Wednesday, January 7, 2015

စားလို့ ပြတ် မပြတ် အမြန် တွက်နည်း

ကိန်းဂဏန်း အရှည်ကြီး ကို 2, 3, 4, 5, 6 နှင့် စားလျှင် ပြတ် မပြတ် အမြန် တွက်တတ်ပါသလား ???


2 က တော့ အားလုံး သိပြီးသားပေါ့  ... နောက်ဆုံးဂဏန်း 2 4 6 8 0 နဲ့ ဆို စားပြတ်ပါတယ်။
3 ကျတော့ ရော ဘယ်လို လုပ်မလဲ ?? လုပ်တတ်လား ??
ဥပမာနဲ့ ပြမယ်ဆိုရင် 64374 ကို 3 နဲ့ စားပြတ်လား သိချင်ရင် အရင်ဆုံး ကိန်းမှ ဂဏန်းတွေအားလုံးပေါင်း 6+4+3+7+4=24 ရတယ်။
24 က 3 နဲ့ စားပြတ်တယ် ဆိုတော့ 64374 က 3 နဲ့ စားပြတ်ပါတယ်။

4 ကျတော့ ကိန်းမှ ဂဏန်းကို နောက်ဆုံး နှစ်လုံးဘဲ ယူပြီး စားကြည့် ပြတ်ရင် ရတယ်။
ဥပမာ ပေးရရင် 34676756 မှ နောက်ဆုံး 56 ကို 4 နှင့်စားတော့ ပြတ်တယ်။
ဒါကြောင့် 34676756 က 4 နှင့် စားပြတ်ပါတယ်။
5 ကတော့ အားလုံးသိတဲ့ အတိုင်းဘဲ။ နောက်ဆုံးဂဏန်း 0 နဲ 5 ဆိုရင် ပြတ်တယ်။

6 ကျတော့ 2 and 3 နှစ်ခုလုံး နဲ့ စားလို့ ပြတ်ရင် အဲဒီ ဂဏန်းကို စားလို့ ပြတ်တယ်။

 Divisibility Tricks
Is the number "N"  divisible by .... 2? 3? 4? 5? 6?
N is divisible by 2 if its last digit is 0, 2, 4, 6, or 8 (that is, last digit is even).N is divisible by 3 if the sum of the digits is also divisible by 3.N is divisible by 4 if the last two digits form a number divisible by 4.N is divisible by 5 if it ends in 0 or 5.N is divisible by 6 if it is divisible by both 2 and 3.

No comments:

Post a Comment