ဆောင်း ဘောနပ်စ်တွေရရှိပါလိမ့်မယ်။ နောက်ပိုင်း ဖုန်း ငွေတွေ ထပ်ဖြည့်တဲ့အခါမှာတော့ အပိုဆောင်း ဝန်ဆောင်မှုများ မရှိတော့သော်လည်း စိတ်ကျေနပ် စရာ ကောင်းလောက်တဲ့ နှုန်းထားတွေနဲ့ ဆက်လက် ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။


၁၀၀၀ တန်ငွေဖြည့်ကတ်

  • ၁၅မိနစ် အခမဲ့( ပြည်တွင်း မည်သည့်ဖုန်းမဆို)
  • ၁၅မီဂါဘိုက် အခမဲ့အင်တာနက်
  • ဖုန်းငွေဖြည့်ပြီး ရက် ၃၀ အတွင်းသာ အသုံးပြုလို့ရမည်
  •  

  • ပထမဆုံး ငွေဖြည့်သည့်အကြိမ်အတွက်သာ 
     


3000 တန် ငွေဖြည့်ကတ်

  • ၃၀မိနစ် အခမဲ့( ပြည်တွင်း မည်သည့်ဖုန်းမဆို)
  • ၃၀မီဂါဘိုက် အခမဲ့အင်တာနက်
  • ဖုန်းငွေဖြည့်ပြီး ရက် ၃၀ အတွင်းသာ အသုံးပြုလို့ရမည်

  • ပထမဆုံး ငွေဖြည့်သည့်အကြိမ်အတွက်သာ


5000 တန် ငွေဖြည့်ကတ်

  • ၆၀မိနစ် အခမဲ့ ( ပြည်တွင်း မည်သည့်ဖုန်းမဆို)
  • ၆၀မီဂါဘိုက် အခမဲ့အင်တာနက်
  • ဖုန်းငွေဖြည့်ပြီး ရက် ၃၀ အတွင်းသာ အသုံးပြုလို့ရမည်

  • ပထမဆုံး ငွေဖြည့်သည့်အကြိမ်အတွက်သာ


10000 တန် ငွေဖြည့်ကတ်

  • ၁၂၀မိနစ် အခမဲ့ ( ပြည်တွင်း မည်သည့်ဖုန်းမဆို)
  • ၁၂၀မီဂါဘိုက် အခမဲ့အင်တာနက်
  • ဖုန်းငွေဖြည့်ပြီး ရက် ၃၀ အတွင်းသာ အသုံးပြုလို့ရမည်

  • ပထမဆုံး ငွေဖြည့်သည့်အကြိမ်အတွက်သာ


FAQ

မေး။ Telenor Phone အချင်းချင်း ဖုန်းခေါ်ဆိုလျှင် ပိုက်ဆံဘယ်လောက်ကုန်ကျပါသလဲ။
Telenor Phone အချင်းချင်း ခေါ်ဆိုလျှင် ၂၅ကျပ် သာ ကျပါသည်။

မေး။ Telenor မှ တခြားဖုန်းကို ဖုန်းခေါ်ဆိုလျှင် ပိုက်ဆံဘယ်လောက်ကုန်ကျပါသလဲ။
Telenor မှ တခြားဖုန်းကို ဖုန်းခေါ်ဆိုလျှင်၂၅ကျပ် သာ ကျပါသည်။

မေး။ ကိုယ်ဝယ်ထားတဲ့ Internet Package အသုံးပြု၍ ကုန်သွားလျှင် ဘယ်လိုအကျိုးဆက်ဖြစ်မလဲ။
တစ်ကယ်လို့များ သင့် package မှာပါဝင်တဲ့ အခမဲ့ ဝန်ဆောင်မှုများ ကုန်သွားပြီဆိုလျှင် မူလအတိုင်းဖြစ်တဲ့ သုံးသလောက်ကို ပေးရသော ဈေးနှုန်း အစီအစဉ်ကို ပြန်လည် အသုံးပြုရမှာဖြစ်ပါတယ်။

မေး။ မိမိဖုန်းကဒ်၏ လက်ကျန်ငွေစာရင်းက ဘယ်အချိန်ထိအသုံးပြုနိုင်ပါသလဲ။
သင်၏ လက်ကျန်ငွေသက်တမ်းသည် သင်နောက်ဆုံးငွေဖြည့်ခဲ့သည့်နေ့မှစ၍ ၃၆၅ ရက်တိတိ သက်တမ်းရှိပါတယ်။

မေး။ Telenor မှ Post-Paid plans ပေးရန် အစီအစဉ် ရှိပါသလား။
Post-Paid plans ရှိပေမယ့် ဝန်ဆောင်မှုစတင်သည့် အချိန်မှာ မထည့်သွင်းရသေးပါ။

Tuesday, September 30, 2014

Viber code ယူနည်းမသိသေးသူများအတွက်


လိုင်းမကောင်းလို့ code နံပါတ်မရလို့တော့စိတ်
မညစ်စေချင်ပါဘူး viber ကဖုန်းတော့ပြန်ခေါ်တယ်ဖုန်းကိုင်မရဘူး စိတ်မညစ်ပါနဲ့ ပြန်ခေါ်တဲ့ဖုန်းနံပါတ်ထဲမှာ viber code ပါပြီးသားပါ ယူနည်းကဒီလို ကိုယ့်ဆီဝင်
လာတဲ့ viber call ကိုနောက်ဆုံးမှစ၍ရေတွက်ပါ
3 လုံးမြောက်ဂဏန်းမှစ၍၎င်းဂဏန်းအပါအဝင်
4 လုံးပြည့်အောင်ယူလိုက်ပါ ပုံထဲမှာ ကျွန်တော်
ကွင်းနဲ့ဝိုင်းပြထားပါတယ် ယူပြီးရင်တော့ code
ထည့်ရမည့်နေရာမှာထည့်ပေးလိုက်ရင် OK ပြီပေါ့

Credit > Aung Aung Pyay ( နည်းပညာ )

Viber ရဲ့ စွမ်းဆောင်ချက် အသစ်များကို အသုံးပြုနည်းများ



Viber က iOS နဲ့ Android Device များမှာ Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါ့အပြင် Video Call များကို စမတ်ဖုန်းများကနေ Desktop ရှိ Viber သို့ Transfer ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ Contact အသစ်များကို Add ပြုလုပ်ဖို့အတွက် နာမည်နဲ့ ဖုန်းနံပါတ်များ ရိုက်ထည့်စရာမလိုဘဲ Barcode ကို Scan ပြုလုပ်ရုံနဲ့ Contact အသစ်များကို Add ပြုလုပ်ပေးတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။

Video Call ပြုလုပ်ခြင်း။
----------------------------
Video Call ပြုလုပ်နည်းက Android နဲ့ iOS မှာ အတူတူပဲဖြစ်ပါတယ်။ ပထမဆုံး Viber ကိုဖွင့်ပြီး Video Call ပြုလုပ်ချင်တဲ့ Contact တစ်ခုကို ရွေးချယ်ပါ။ 


နောက်အဆင့်မှာ Free Call ခလုတ်ကို နှိပ်ပါ။

ဒါဆိုရင် အရင်အတိုင်းပဲ ဖုန်းခေါ်ပါလိမ့်မယ်။ တစ်ဖက်လူက ဖုန်းကိုင်လိုက်လို့ Connected ဖြစ်သွားရင် Video Call ခလုတ်ကို တစ်ချက်နှိပ်ပါ။ Video Call အိုင်ကွန်က On ဖြစ်သွားပြီး တစ်ဖက်လူနဲ့ သင့်ရုပ်ပုံကို မြင်တွေ့နိုင်ပါပြီ။ သင့်ရုပ်ပုံကိုတော့ ဘယ်ဘက်အပေါ်ထောင့်မှာ ၀င်းဒိုး အသေးလေးနဲ့ ပြသပေးမှာဖြစ်ပြီး တစ်ဖက်လူရဲ့ ရုပ်ပုံကို ၀င်းဒိုး အကြီးနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာနဲ့ အနောက်ဘက် ကင်မရာကို ပြောင်းလဲ အသုံးပြုဖို့ သင့်ရုပ်ပုံပေါ်မှာ ပြသထားတဲ့ အိုင်ကွန်ကို နှိပ်နိုင်ပါတယ်။

မှတ်သားထားရမှာက တစ်ဖက်လူကလည်း Viber 5.0 ကို အဆင့်မြှင့်ထားဖို့ လိုသလို Video Call ခလုတ်ကို နှိပ်ရမှာဖြစ်ပါတယ်။

 


Video Call ကို မိုဘိုင်းဖုန်းမှ Desktop သို့ Transfer ပြုလုပ်ခြင်း။
---------------------------------------------------------------------------

Video Call ပြုလုပ်နေစဉ်မှာ ဖုန်းရဲ့ မျက်နှာပြင် အောက်နားမှာ အိုင်ကွန်များကို တွေ့ရမှာပါ။ ကိုနှိပ်ရင် မိုဘိုင်းဖုန်းက Video Call ကို Desktop ကွန်ပြူတာမှ Viber ထံ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

Transfer လုပ်ရင် Desktop ထံသို့ Audio ကိုသာ လွှဲပြောင်းပေးမှာ ဖြစ်ပြီး Viber Desktop မှ Video Feature ကို On လုပ်ပေးရမှာ ဖြစ်ပါတယ်။

Contact များကို Barcode ကို အသုံးပြု၍ ထည့်သွင်းခြင်း။
------------------------------------------------------------------

Viber Version အသစ်မှာ Contact များထည့်သွင်းဖို့ ပိုမိုလွယ်ကူ လျှင်မြန်တဲ့ နည်းကို ထည့်သွင်းပေးလိုက်ပါတယ်။ Viber ရဲ့ ညာဘက်အောက်ထောင့်မှ အလျားလိုက် မျဉ်းကြောင်းသုံးခုကို နှိပ်ပါ။ ညာဘက် အပေါ်ထောင့်မှ Barcode ပုံကိုနှိပ်ရင် သင့်အတွက် Barcode ပေါ်လာမှာပါ။

သင့်သူငယ်ချင်းကလည်း သူ့ရဲ့ ဖုန်းမှ Viber မှာ အလျားလိုက် မျဉ်းကြောင်း သုံးခုကို နှိပ်ပြီး Add Contact ကိုနှိပ်ပါ။ Barcode Scanner ပေါ်လာရင် သင့်ဖုန်းမှ Barcode ကို Scan ပြုလုပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းရဲ့ Viber Contact မှာ သင့်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စာရိုက်ရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးစေမှာပါ။

Credit: Myanmar Digital Life Journal

Thursday, September 25, 2014

window အမြန်တက်နည်း

မိမိရဲ့ စက် စတင်ဖွင့်တဲ့အခါ Window မြန်မြန်တက်လာတာကို ကွန်ပျူတာသုံးတဲ့ လူတိုင်းဖြစ်ချင်နေတဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို ကျွန်တော် သိသလောက် မျှဝေလိုက်ပါတယ်။ Window မြန်မြန်တက်ချင်ရင် အောက်ပါနည်း အတိုင်း ပြုလုပ်ကြပါ။ ထိုက်သင့်သလောက်တော့ မြန်လာပါလိမ့်မယ်။

၁) အရင်ဦးစွာ Run တွင် regedit ကို ရိုက်ဖွင့်ပါ။
၂) regedit ထဲကို ရောက်ပါက HKEY LOCAL _ MACHINE ကို ရွေးပါ။
၃) ထိုမှ တဆင့် System > CurrentCo ntrolSet > Control > Session Manager > Memory Management ကို ရောက်အောင် သွားပါ။
၎) Prefetch Parameters ကို Select မှတ်လိုက်ပါက ညာဘက်တွင် Enable Prefetcher ကို ရှာပါ။
၅) တွေ့ပါက Double Click နှိပ်ပါ။ Value Data တွင် 5 ပေးလိုက်ပါ။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ မြန်လာပါလိမ့်မည်။ အားလုံး အဆင်ပြေကြပါစေ။

Laptop များနှင့် Battery Life

credit>ရေးသားသူ : သန့်ဇင်ဌေး 

Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့် နေရာမှာ Battery စားနှုန်း သက်သက်သာသာနဲ့ ကြာရှည်အသုံးချနိုင်အောင် ဘယ်လိုများ လုပ်ဆောင်ကြပါမလဲ။

တကယ်လို့ ကျွန်တော်တို့မှာ ရှိတဲ့ Laptop က Battery ဟာ တော်တော်လေး သုံးလာတာ ကြာတဲ့အပြင် ဘယ်လောက်ပဲ အားပြည့်အောင် သွင်းထားထား ကိုယ်လုပ်ချင်တာတွေ ပြီးဆုံးအောင်မှ မလုပ်ဆောင်ရသေးခင် ခဏလေးနဲ့ အားကုန်ကုန် သွားတတ်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် " တစ်ခြား Battery တော့ လဲမှ ဖြစ်တော့မဟ " ဆိုတဲ့ အတွေးမဝင်ခင် ဒီအောက်ဖော်ပြပါနည်းတွေကို စမ်းသပ်ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ Laptops တွေမှာ ရှိနေတဲ့ Battery တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အထိုက်အလျောက်ထိ မြင့်တက်လာစေလိမ့်မယ်လို့ ဆိုတာ တိုက်တွန်း ပြောကြားလိုပါတယ်။




Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ??

Battery အသုံးမခံတာကို သိထားတဲ့ နောက်မှာ Battery ကို အသုံးခံအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မဆုံးဖြတ်ကြ သေးခင် ပထမဆုံး သိထားသင့်တာက - Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ဆိုတာပါ။ အလွယ်ဆုံး ပြောရမယ်ဆိုရင် Modern laptops တွေမှာတော့ Battery အစားဆုံး က >> LCD panel ပါပဲ။ Microsoft ရဲ့ Windows 7 Engineering blog မှာ အထက်မှာ ဖော်ပြထားတဲ့ အသုံးဝင်တဲ့ Chart တစ်ခုကို ရေးဆွဲ ဖော်ပြထားပြီး - အဲ့ဒီ့ Chart ကနေမှ တစ်ဆင့် Laptop ရဲ့ ဘယ် Components တွေက ဘယ်လောက် % Battery စားနေသလဲ ဆိုတာ အလွယ်တကူ မြင်သာ ထင်ရှားစေပါတယ်။ ဒီ Chart ကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ Battery သက်တမ်းကို ကြာကြာအသုံးခံနိုင်စွမ်းရှိအောင် ဘယ်လို လုပ်ဆောင်မယ် ဆိုတာ ဆက်ပြီး ဖော်ပြသွားပါမယ်။

ဒီ Chart ထဲမှာ add-on devices တွေဖြစ်တဲ့ flash drives တို့ USB mice တို့ ဆိုတာတွေ ဖော်ပြမထားပါဘူး - ဒါပေမယ့် သိထားရမှာက အဲဒီ့ ပစ္စည်းတွေကလည်း Battery စား များတယ် ဆိုတာ သိထားဖို့ လိုပါတယ်။ တကယ်လို့များ Power မပေးထားတဲ့ hard drive တစ်ခုခုကိုများ ကိုယ့် laptop မှာ USB port ကနေပြီး တပ်ထားမိပြီ ဆိုလို့ကတော့ သာလို့တောင် Battery စားပါလိမ့်ဦးမယ်။

ဒီအချက်တွေကို သိရှိပြီးတဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း Power Plan Settings ကို ပြင်ဆင်ကြည့်ပါ။

Power Plan Settings အား ပြင်ဆင်ခြင်း

ပထမဆုံး ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့ အလုပ်ကတော့ ကျွန်တော်တို့ laptop ကို Battery power သုံးပြီး လည်ပတ်တော့မယ် ဆိုတဲ့ အချိန်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ power plan ကို သတ်မှတ်ပေးထားပြီးပြီလား ဆိုတာ စစ်ဆေးဖို့ပါ။ တကယ်လို့ Computer ရဲ့ Performance ကောင်းအောင်ဆိုပြီး Power plan ကို High ထားမယ် ဆိုရင် Battery ရဲ့ အသုံးခံနိုင်မှု သက်တမ်းကလည်း ပိုပြီး လျော့ပါးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Battery ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် Power saver ဒါမှမဟုတ် Balanced တစ်ခုခု ကို အထက်ဖော်ပြပါအတိုင်း ရွေးချယ်ထားသင့်ပါတယ်။

အဓိက ဂရုပြုရမှာ ကွန်ပြူတာကို ကိုယ်ထိတွေ့ မကိုင်တွယ်တော့ဘူး ဆိုတာနဲ့ Display ကို အမြန်ဆုံး turn off လုပ်ခိုင်းထားဖို့ပါ။ ဒါက အထိရောက်ဆုံး Power ချွေတာတဲ့ နည်းတစ်နည်းပါပဲ။

နောက်တစ်ဆင့် အနေနဲ့ Power Plan settings ကို Advanced ပြင်ဆင်ရမယ့် နည်းလမ်းပါ။ ကျွန်တော်တို့ Laptop ရဲ့ Battery life ကို အရှည်ကြာဆုံး ပြင်ဆင်ဖို့ အတွက် ဒီအချက်တွေ ပြင်ဆင်ရပါမယ် >>

Hard Disk ရဲ့ Power plan ကို အမြန်ဆုံး turn off လုပ်နိုင်ဖို့ ပြင်ဆင်ပေးရပါမယ်။
Wireless adapter, processor အထူးသဖြင့် graphics card အတွက် low-power mode ကို အသုံးပြုပေးပါ။
ပုံမှာ မြင်နေရတဲ့ System cooling policy setting ဆိုတာ ကျွန်တော်တို့ရဲ့ Laptop system အတွက် cooling mode ကို change ပေးတဲ့ နေရာပါ။ သူ့မှာ Active နဲ့ Passive ဆိုတဲ့ Options နှစ်ခု ရှိပြီး - Active cooling policy ဆိုတာ Processor - slow down ဖြစ်မသွားခင်ကတည်းက cooling ပိုင်းကို ပုံမှန်အတိုင်း ဖြစ်နေအောင် fan speed ကို မြှင့်တင်ထားတာ ဖြစ်ပြီး - Passive cooling policy ဆိုတာကတော့ Processor - slow down ဖြစ်တဲ့ အချိန်မှ fan speed ကို မြှင့်တင်တာ ဖြစ်ပါတယ်။ Options နှစ်ခုထဲမှာ Passive cooling policy ဟာ Power consumption ပို ထိန်းထားနိုင်ပြီး battery life ကိုလည်း ပိုပြီး ကြာရှည်စေပါတယ်။

အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ အထူးပြင်ဆင်မှုတွေ အပြင် power plans နဲ့ ပတ်သတ်ပြီး နောက်ထပ် ပြင်ဆင်သင့်တာတွေ ရှိပါသေးတယ်။

Screen အလင်းအမှောင်အား ချိန်ညှိပါ။

ကျွန်တော်တို့ အပေါ်ဆုံးမှာ LCD screen တွေဆိုတာ battery life ကို အမြန်ဆုံး နဲ့ အများဆုံး ကုန်အောင်စားတဲ့ source တစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ battery life ကို ကြာကြာရှည်ရှည် အသုံးခံနိုင်ဖို့ ဆိုရင် Screen ရဲ့ အလင်းအမှောင် ( screen brightness ) ကိုလည်း ချိန်ညှိထားဖို့လိုပါတယ်။ Laptops တော်တော်များများမှာတော့ screen brightness ကို ချိန်ညှိနိုင်ဖို့ အတွက် ဖော်ပြပါအတိုင်း function key တွေပါရှိပါတယ်။ အဲလို function key တွေကို ဖိနှိပ်ပြီး screen brightness ကို ချိန်ညှိထားနိုင်ပါတယ်။ screen brightness ကို ချိန်ညှိတဲ့ နေရာမှာ battery life ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းကတော့ အလင်းကို မစူးရှလွန်းပဲ သာမန် မိမိတစ်ကိုယ်ရေ တစ်ကာယ ကြည့်လို့ ရယုံ ပမာဏလောက်ထိ လျော့ချပြီး ချိန်ညှိထားဖို့ အကြံပြုလိုပါတယ်။

ဒါတင်မက ကိုယ့်ရဲ့ laptop ကို အသုံးမပြုဖြစ်တဲ့ အချိန်တွေမှာ Display ကို အမြန်ဆုံး Turn off လုပ်ဖို့ power plan မှာ ပြင်ဆင်ထားရမယ့် အပြင် - မလိုလားအပ်တဲ့ graphics စွမ်းဆောင်ရည်တွေကို အသုံးပြုမယ့် screensavers တွေကိုလည်း အသုံးမပြုထားမိဖို့ လိုပါတယ်။

Web sites တွေ တော်တော်များများကလည်း battery life ကို ပိုပြီး တာရှည်ခံဖို့ Windows Aero ကို Disable လုပ်ခိုင်းကြတာ တွေ့ဖူးပါလိမ့်မယ်။ ဒါလည်း မှန်ပါတယ်။ သူ့ကို Disable လုပ်ထားခြင်း အားဖြင့် battery life ကို အနည်းငယ် ပိုပြီး ကြာရှည် အသုံးခံ စေပါတယ်။
Power Consumption အတွက် Hardware များအား စစ်ဆေးပါ

ကျွန်တော်တို့ ရဲ့ Laptops မှာ Bluetooth adapter များ အသုံးပြုထားတာ ရှိနေပါသလား ?? တစ်ခု သိထားရမှာ အဲလို devices တွေကို Enable ပေးထားခြင်းဟာလည်း Power စားစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်က ဒီ devices တွေကို သုံးနေတာ မဟုတ်ဘူး ( အသုံးမပြုဘူး ) ဆိုရင် သူတို့ကို Disable ပေးထားခြင်းကလည်း battery life ကို အနဲငယ် ထိန်းသိမ်းရာ ရောက်ပါတယ်။ နောက်ပြီး Wireless connection မရှိတဲ့ နေရာတွေမှာ ကိုယ့် laptop ကို သုံးဖြစ်ပြီဆိုရင်လည်း Wi-Fi ကို Disable ပေးထားဖို့ လိုပါတယ်။

နောက်ပြီး မလိုအပ်ပဲ PC Card adapter အသုံးပြုခြင်းကိုလည်း ရှောင်ကျဉ်ပါ။ သူတို့တွေကလည်း battery စားနှုန်း များပါတယ်။ ကျွန်တော်တို့ရဲ့ Laptop မှာ RAM ပမာဏရော လုံလုံလောက်လောက်ရှိပါရဲ့လား - ဒါကလည်း အရေးကြီးပါတယ်။ တကယ်လို့ memory ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ RAM ပမာဏ အလုံအလောက် မရှိတော့တဲ့ အခါ Windows က Disk ကိုသွားပြီး ပြဿနာရှာတတ်ပါတယ်။ ဒါကြောင့် RAM ပမာဏ နည်းတဲ့ Laptop တွေအတွက် RAM ပမာဏကို ထပ်တိုးတာမျိုး ဒါမှမဟုတ် တစ်ကြိမ်တည်း တစ်ပြိုင်တည်းမှာ Applications တွေ အများကြီး အသုံးပြုခြင်းမျိုးကနေ ရှောင်ကျဉ်တာမျိုး လုပ်ဆောင်ဖို့ စဉ်းစားရပါလိမ့်မယ်။

Background Processes နှင့် Services များအား ထိန်းချုပ်ပါ။

နောက်ကွယ်က System ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းဆောင်တာတွေ ဆိုတာ PC တစ်လုံးရဲ့ performance ကို ကျဆင်းစေ ယုံသာမက ကျွန်တော်တို့ Laptops တွေရဲ့ battery life ကိုပါ ကျဆင်းစေပါတယ်။ ဒါကြောင့် battery power ကို အသုံးပြုပြီး လုပ်ငန်းတစ်ခုခု လုပ်ဆောင်နေစဉ်မှာ background applications တွေ အကုန်လုံးကို ပိတ်ထားနိုင်ဖို့ လိုပါတယ်။ Automated updaters တွေ scheduled tasks တွေ အထူးသဖြင့် search indexing တွေကို disable လုပ်ထားဖို့ လိုပါတယ်။

ကျွန်တော်တို့ အဓိက target ထားပြီး remove လုပ်သင့်တာ Windows desktop gadgets တွေပါ - အဲဒီ့ applications တွေဟာ system tray ထဲမှာ ရှိနေပြီး ကျွန်တော်တို့ laptops က Power ကို စားမှန်း မသိ စားနေကြတဲ့ applications တွေဖြစ်ပါတယ်။ အဲတာကြောင့် ကိုယ့် အတွက် တကယ် မလိုအပ်တဲ့ applications တွေကို uninstall လုပ်ရင် လုပ်ပစ် ဒါမှ မဟုတ်ရင်လည်း system tray ထဲကနေ ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို တစ်ခုချင်း လိုက်လုပ်ဖို့ မလိုပဲ on တာ off တာတွေကို အလွယ်တကူ လုပ်ဆောင်ချင်တယ်ဆိုရင် Open- source system tray utility တစ်ခု ဖြစ်တဲ့ Aerofoil ကို အသုံးပြုနိုင်ပါတယ်။ Aerofoil ဆိုတာ ကျွန်တော်တို့ notebook တွေကို Battery power နဲ့ အသုံးပြုနေချိန်မှာ ကြာကြာ အသုံးခံနိုင်စေဖို့ မလိုလားအပ်တဲ့ Aero Glass နဲ့ တစ်ခြား အသုံးမလိုပဲ Battery စားစေတဲ့ လုပ်ငန်းဆောင်တာတွေကို အလိုလျောက် turn off လုပ်ပေးပါတယ်။

ဖြစ်နိုင်လျှင် Hibernate Mode အား အသုံးပြုပါ။

Hibernation နှင့် Sleep Mode ကွာခြားချက်အား သုံးသပ်ခြင်း ဆိုပြီး ကျွန်တော် ရေးခဲ့ဖူးပါတယ်။ Sleep mode အစား Hibernate mode ကို ပြောင်းလဲသုံးစွဲခြင်း အားဖြင့် ကျွန်တော်တို့ Laptops တွေ အတွက် power သုံးစွဲမှု လျော့နည်းပြီး - တကယ်တမ်း အသုံးပြန်လိုတဲ့ အချိန်မှာ နောက်ထပ် နာရီအနည်းငယ် ပိုမို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Hibernate mode ကို အသုံးမပြုခင် Hibernation နှင့် Sleep Mode က ဘာတွေ ကွာတယ် ဆိုတာ သေသေချာချာ လေ့လာစေချင်ပါတယ်။

Battery အား Heat မတက်စေရန် ထိန်းသိမ်းပါ။

Photo by JustinLowery
Laptop batteries တွေဆိုတာ သူတို့ကို အားမသွင်းပဲ ဖြစ်ကတတ်ဆန်း ကြာရှည် သုံးတော့မှသာ စွမ်းဆောင်ရည် ကျတတ်တာမျိုးပါ - ဒါပေမယ့် ကိုယ့် laptop က အမြဲတမ်းလိုလို overheating ဖြစ်နေတာမျိုးပဲ ဖြစ်ဖြစ် - ရာသီဥတု ပူပူ - ပတ်ဝန်းကျင် ပူပူမှာ laptop ကို အမြဲတစ်စေ သုံးရတာမျိုးပဲဖြစ်ဖြစ် - အဲလိုအခြေအနေ မျိုးတွေမှာတော့ ခဏချင်းနဲ့ battery ကြွတတ်ပါတယ်။

ခုခေတ် laptops တွေဟာ nickel batteries တွေအစား Lithium batteries တွေကို အသုံးပြုလာကြပါပြီ။ Laptops ရဲ့ Batteries တွေကို ဘယ်လို အားသွင်းမလဲ - ဘယ်လို အသုံးချရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ရောထွေးနေတဲ့ အယူအဆ တစ်ချို့ ရှိပါတယ်။ အမှန်က >> Nickel batteries ကို သုံးထားတဲ့ Laptops တွေဆိုရင် သူ့ရဲ့ battery life ကို ကောင်းမွန်စေဖို့ အတွက် အားထပ်မဖြည့်ခင် နဂိုရှိပြီးသား အားကို ကုန်အောင် သုံးပြီးမှ recharge ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Lithium batteries တွေကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။ သူက recharge လုပ်ဖို့အတွက် အရင်ဆုံး အားကုန်အောင် သုံးဖို့ မလိုပါဘူး - နောက်တစ်ချက်က lithium battery တွေကို အားကုန်အောင်ကျ သုံးပြီး အားပြန်မသွင်းပဲ ပစ်ထားလိုက်မယ်ဆိုရင် တကယ်တမ်း ကိုယ် ပြန်အသုံးပြုတဲ့ အချိန်မှာ အားပြန်သွင်းမရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ချက် အနေနဲ့ ကျွန်တော်တို့ Laptops တွေမှာ သုံးထားတဲ့ battery တွေကို အမြဲတမ်း fully charged ဖြစ်မနေစေဖို့ကိုလည်း ဂရုပြုပေးပါ။ ဘာကြောင့်လဲ ဆိုရင် — Wikipedia မှာ ဖော်ပြထားချက်အရ lithium battery တွေဟာ အချိန်ပြည့် fully charged နဲ့ ထားရင် ကိုယ်ဘယ်လောက်ကြီးပဲ Battery ကို ဂရုစိုက်စိုက် သူ့ရဲ့ အသုံးခံနိုင်စွမ်းက တစ်နှစ်ကို 20% ဆုံးရှုံးတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံမှာ battery ကို အားလျော့အောင် သုံးပေးဖို့ကိုလည်း အကြံပေးလိုပါတယ်။

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....

ကွန်ပျူတာမှာ မော်နီတာမကောင်းတော့ဘူးဆိုမှတော့ ဘာမှကိုတက်မလာတော့တာပေါ့ဗျာ ရှင်းရော.. အဲသလို ဖြစ်လာခဲ့ရင် အရင်ဆုံးကြိုးတွေကို သေချာပြန်စစ်ကြည့်ပါ..ကြိုးမတပ်ရသေးပဲ ပါဝါကြိုးဒေတာကြိုးတွေသေချာမထိုးရသေးပဲနဲ့ မော်နီတာ ပျက်ပြီလို့ မယူဆပါနဲ့  ကွန်ပျူတာမှာ ဘယ်အစိတ်ပိုင်းကပဲဖြစ်ဖြစ် အလွယ်ဆုံးအပိုင်းက အရင်စပြီး
စစ်ပါ(မျက်မြင်အားဖြင့်အရင်စစ်ပါ)..တခါတလေမှာအခက်ကြီးတွေစဉ်းစားပြီး အလွယ်လေးကိုမှမေ့  နေတတ်ကြလို့ ပါ…ကြိုးကို plug ပေါက်ကြိုးထိုးတာတွေသေချာပါလျက်နဲ့ မော်နီတာ screen မှာ ဘာမှကိုပေါ်မလာဘူးဆိုရင် ကြိုးမကောင်းလို့ လား ပါဝါပလပ်ကြိုးက မကောင်းလို့ လား…ဒါဆိုရင် တခြားကွန်ပျူတာ တစ်လုံးမှာ မော်နီတာကို သွားစမ်းတပ်ကြည့်ပါ..အကောင်းပကတိအတိုင်း စက်ကတက်လာတယ် မော်နီတာ အလုပ်လုပ်တယ်ဆိုလျင် data ကြိုး ပါဝါကြိုး တစ်ခုခု မကောင်းတာဖြစ်နိုင်ပါတယ်..တခြားစက်မှာလည်း မတက်ဘူး အရင်အတိုင်းပဲ screen မှာ ဘာမှပေါ်မလာဘူးဆိုလျင်တော့ မော်နီတာပျက်တယ်လို့ ယူဆနိုင်ပါပြီ..မော်နီတာ ပျက်ရခြင်း အကြောင်းရင်းမှာ သက်တမ်းကြာလို့ ပျက်စီးတာရယ် circuit ပိုင်း အရပျက်စီးတာရယ်ကြောင့် ဖြစ်တာများပါတယ်..ဖြစ်တတ်သောလက်ခဏာ များမှာ မော်နီတာတွင် အနီရောင် အစိမ်းရောင် အပြာရောင် color တစ်ခုခုတက်လာခြင်း..ကာလာများရောထွေးပြီး မငြိမ်မသက်ဖြစ်ခြင်း သုံးပြီးလို့  တစ်နာရီလောက်ကြာတဲ့အခါ အစိမ်းရောင် screen တက်လာခြင်း(CRT မှာအဖြစ်များလေ့ရှိ) ပုံရိပ်များထပ်နေခြင်း ..များဖြစ်တတ်ပါတယ် ရုတ်တရက် မီးအားဆောင့်တက်လို့  power surge ဖြစ်ခြင်း ကြောင့်လည်း မော်နီတာများ ပျက်စီးတတ်ပါတယ်..မော်နီတာ မကောင်းတော့သည့်ပုံများ အောက်တွင် လေ့လာနိုင်ပါတယ်..

 


မော်နီတာမကောင်းတော့ရင် မော်နီတာမကောင်းတော့ဘူးဆိုတာသေချာရင် အသစ်သာဝယ်လဲလိုက်ပါ... ကိုယ်က ကျွမ်းကျင်တဲ့ Electronic သမားမဟုတ်ရင် CRT လို tube မျိုးကိုဖွင့်ဖို့ မကြိုးစားပါနဲ့ လို့ ပြောပါရစေ… မော်နီတာဟာ AC power ကို သီးသန့် သုံးပါတယ် ဒါက LCD ရော CRT ရောဖြစ်ပါတယ်..ဒါကြောင့်သူ့ မှာ မလိုတဲ့ voltage တွေကိုသိုလှောင်ထားတဲ့ high voltage ရှိပါတယ်..high voltage anode ကို discharge လုပ်ပြီးမှသာလျင် ပြုပြင်ခြင်းများပြုလုပ်ရပါတယ်..

စံငြိမ်း

USB သန့် ရှင်းရေးပြုလုပ်ပုံ

USB အသုံးပြုတဲ့အခါမှာ အဖြစ်များတဲ့ ပြဿနာလေးတစ်ခုဖြစ်ပါတယ်။
ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USB ကိုတွေ့ ပြီး ဘာမှကူးလို့မရ၊ ဘာမှလုပ်လို့မရတဲ့ အခါမျိုးမှာ ရှင်းဖို့
နည်းလမ်းလေးပါ။

Start > Run (or) Win+r >regedit ကိုသွားပါ။
HKEY_LOCAL_MACHINE>>SYSTEM Current Control Set>>Control ကိုရှာလိုက်ပါ။
Control ပေါ်မှာ right click နှိပ်ပြီး New>>Key ကို ရွေးလိုက်ပါ။
Storage Device Policies အမည်တပ်လိုက်ပါ။
Storage Device Policies ကို Click ခေါက်ပြီး ညာဘက်မှာ right click နှိပ်ကာ New မှ DWORD ကို Click ပေးပြီး Write Protect ဟု အမည်ပေးလိုက်ပါ။
Write Protect မှာ Doulble click (or) right click နှိပ်ပြီး Modify မှ Value ကို 0 ထည့်ပေးလိုက်ပါ။
Registry Editor ကိုပိတ်ပြီး USB ကိုပြန်ထည့်ကာ အသုံးပြုနိုင်ပါသည်။

Tuesday, September 23, 2014

HTMl ကို သုံး၍ ဂဏန်းပေါင်းစက် တစ်ခု ဖန်တီးခြင်း


 
အောက်က code တွေကို ကော်ပီကူးပြီး notepad ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် Calc.html ဆိုပြီး save လိုက်ပါ။ ဖွင့်ကြည့်လိုက်...
<html>
<head>
<title>Calculator</title>
<HTA:APPLICATION
APPLICATIONNAME="Calculator"
ID="Calc"
VERSION="1.0"
SCROLL="no"
MAXIMIZEBUTTON="no"
SHOWINTASKBAR="no"/>
</head> 
<style> 
.btn{font-family: Arial;
font-size: 12;
color: #000000;
background-color: #FFFFFF;
width: 40;
height: 25;}
.eq {font-family: Arial;
font-size: 12;
color: #000000;
background-color: #FFFFFF;
width: 40;
height: 85;}
.0 {font-family: Arial;
font-size: 12;
color: #000000;
background-color: #FFFFFF;
width: 85;
height: 25;} 
</style> 
<script language="VBScript"> 
Sub Window_OnLoad
Dim width,height
width=270
height=300
self.ResizeTo width,height
box.focus
End Sub 
Function btnb
On Error Resume Next
count = 0
text = box.value
count = Len(box.value)
count = count-1
box.value = Left(box.value, count)
End Function 
Function eq
On Error Resume Next
junk = Eval(box.value)
If (Err.Number <> 0) Then
box.value = Err.Description
Else
box.value = Eval(box.value)
End If
End Function 
Function AddBox(ID)
box.value = box.value&ID
End Function 
Function KPS
If (window.event.keycode = 99) Then
box.value = ""
Else If (window.event.keycode = 13) Then
eq()
Else If (window.event.keycode = 8) Then
btnb()
Else If ((window.event.keycode <> 94) And (window.event.keycode < 40 Or window.event.keycode > 41) And (window.event.keycode < 42 Or window.event.keycode > 57)) Then
window.event.returnvalue = False
Else
cxz.focus
box.value = box.value & Chr(window.event.keycode)
End If
End If
End If
End If
End Function 
</script> 
<body bgcolor="white" onkeypress="KPS">
<table align="center" id="cxz">
<caption><hr>
<b>CALCULATOR</b><hr>
</caption>
<tr>
<td colspan="5" align="center"><input type="text" id="box" size="30" onclick="cxz.focus" readonly>
</tr>
<tr>
<td colspan="2"><input type="button" value="Backspace" class="0" id="btna" onclick="btnb" onmouseover="btna.style.background = '#808080'" onmouseout="btna.style.background = '#FFFFFF'"></td>
<td><input type="button" value="(" class="btn" id="btnz" onclick="AddBox('(')" onmouseover="btnz.style.background = '#808080'" onmouseout="btnz.style.background = '#FFFFFF'"></td>
<td><input type="button" value=")" class="btn" id="btnc" onclick="AddBox(')')" onmouseover="btnc.style.background = '#808080'" onmouseout="btnc.style.background = '#FFFFFF'"></td>
<td><input type="button" value="C" class="btn" id="btnd" onclick="box.value = ''" onmouseover="btnd.style.background = '#808080'" onmouseout="btnd.style.background = '#FFFFFF'"></td>
</tr>
<tr>
<td><input type="button" value="7" class="btn" id="btne" onclick="AddBox('7')" onmouseover="btne.style.background = '#808080'" onmouseout="btne.style.background = '#FFFFFF'"></td>
<td><input type="button" value="8" class="btn" id="btnf" onclick="AddBox('8')" onmouseover="btnf.style.background = '#808080'" onmouseout="btnf.style.background = '#FFFFFF'"></td>
<td><input type="button" value="9" class="btn" id="btng" onclick="AddBox('9')" onmouseover="btng.style.background = '#808080'" onmouseout="btng.style.background = '#FFFFFF'"></td>
<td><input type="button" value="/" class="btn" id="btnh" onclick="AddBox('/')" onmouseover="btnh.style.background = '#808080'" onmouseout="btnh.style.background = '#FFFFFF'"></td>
<td><input type="button" value="^" class="btn" id="btni" onclick="AddBox('^')" onmouseover="btni.style.background = '#808080'" onmouseout="btni.style.background = '#FFFFFF'"></td>
</tr>
<tr>
<td><input type="button" value="4" class="btn" id="btnj" onclick="AddBox('4')" onmouseover="btnj.style.background = '#808080'" onmouseout="btnj.style.background = '#FFFFFF'"></td>
<td><input type="button" value="5" class="btn" id="btnk" onclick="AddBox('5')" onmouseover="btnk.style.background = '#808080'" onmouseout="btnk.style.background = '#FFFFFF'"></td>
<td><input type="button" value="6" class="btn" id="btnl" onclick="AddBox('6')" onmouseover="btnl.style.background = '#808080'" onmouseout="btnl.style.background = '#FFFFFF'"></td>
<td><input type="button" value="*" class="btn" id="btnm" onclick="AddBox('*')" onmouseover="btnm.style.background = '#808080'" onmouseout="btnm.style.background = '#FFFFFF'"></td>
<td rowspan="3"><input type="button" value="=" class="eq" id="btnn" onclick="eq" onmouseover="btnn.style.background = '#808080'" onmouseout="btnn.style.background = '#FFFFFF'"></td>
</tr>
<tr>
<td><input type="button" value="1" class="btn" id="btno" onclick="AddBox('1')" onmouseover="btno.style.background = '#808080'" onmouseout="btno.style.background = '#FFFFFF'"></td>
<td><input type="button" value="2" class="btn" id="btnp" onclick="AddBox('2')" onmouseover="btnp.style.background = '#808080'" onmouseout="btnp.style.background = '#FFFFFF'"></td>
<td><input type="button" value="3" class="btn" id="btnq" onclick="AddBox('3')" onmouseover="btnq.style.background = '#808080'" onmouseout="btnq.style.background = '#FFFFFF'"></td>
<td><input type="button" value="-" class="btn" id="btnr" onclick="AddBox('-')" onmouseover="btnr.style.background = '#808080'" onmouseout="btnr.style.background = '#FFFFFF'"></td>
</tr>
<tr>
<td colspan="2"><input type="button" value="0" class="0" id="btns" onclick="AddBox('0')" onmouseover="btns.style.background = '#808080'" onmouseout="btns.style.background = '#FFFFFF'"></td>
<td><input type="button" value="." class="btn" id="btnt" onclick="AddBox('.')" onmouseover="btnt.style.background = '#808080'" onmouseout="btnt.style.background = '#FFFFFF'"></td>
<td><input type="button" value="+" class="btn" id="btnu" onclick="AddBox('+')" onmouseover="btnu.style.background = '#808080'" onmouseout="btnu.style.background = '#FFFFFF'"></td>
</tr>
</table>
</body>
</html> 
အပျော် အနေနဲ့ပဲဖြစ်ဖြစ် html code တွေကို လေ့လာချင် လို့ပဲဖြစ်ဖြစ်ပါ။

လိပ်လိုနှေးနေတဲ့ ကွန်ပျုတာ Speed ကို ဒုံးပျံလို မြန်အောင်လုပ်နည်း(၅)နည်း


ပထမဆုံးနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...

ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..

တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.



စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..

နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..

Credit > Original Poster

Saturday, September 13, 2014

သိမှတ်သင့်သော စကားလုံးတစ်ချို့

သိမှတ်သင့်သော စကားလုံးတစ်ချို့  (၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။  (၂) CDMA ဆိုတာကတော့ Code Division Multiple Access  ဖြစ်ပါတယ်။  (၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။  (၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။  (၅) PDF ဆိုတာကတော့ Portable Document Format  ဖြစ်ပါတယ်။  (၆) CD ဆိုတာကတော့ Compact Disk  ဖြစ်ပါတယ်။  (၇) DVD ဆိုတာကတော့ Digital Versatile Disk  ဖြစ်ပါတယ်။  (၈) HTML ဆိုတာကတော့ Hyper Text Markup Language  ဖြစ်ပါတယ်။  (၉) WML ဆိုတာကတော့ Wireless Markup Language  ဖြစ်ပါတယ်။  (10) GPRS ဆိုတာကတော့ General packet Radio Service  (11) LAN ဆိုတာကတော့ Local Area Network  (12) WLAN ဆိုတာကတော့ Wireless Local Area Network  (13) SIM ဆိုတာကတော့ Subscriber Identity Module  (14) USB ဆိုတာကတော့ Universal Serial Bus  ဖော်ပြပါ ရှင်းလင်းချက်များသည် အဓိက အသုံးများသော အရာများ ကိုပင် ဖော်ပြ ထားတာ ဖြစ်ပါတယ်။ တစ်ခြားသော အရာများ ကျန်ရှိပါ သေးတယ်။  ကျော်လင်းနိုင် (ရိုးရာလေး) www.yoyarlay.com  #kln_yyl #knowledge_yyl


(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။
(၂) CDMA ဆိုတာကတော့ Code Division Multiple Access ဖြစ်ပါတယ်။
(၃) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။
(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။
(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။
(၆) CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။
(၇) DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။
(၈) HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။
(၉) WML ဆိုတာကတော့ Wireless Markup Language ဖြစ်ပါတယ်။
(10) GPRS ဆိုတာကတော့ General packet Radio Service
(11) LAN ဆိုတာကတော့ Local Area Network
(12) WLAN ဆိုတာကတော့ Wireless Local Area Network
(13) SIM ဆိုတာကတော့ Subscriber Identity Module
(14) USB ဆိုတာကတော့ Universal Serial Bus
ဖော်ပြပါ ရှင်းလင်းချက်များသည် အဓိက အသုံးများသော အရာများ ကိုပင်
ဖော်ပြ ထားတာ ဖြစ်ပါတယ်။ တစ်ခြားသော အရာများ ကျန်ရှိပါ
သေးတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Dropbox Error ဖြစ်ရတဲ့အကြောင်း နှင့် Dropbox Error မဖြစ်ရန် ကာကွယ်နည်း

Dropbox Error ဖြစ်ရတဲ့အကြောင်း နှင့် Dropbox Error မဖြစ်ရန် ကာကွယ်နည်း  မြန်မာနိုင်ငံက လူတွေ တော်တော်များများမှာ မိုဘိုလ်ဖုန်း ရဲ့ SD Card ထက် Online Store တစ်ခုဖြစ်တဲ့ Dropbox ကို အသုံးများလာကြပါတယ်။  ဒီ Dropbxo က မိမိ မိုဘိုင်းဖုန်း ထဲမှ ဆော့ဝဲ သီချင်း ဗီဒီယို စာအုပ် အစရှိ တဲ့ ပစ္စည်း တွေကို Online Store ဖြစ်တဲ့ Dropbox မှာ Gmail or password ကို ထည့်သွင်း၍ account ပြုလုပ်နိုင်ပါတယ်။ mobile phone နဲ အကောင့်န် လုပ်ရင် 2 GB ထိကို Upload တင်ပြီး သိမ်းထား၍ ရပါတယ်။ ပြီးရင် လည်း မိမိ အသိတွေကို ဆော့ဝဲ link ကို Copy ကူးပြီး paste တချက်ချ၍ ပို့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ Computer နဲ Dropbox အကောင့်န် ကို လုပ်မည် ဆိုရင် 50 GB ထိ ရအောင်လုပ်နိုင်ပါတယ်..100 GB ထိလည်း လုပ်နိုင်ပါသေးတယ်။  $ဒေါ်လာ နဲလည်း ဝယ်ယူလို့ရပါတယ်. 50 GB ထိ Dropbox ကို ရယူချင်ရင် အောက်link မှာ PDF ကိုရယူနိုင်ပါပြီး http://pc.cd/jeW ဒီ Dropbox က Error အမျိုးမျိုး နဲ တွေရပါတယ် ။ ဒီ error ကို ဖြေရှင်းနိုင်ဖို့က Download ယူသူတွေ လုပ်ရမှာ မဟုတ်ပါဘူး Link ပေးတဲ့ dpx အကောင်န့် ပိုင်ရှင်က ကာကွယ် ရမှာလည်းဖြစ်ပါတယ်။ Dropox မှာ 2 GB ရရှိထားသူတွေက 2 GB ပြည့်တဲ့ ထိကို Upload တင်လိုက်ရင် Dropbox ကို ကားတိုက်နေပြီး error (509) ပြနေပါမယ်..။ မိမိ Dropbox account မှာ အပြင် New File တွေ အများကြီး လုပ်ထားပါက ခုနလေးနဲ error ကျပါတယ် အပြင် New File ကို ၃ ဖိုင်လောက်ထားပြီးတော့ အထဲမှာ ကြိုက်သလို file လုပ်ရင်လောက် Error မဖြစ်လောက်တော့ပါဘူး ပြီးရင်လည်း မိမိ upload တင်ပြီးတဲ့ ဆော့ဝဲကို Link ယူပြီးရင် တစ်ဖိုင်နဲ တစ်ဖိုင်ကို Move နဲ ပြောင်လိုက်ပါက error ဖြစ်နိုင်သလို Rename ဆော့ဝဲကို နာမည်ပြန်ပြောင်းရင်လည်း ယူထားတဲ့ link က error ကျပါတယ်.။ Copy ယူထားတဲ့ file နေရာ ပြန်ထည့်ပေးလိုက်ရင်ဖြင့် တစ်ရက် နှစ်ရက်ဆိုရင် error ကင်းပါပြီ။  File ကို Copy ယူပြီး Remove လုပ်လိုက်ရင်လည်း error ကလုံးဝ ဖြစ်ပါတယ် Dropbox apk ကိုတော့ iPhone လည်းအသုံးပြုလို့ရနိုင်ပြီး Android OS တွေ တွက်ကတော့ google play store ၌ ဒေါင်းယူနိုင်ပါတယ်..။ Dropbox ကို စည်းကမ်းရှိရှိ အသုံးပြုနိုင်ရင် Error ကင်းတယ်ဆိုတာ သုံးသပ်လိုက်ရပါကြောင်း...။  Credit: Ar Kar(အာကာ)ဆော့ဝဲလမ်းညွန်

မြန်မာနိုင်ငံက လူတွေ တော်တော်များများမှာ
မိုဘိုလ်ဖုန်း ရဲ့ SD Card ထက် Online Store တစ်ခုဖြစ်တဲ့ Dropbox ကို အသုံးများလာကြပါတယ်။
ဒီ Dropbxo က မိမိ မိုဘိုင်းဖုန်း ထဲမှ ဆော့ဝဲ သီချင်း ဗီဒီယို စာအုပ်
အစရှိ တဲ့ ပစ္စည်း တွေကို Online Store ဖြစ်တဲ့
Dropbox မှာ Gmail or password ကို ထည့်သွင်း၍ account ပြုလုပ်နိုင်ပါတယ်။ mobile phone နဲ အကောင့်န် လုပ်ရင် 2 GB ထိကို Upload တင်ပြီး သိမ်းထား၍ ရပါတယ်။
ပြီးရင် လည်း မိမိ အသိတွေကို ဆော့ဝဲ link ကို Copy ကူးပြီး paste တချက်ချ၍ ပို့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ Computer နဲ Dropbox အကောင့်န် ကို လုပ်မည် ဆိုရင် 50 GB ထိ ရအောင်လုပ်နိုင်ပါတယ်..100 GB ထိလည်း လုပ်နိုင်ပါသေးတယ်။



$ဒေါ်လာ နဲလည်း ဝယ်ယူလို့ရပါတယ်. 50 GB ထိ Dropbox ကို ရယူချင်ရင် အောက်link မှာ PDF ကိုရယူနိုင်ပါပြီး http://pc.cd/jeW
ဒီ Dropbox က Error အမျိုးမျိုး နဲ တွေရပါတယ် ။
ဒီ error ကို ဖြေရှင်းနိုင်ဖို့က Download ယူသူတွေ လုပ်ရမှာ မဟုတ်ပါဘူး Link ပေးတဲ့ dpx အကောင်န့် ပိုင်ရှင်က ကာကွယ် ရမှာလည်းဖြစ်ပါတယ်။
Dropox မှာ 2 GB ရရှိထားသူတွေက 2 GB ပြည့်တဲ့ ထိကို Upload တင်လိုက်ရင် Dropbox ကို ကားတိုက်နေပြီး error (509) ပြနေပါမယ်..။
မိမိ Dropbox account မှာ အပြင် New File တွေ အများကြီး လုပ်ထားပါက ခုနလေးနဲ error ကျပါတယ် အပြင် New File ကို ၃ ဖိုင်လောက်ထားပြီးတော့ အထဲမှာ ကြိုက်သလို file လုပ်ရင်လောက် Error မဖြစ်လောက်တော့ပါဘူး
ပြီးရင်လည်း မိမိ upload တင်ပြီးတဲ့ ဆော့ဝဲကို Link ယူပြီးရင် တစ်ဖိုင်နဲ တစ်ဖိုင်ကို Move နဲ ပြောင်လိုက်ပါက error ဖြစ်နိုင်သလို Rename ဆော့ဝဲကို နာမည်ပြန်ပြောင်းရင်လည်း ယူထားတဲ့ link က error ကျပါတယ်.။ Copy ယူထားတဲ့ file နေရာ ပြန်ထည့်ပေးလိုက်ရင်ဖြင့် တစ်ရက် နှစ်ရက်ဆိုရင် error ကင်းပါပြီ။
File ကို Copy ယူပြီး Remove လုပ်လိုက်ရင်လည်း error ကလုံးဝ ဖြစ်ပါတယ် Dropbox apk ကိုတော့ iPhone လည်းအသုံးပြုလို့ရနိုင်ပြီး Android OS တွေ တွက်ကတော့ google play store ၌ ဒေါင်းယူနိုင်ပါတယ်..။
Dropbox ကို စည်းကမ်းရှိရှိ အသုံးပြုနိုင်ရင် Error ကင်းတယ်ဆိုတာ သုံးသပ်လိုက်ရပါကြောင်း...။
Credit: Ar Kar(အာကာ)ဆော့ဝဲလမ်းညွန်

Friday, September 12, 2014

သင့်ကွန်ပျူ တာမှ ဖိုင်များကို ခြေရာခံမရအောင် ဖျောက်ဖျက်နည်းများ

သင့်ကွန်ပျူတာမှာ ဖိုင်တစ်ခုကို ခြေရာခံမရအောင် ဖျောက်ဖျက်ချင်ရင်တော့ သမားရိုးကျနည်းဖြစ်တဲ့ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်ရုံနဲ့ မရပါဘူး။

သင့်ကွန်ပျူ တာက အမှိုက်ပုံးဟာ Desktopပေါ်ကနေသာ ဖိုင်တစ်ခုကို ရှင်းလင်းပေးတာပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို ရှင်းလင်းလိုက်ရင်တောင် အဲဒီဖိုင်ကို ဖျက်ပေးတာမဟုတ်ဘဲ ဖိုင်သိမ်းထားတဲ့ လမ်းကြောင်းကိုသာ ဖျက်ပေးတာပါ။ ဖိုင်ဟာ သင့် Hard Driveထဲမှာ ရှိနေတုန်းပါပဲ။ ပြန်လည်ရယူဖို့ ခက်ခဲပေမယ့် ရယူနိုင်တဲ့ ဆော့ဝဲတွေရှိနေပါတယ်။

ဖိုင်တစ်ခုကို ပြန်ရှာမရအောင် ဖျက်ချင်ရင်တော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေရှိနေပါတယ်။ အဲဒီဆော့ဝဲတွေက အပြီးတိုင်ဖျက်ချင်တဲ့ဖိုင်ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ Overwriteလုပ်လိုက်တာပါ။


Eraserက ဝင်းဒိုးကွန်ပျူတာက ဖိုင်တွေကို ရှာဖွေပေးပြီး ဖိုင်ရဲ့ လမ်းကြောင်းကို မဖျက်ခင် တစ်နည်းအားဖြင့် ဖိုင်ကို မဖျက်ခင်မှာ သူ့ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ အစားထိုးလိုက်တာပါ။ Eraserကို အင်စတော လုပ်ပြီးတာနဲ့ ဖျက်ချင်တဲ့ ဖိုင်အပေါ်မှာ Right-Clickနှိပ်ပြီး Eraser Iconကို နှိပ်ပါ။ ပြီးရင် Eraseကို နှိပ်ပါ။

ဖျက်ချင်တဲ့ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ အကြိမ် ၂၀ ဆိုရင်တော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ၂ ကြိမ်၊ ၃ ကြိမ်နဲ့လည်း အလုပ်ဖြစ်ပါတယ်။

ဖိုင်ကို Overwriteလုပ်ပြီးတာနဲ့ ခြေရာခံ ပြန်ရှာလို့ မရတော့တာကို သတိပြုပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို Eraserကို ဖျက်ခိုင်းဖို့နဲ့ အချိန်သတ်မှတ်ပြီး အလိုအလျှောက်ဖျက်ဆီးဖို့ ခိုင်းစေနိုင်ပါတယ်။


ဖိုင်တွေကို သာမာန်အတိုင်းဖျက်ဆီးပြီးပြီ ဆိုရင် ဒါမှမဟုတ် ကွန်ပျူတာထဲမှာ အစဖော်မရအောင် ဖျက်ချင်တဲ့ ဖိုင်တွေရှိရင် CCleanerကို အခမဲ့သုံးနိုင်ပါတယ်။

CCleanerက အမှိုက်ပုံး၊ ဘရောက်စာ ၊ ဖိုဒါ စတဲ့ သင့်ကွန်ပျူတာမှ Appsတွေနဲ့ သီးခြားနေရာများမှဖိုင်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေရဲ့ ဒေတာတွေကို ရှင်းထုတ်ပြီး နေရာလွတ်အဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

Eraserလိုပဲ CCleanerကလည်း Overwriteဘယ်နှစ်ကြိမ်လုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ နေရာလွတ်များရရှိပြီး အသုံးပြုနိုင်ပါပြီ။


Apple Computerမှာ ဖိုင်တွေကို အပြီးတိုင်ဖျက်ဖို့တော့ အခြား ဆော့ဝဲတွေမလိုအပ်ပါဘူး။ ဖိုင်ကို Drag ဆွဲပြီး အမှိုက်ပုံးထဲထည့်လိုက်တာနဲ့ အပြီးတိုင် ဖျက်ပေးမှာပါ။ ပြီးရင် Finder>Secure Empty Trashကို နှိပ်လိုက်ရုံပါပဲ။ Hard Driveတစ်ခုလုံးကို စိတ်ချလက်ချဖျက်ချင်ရင် Disk Utility Appကို ဖွင့်ပြီး Eraseကို နှိပ်ပါ။ ပြီးရင် Security Optionsကို နှိပ်ပါ။

ဒီဖြစ်စဉ်ကို လျှင်မြန်ချင်ရင်တော့ FileShredder ကို ၃.၃၉ ဒေါ်လာနဲ့ ဝယ်ယူအသုံးပြုပါ။ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်ရမယ့် အစား Appကို သုံးပြီး Overwriteနဲ့ Deleteလုပ်နိုင်ပါတယ်။

ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာကို စဉ်းစားစရာမလိုဘဲ FileShredderက ဖျက်ရမယ့်ဖိုင်ဟာ ဘယ်နှစ်ကြိမ် Overwriteလုပ်ရမလဲ ဆိုတာသူ့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။
 

Thursday, September 11, 2014

Gmail လိပ်စာ ၅ သန်းရဲ့ Passwords တွေကို ရုရှားဟက်ကာတွေ ထုတ်ပြန်

ရုရှား ဟက်ကာတွေက ဂျီမေးလ် လိပ်စာ ၅ သန်းနီးပါးရဲ့ Password တွေကို အွန်လိုင်းပေါ် တင်ပြီး ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စဟာ ဂျီမေးလ် Gmail သုံးသူတွေအတွက် သတင်း ဆိုးလည်း ဖြစ်သလို သတင်းကောင်းလည်း ဖြစ်ပါတယ်။

အခုလို ဂျီမေးလ်လိပ်စာပေါင်း ၄၉၂၉၀၉၀ ရဲ့ Password တွေနဲ့ တကွ လူတကာ သိအောင် ရုရှား ဟက်ကာတွေက တင် လိုက် တာကြောင့် ဒီစာရင်းထဲမှာ ကိုယ့်လိပ်စာ ပါသလားဆိုတာ ကြည့်ပြီး မပါခဲ့ဘူး ဆိုရင်တော့ သင်အတွက် ဒါဟာ တကယ့် သတင်းကောင်း ဖြစ်ပါတယ်။ 


အဲဒီ စာရင်းထဲမှာ သင့်လိပ်စာ ပါခဲ့တယ်ဆိုရင်လည်း သတင်းဆိုးလို့ ပြောလို့ရပေမယ့် အခု ထုတ်ပြန်ပေး လိုက်တဲ့ Passwords တွေက အဟောင်းတွေဖြစ်နေတာမိုပ အကောင်းဘက်က ပြန်တွေးကြည့် ရင်လည်း သတင်းကောင်း ဖြစ်ပါလိမ့်မယ်။

ဒီအပြင် သင့်အနေနဲ့ နောင်အခါမှာ အားနည်း ချက်ရှိနေတဲ့ Password မျိုးကို ရှောင်ရှား နိုင်မှာမို့ဖြစ် ပါတယ်။ 

ဒိန်းမတ် က အွန်လိုင်း နည်းပညာလုံခြုံရေးပညာရှင်အဖွဲ့ CSIS က ပြောတာက အခု ထုတ်ပြန်လိုက်တဲ့ Passwords အများ စုဟာ လွန်ခဲ့တဲ့ ၃ နှစ်က Passwords တွေ ဖြစ်တယ်လို့ တွေ့ရှိထားတယ်ဆိုပါတယ်။ 

Gmail သုံးစွဲနေသူပေါင်း ကမ္ဘာတ၀န်းမှာ သန်း ၅၀၀ ကျော် ရှိပါတယ်။ ဒီအထဲက ၅ သန်းလောက်ရဲ့ လိပ်စာနဲ့ Passwords တွေကို ရုရှား ဟက်ကာတွေက ထုတ်ပြန်ခဲ့တာပါ။ 

 ဒီကိန်းဂဏန်းကို ကြည့်တာနဲ့ ဂျီမေးလ်သုံးစွဲသူ ၁ ရာခိုင်နှုန်းရဲ့ Passwords တွေဟာ အားနည်းချက် ရှိနေတယ်ဆိုတာ ဖော် ပြတာလို့ ရာဟူးသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

ဒီတော့ ဂျီမေးလ်သုံးသူတွေအနေနဲ့ အခါအားလျော်စွာ မိမိရဲ့ Passwords ကို အပြောင်းအလဲ လုပ်ပေးဖို့ လိုသလို အခု နောက်ပိုင်း Gmail ရဲ့ two-step verification စနစ်ကိုလည်း သုံးဖို့ လိုပါလိမ့်မယ်။ 

ဒါဟာ တယ်လီဖုန်းနံပတ်နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ ဟက်ကာတယောက်က ကိုယ့်ဂျီမေးလ်ကို ဖောက်ဖို့ ကြိုးစားတဲ့အခါ တယ်လီဖုန်းကို မက်ဆေ့ခ်ျ ၀င်လာပြီး ကိုယ့်အနေနဲ့လည်း သိနိုင်သလို ဟက်ကာတွေလည်း ဆက်ဖောက်ဖို့ အလွန်ခက်ခဲ သွားမှာပါ။  (မြန်မာပြည်မှာတော့ တယ်လီဖုန်းထဲ ပြည်ပ မက်ဆေ့ခ်ျ ဝင်ခွင့် မပြုသေးတာကြောင့် ဒီနည်းက ဟန်မကျသေးပါ)

ရုရှားဟက်ကာတွေ ထုတ်ပြန်လိုက်တဲ့ ဂျီမေးလ် လိပ်စာ စာရင်းက ဒီနေရာမှာ  google_5000000.7z 
ဒေါင်းလုပ် လုပ်ပြီး ကြည့်နိုင် ပါတယ်။ ဒါပေမယ့် ဖိုင်ဆိုက်က အလွန်ကြီးတယ်လို့ အသိပေးထားပါရစေ။ 


အိမ့်သံစဉ် ~

Wednesday, September 10, 2014

Internal Memory နဲတဲ့ဖုန်းတွေမှာ Memory မြှင့်နည်း


မိမိဖုန်းက internal memory နဲနဲလေးပါတဲ့ဖုန်းဆို အရမ်းစိတ်ညစ်ရပါတယ်...app နဲနဲလေးထည့်လိုက်တာနဲ့ပဲ
ပြည့်သွားပါတယ်... link2Sd တွေကလည်း အာရုံနောက်ပါတယ် ဟီး

လိုအပ်ချက်:-

1. ဖုန်းက Root လုပ်ထားရပါမယ်
2.Root Explorer လေးလိုပါတယ်..
 
ပြုလုပ်ပုံအဆင့်ဆင့် :- 1. Root Explorer ကိုဖွင့်လိုက်ပါ။
2.  system/etc folder ဆီသွားပါ..ထိပ်နားလေးက rw(read/write) ကို touch လုပ်ပြီး mount လုပ်ပါ
3.  vold.fstab file လေးကိုရှာပြီး SD card ထဲကို ကော်ပီလုပ်ပါ။
4. ဒီအဆင့်က Text Editor တစ်ခုခုနဲ့လုပ်နိုင်ပါတယ် ကျွန်တော်က pc ပဲအားရလို့ pc နဲ့လုပ်ပါတယ်
5. အောက်ကစာသားလေးတွေကိုရှာပါ။ မျဉ်းတားပြထားပါတယ်
How to Increase Internal Memory of Android How to Increase Internal Memory of Android
6.  sdcard ဆိုတဲ့နေရာကို ext_card လို့ပြင်ရေးပါ ext_card ကိုတော့ sdcard ဆိုပြီး ပြင်ရေးလိုက်ပါ။အောက်ကအတိုင်းပြန်ဖြစ်သွားပါတယ်။.
How to Increase Internal Memory of Android1 How to Increase Internal Memory of Android
7. ပြီးရင် ဖုန်းက  system/etc ကိုပြန်သွားပြီး vold.fstab file ကို  vold.fstab.old  လို့ပြောင်းလိုက်ပါ။
8.စောစော Text တွေ Edit လုပ်ခဲ့တဲ့ vold.fstab file ကို ဒီနေရာမှာ paste လုပ်လိုက်ပါ။ပြီးရင် အဲ့ဖိုဒါပေါ်ကို ခပ်ကြာကြာလေးဖိပြိး “rw_r_ _r_ _”  permission လေးယူပါ။
9. ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။
အကုန်ပြန်ပြောင်းမယ်ဆို အသစ်ထည့်ထားတဲ့vold.fstab file ကိုဖျက်ပြီး နာမည်ပြောင်းထားတဲ့ vold.fstab.old fileကို  vold.fstabလို့ပြောင်းလိုက်ရုံပါပဲ ... Reboot ချပေးလိုက်ပါနော်
ဒါပါပဲ
ကျွန်တော် Huawei Y220t လေးမှာ လက်တွေ့စမ်းသပ်ထားပါတယ်
အမှားပါသွားရင် တောင်းပန်ပါတယ်။
Credit..by
Written by HanWaiLinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

Tuesday, September 9, 2014

Service သမား တစ်ယောက်အနေနဲ့ Andriod နှင့်ပတ်သက်၍ သင်ဒါတွေ သိပီလား


Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊


Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Botloader ရွေးချယ်မှူ

Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊
ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊

Firmware နဲ့ ပက်သက်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install
လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့
Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့
ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊
တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update
လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware
ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊
အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read
Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့
Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash
meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊
ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့
Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို
စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး
ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ
အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary
commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော
အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root
လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်

ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့
အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကို
အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android
ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့
ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့
ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို
အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access
ရဖို့ကြိုးစားကြပါတယ်၊

Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက
ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်
မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က
ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software
Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့
Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊
Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom
ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊
ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်
ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ
သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့
တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့
computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client
ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ
ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊
ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊

Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း
Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊
Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့
ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ
တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)
Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍
ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ
တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို
ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ
ရှော့ချပေးနိုင်ပါတယ်၊

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets
တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

Admin...Yenitharphyolay
Gmail...yenihackerlay@gmail.com
Facebook Name...B Black Ruby

အဆင်ပြေပါစေ..