Showing posts with label ကျန်းမာရေး ဗဟုသုတများ. Show all posts
Showing posts with label ကျန်းမာရေး ဗဟုသုတများ. Show all posts
Monday, October 6, 2014
မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ
(ကျန်းမာရေးဗဟုသုတလေးပါခင်ဗျာ)
မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ ကျွန်တော်တို့၏ နေ့စဉ်ဘ၀များတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက်တတ်သည့် ဝေဒနာများကိုစတင်ကြုံတွေ့နေကြရသည်။
မျက်စိညောင်းညာမှုကို လျှော့ချရန်နှင့် မျက်စိပြန်လည် အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
လက်ဖ၀ါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထိကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။ မျက်စိကို လက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်မှ ဖော့ဖော့လေးအုပ်ထားပေးရမည် ဖြစ်သည်။
သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှုကို လျော့ကျစေရန် အထောက်အကူဖြစ်စေသည်။ ကျွန်တော်တို့သည် ရုပ်မြင်သံကြားကြည့်နေချိန် (သို့မဟုတ်) ကွန်ပျူတာဖြင့် အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေ နည်းပါးလေ့ရှိသဖြင့် စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းဖြင့် သင်၏မျက်စိကို အနားပေးလိုက်ပါ။
သင်ရှိနေသော နေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာ ၀တ္ထုတစ်ခုကို ရွေးချယ်ပြီး ယင်းအရာဝတ္ထုတစ်ခုတည်းကို ခေါင်းကိုများစွာ မလှုပ်ရှားဘဲ စက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက်၍ ကြည့်ပါ။
ယင်းနည်းက ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက် ကြွက်သားများကို အနားရစေသည်။
မျက်စိကို တတ်နိုင်သမျှ အကျယ်ဆုံးစက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့် ယင်းကဲ့သို့ လှည့်ပေးပြီး မျက်စိပိတ်ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင် အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့်သက်သာဖြစ်စေရန် အာရုံစိုက်ပါ။
ကွန်ပျူတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏ မျက်စိနှင့်တတ်နိုင်သမျှ ဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ ကြည့်စရာမလိုသော အကွာအဝေးမျိုး ဖြစ်ရမည်။ သင့်အပေါ်ရှိ မီးအလင်းရောင်မှာလည်း လုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်၌ Filter တစ်ထပ်ထပ်ထားခြင်းဖြင့်လည်း သင်၏ မျက်စိအတွက် အထောက်အကူပြုသည်။
Credit:7Day Daily Journal
Sunday, September 21, 2014
ဆံပင်အလှအတွက် သဘာဝနည်းလမ်းများ
-------------------------------------------------
ဆံကေသာ လှပစေရန်အတွက် ခေါင်းလိမ်းဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည် အမျိုးမျိုးသုံးပြီး ထိရောက်မှုမရှိလို့ စိတ်ညစ်သူများအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း (၁)
၁။ ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။
၂။ ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ပါ။
ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကပဲ
ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းပါ။
နည်းလမ်း (၂)
၁။ လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။
၂။ ပြီးရင် အအေးခံလိုက်ပါ။
၃။ ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပါ။
၎။ ( ၅) မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။
နည်းလမ်း (၃)
၁။ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။
၂။ ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။
၃။ နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။
နည်းလမ်း (၄)
၁။ အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။
၂။ ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊ တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးပါ။ ( သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ)
၃။ အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
နည်းလမ်း (၅)
၁။ ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။
၂။ ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ထပ်မွှေပါ။
၃။ ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါ။
၎။ ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။
ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မည်။
သန်စွမ်းနက်မှောင်ပြီး မြင်သူတကာ ငေးယူရလောက်တဲ့ ဆံကေသာအလှများကို ပိုင်ဆိုင်နိုင်ကြပါစေရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။
အဆီများကို အလျင်အမြန်လောင်ကျွမ်းစေနိုင်သည့် အစားအစာ ၁၀ မျိုး
ကျား၊မ မရွေး အဆင်းရူပါလှပဖို့ရန်မှာ မျက်နှာတစ်ခုတည်းပေါ်မှာမူတည်ခြင်းမျိုးမဟုတ်ဘဲ ကိုယ်ခန္ဓာအချိုးကျလှပ ပြေပြစ်ဟာလည်း အလွန်အရေးကြီးပါတယ်။
ရုပ်ရည်ရူပါ အတင့်အသင့်ပင် ရှိသော်ငြား ခန္ဓာကိုယ်အချိုးအစား လှပ ပြေပြစ်သူ ယောကျာ်းလေး၊ မိန်းကလေးတို့ဟာ မိမိတို့ရဲ့ ဆန့်ကျင်ဘက်လိင် ကို ဆွဲဆောင်နိုင်သည်ကိုသဘောပေါက်နားလည်လာကြသည့် လူငယ်အများစုကို ယနေ့ခေတ်အချိန်မှာ ကိုယ်ခန္ဓာလေ့ကျင့်ရေးခန်းမ (Gym) မှာတွေ့မြင်ကြရမှာပါ။ခန္ဓာကိုယ်အ ချိုးအစားလှပဖို့ လေ့ကျင့်ခန်းလုပ်ရာတွင် လက်မောင်း၊ ရင်အုပ်၊ ဗိုက်ကြွက်သားနှင့် ခြေထောက်လေ့ကျင့်ခန်းများကို နည်းစနစ်မှန်မှန်လုပ်ဆောင်မှသာ အချိန်တိုအတွင်းအကျိုးရှိပြီး ခန္ဓာကိုယ်အချိုးအစားလှပလာကြမှာကိုလည်း လေ့ကျင့်ခန်းပြုလုပ်နေသည့် လူငယ်လူရွယ်များ သတိပြုသင့်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်အချိုးအစားကိုပုံပျက်ပ န်းပျက်ဖြစ်စေသည့် ဗိုက်အဆီ ထွက်ခြင်းကို ပြုပြင်သည့် Belly Exercise များ လေ့ကျင့်ယူရသည့်မှာ ခက်ခဲသလို လေ့ကျင့်မှုများကြောင့် အချိုးအစားကျသော ဗိုက်ကြွက်သားများကိုပိုင်ဆိုင် ပြီးသည့်အခါတွင်လည်း အနေအထိုင်အစားအသောက် မဆင်ခြင်ပါက ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရဆိုးစေသည့် ဗိုက်အဆီထွက်ခြင်းကိုပြန်လည်ဖြစ်ပေါ်စေနိုင်တာကြောင့် အစားသောက်များကိုဆင်ခြင်သင့်ပါတ ယ်။
မိမိနေ့စဉ်စားသောက်သော အစားအစာများတွင် အဆီများကိုလျင်မြန်စွာလောင်ကျွမ်းစေနိုင်သည့် အစားအစားများကို ရွေးချယ်စားသောက်နိုင်ပါက ဗိုက်အဆီထွက်ခြင်းကို ကာကွယ်နိုင်တာကြောင့် ယခုတစ်ပတ် NewsWatch ဂျာနယ်ရဲ့ ကျန်းမာရေးကဏ္ဍမှတစ်ဆင့် အဆီများကို အလျင်အမြန်လောင်ကျွမ်းစေနိုင်သည့် အစားအစာ ၁၀ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
၁။ မုယောမုယောဟာ ကောင်းမွန်သော အရသာကိုပိုင်ဆိုင်ထားရုံမက ဆာလောင်မှုဒဏ်ကိုပါလျော့ချစေနိုင်တာကြောင့် မကြာခဏအစား စားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မုယောတွင် အမျှင်ဓါတ်(Fiber) ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရော အချိုးအစားကို ညီမျှစေနိုင်ပါတယ်။
၂။ ဥများ(ကြက်ဥ၊ ဘဲဥ ....) အစရှိတဲ့ ဥများတွင် ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်ပြီး အဆီပိုများကိုဖြစ်စေတတ်သည့် ကယ်လိုရီဓါတ် နည်းပါးစွာပါဝင်နေပါတယ်။ ဥများကိုစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း ကြွက်သားတည်ဆေက်မှုကို အကျိုးဖြစ်ထွန်းစေနိုင်သလို ခန္ဓာကိုယ်အတွက် အကျိုးရှိစေသော ကိုလစ်စထရောဓါတ်များကိုဖြစ်ထွန်းစေပါတယ်။
၃။ ပန်းသီးပန်းသီတွင် တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝ အန်တီအောက်စီဒန့် (Antioxidants) ဓါတ်များ နှင့် အခြားသော အထောက်အကူပြုဓါတ်များပါဝင်ပါတယ် ။ ထူးခြားချက်အဖြစ် ပန်းသီတွင် ခန္ဓာကိုယ်အတွင်း အဆီဆဲလ်များဖြစ်ထွန်းမှုကိုလျော့ ချပေးနိုင်တဲ့ ပက်တင် (Pectin) ဓါတ်များပါဝင်နေတာကြောင့် အဆီချနေသူများအဖြစ် စားသုံးသင့်ပါတယ်။
၎။ ငရုပ်သီးစိမ်းငရုပ်သီးစိမ်းမှာ ခန္ဓာကိုယ်ကြီးထွားမှုကိုဖြစ်ပေါ်ေ စတဲ့ ဆဲလ်များဖွံ့ဖြိုးဖို့နှင့် ကယ်လိုရီဓါတ်များကို လျင်မြန်စွာလောင်ကျွမ်းရာတွင် အထောက်အကူဖြစ်စေတဲ့ ကပ်စိုင်ဆင်(Capsaicin) ဓါတ်တွေပါဝင်ပါတယ်။
၅။ ကြက်သွန်ဖြူကျန်းမာရေးအတွက်များ စွာအထောက်အကူပြုတဲ့ ကြက်သွန်ဖြူမှာ ဗက်တီးရီယားများကိုတိုက်ခိုက်နိုင်သော (Anti bacterial) အစွမ်းသတ္တိများ၊ အဆီများကိုလောင်ကျွမ်းစေနိုင်သော ဓါတ်များနှင့် ဆိုးရွားသော ကိုလက်စထရော ဓါတ်များကို ဖယ်ရှားပေးနိုင်သည့် အယ်လိုင်စင် (Allicin) ဓါတ်များပါဝင်ပါတယ်။
၆။ ပျားရည်ချိုမြိန်သော အရာသာကိုပိုင်ဆိုင်ထားတဲ့ ပျားရည်ဟာ ခန္ဓာကိုယ်အတွင်း အဆီများကိုလောင်ကျွမ်းစေတဲ့ အကောင်းဆုံးအစားအစာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ကို ရေနွေး အနည်းငယ်ဖြင့်ရောစပ်ကာ နေ့စဉ် နံနက်တိုင်း သောက်သုံးသင့်ပါတယ်။
၇။ လက်ဖက်စိမ်းလက်ဖက်စိမ်းဟာ အဆီများကိုလောင်ကျွမ်းစေနိုင်ရုံသာမက ခန္ဓာကိုယ် အလေးချိန် လျော့ချဖို့ရန်အတွက်လည်း အစွမ်းထက်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လက်ဖက်စိမ်းမှာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အန်တီအောက်စီဒန့် (Antioxidants) ဓါတ်များကြွယ်ဝစွာပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ဖက်ခြောက်ကို ရေနွေးကြမ်းအဖြစ်သောက်သုံးကြပေမ ယ့် လက်ဖက်စိမ်းရည်ကို တစ်နေ့ ၂ ခွက်ခန့်သောက်သုံးပါက အကျိုးကျေးဇူးများနိုင်ပါတယ်။
၈။ ဂျုံဂျုံဟာ အလွယ်တကူရနိုင်တဲ့ အကျိုးရှိပစ္စည်းတစ်မျိုးဖြစ်ပါတ ယ်။ ဂျုံမှာ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (metabolism) ကိုထိန်းညှိထောက်ပံပေးသောဓါတ်များနှင့် အဆီကိုလျော့ချပေးနိုင်တဲ့ဓါတ်များပါဝင်ပါတယ်။
၉။ ခရမ်းချဉ်သီးခရမ်းချဉ်သီးဟာ အဆီများကိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ဖို့အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်တဲ့ဓါတ်တွေပါဝင်တာကြောင့် နေ့စဉ်အစားအသောက်များတွင် ခရမ်းချဉ်သီးကို ထည့်သွင်းစားသောက်သင့်ပါတယ်။
၁၀။အနက်ရောင် ချောကလက်အနက်ရောင်ချောက်လက်မှာ သွေးအတွင်းရှိ ကိုလက်စထရောဓါတ်များကို လျော့ချပေးစေနိုင်သည့် ဖလာဗိုနွိုက်(Flavonoids) နှင့် အန်တီအင်ဖလန်မန်ထရီ (anti- inflammatory) ဓါတ်တွေပါဝင်တာကြောင့် သွေးအတွင်းကိုလက်စထရောဓါတ်မျှတေ စရန် စားသုံးသင့်ပါတယ်။ ဒါ့အပြင် အနက်ရောင်ချောကလက်ဟာ သွေးအတွင်းရှိ ဆီရိုတိုနင်(Serotonin) ဓါတ်နှင့် အဆီများကိုလောင်ကျွမ်းစေတဲ့ဓါတ် တွေပါဝင်နေပါတယ်။
Credit to အောင်ဟိန်းခိုင်
ရုပ်ရည်ရူပါ အတင့်အသင့်ပင် ရှိသော်ငြား ခန္ဓာကိုယ်အချိုးအစား လှပ ပြေပြစ်သူ ယောကျာ်းလေး၊ မိန်းကလေးတို့ဟာ မိမိတို့ရဲ့ ဆန့်ကျင်ဘက်လိင် ကို ဆွဲဆောင်နိုင်သည်ကိုသဘောပေါက်နာ
ဒါ့အပြင် ခန္ဓာကိုယ်အချိုးအစားကိုပုံပျက်ပ
မိမိနေ့စဉ်စားသောက်သော အစားအစာများတွင် အဆီများကိုလျင်မြန်စွာလောင်ကျွမ
၁။ မုယောမုယောဟာ ကောင်းမွန်သော အရသာကိုပိုင်ဆိုင်ထားရုံမက ဆာလောင်မှုဒဏ်ကိုပါလျော့ချစေနိုင
၂။ ဥများ(ကြက်ဥ၊ ဘဲဥ ....) အစရှိတဲ့ ဥများတွင် ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်ပြီ
၃။ ပန်းသီးပန်းသီတွင် တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝ အန်တီအောက်စီဒန့် (Antioxidants) ဓါတ်များ နှင့် အခြားသော အထောက်အကူပြုဓါတ်များပါဝင်ပါတယ်
၎။ ငရုပ်သီးစိမ်းငရုပ်သီးစိမ်းမှာ ခန္ဓာကိုယ်ကြီးထွားမှုကိုဖြစ်ပေါ်ေ
၅။ ကြက်သွန်ဖြူကျန်းမာရေးအတွက်များ
၆။ ပျားရည်ချိုမြိန်သော အရာသာကိုပိုင်ဆိုင်ထားတဲ့ ပျားရည်ဟာ ခန္ဓာကိုယ်အတွင်း အဆီများကိုလောင်ကျွမ်းစေတဲ့ အကောင်းဆုံးအစားအစာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ကို ရေနွေး အနည်းငယ်ဖြင့်ရောစပ်ကာ နေ့စဉ် နံနက်တိုင်း သောက်သုံးသင့်ပါတယ်။
၇။ လက်ဖက်စိမ်းလက်ဖက်စိမ်းဟာ အဆီများကိုလောင်ကျွမ်းစေနိုင်ရံ
၈။ ဂျုံဂျုံဟာ အလွယ်တကူရနိုင်တဲ့ အကျိုးရှိပစ္စည်းတစ်မျိုးဖြစ်ပါတ
၉။ ခရမ်းချဉ်သီးခရမ်းချဉ်သီးဟာ အဆီများကိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ဖို့အထောက်အက
၁၀။အနက်ရောင် ချောကလက်အနက်ရောင်ချောက်လက်မှာ သွေးအတွင်းရှိ ကိုလက်စထရောဓါတ်များကို လျော့ချပေးစေနိုင်သည့် ဖလာဗိုနွိုက်(Flavonoids) နှင့် အန်တီအင်ဖလန်မန်ထရီ (anti- inflammatory) ဓါတ်တွေပါဝင်တာကြောင့် သွေးအတွင်းကိုလက်စထရောဓါတ်မျှတေ
Credit to အောင်ဟိန်းခိုင်
ဝိတ်ချလိုသူများအတွက် အကောင်းဆုံး ကီဝီသီးဖျော်ရည်
-----------------------------------------------------------------
ကီဝီသီးဟာ ခန္ဓာကိုယ်အတွင်းမှ အဆီများကို လျှော့ချပေးနိုင်သော သဘာဝဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။
ကီဝီသီးထဲမျာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ လူတို့၏ခန္ဓာကိုယ်အတွင်းမှ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
သဘာဝကီဝီသီးဖျော်ရည်၏ ကောင်းကျိုးများမှာ
-----------------------------------------------------
(၁) ဗိုက်ခေါက်ကအဆီတွေကို တဖြည်းဖြည်းကျလာပြီး ဗိုက်သားကျစ်လာစေပါတယ်။
(၂) မျက်နှာမှာရှိတဲ့ တင်းတိတ်တွေ မျက်နှာအစ်နေတာတွေ အသားအရေ ပွနေတာတွေအား လုံးကျစ်လစ်ကြည်လင်လာတယ် ၀က်ခြံ တင်းတိတ်တွေရှိရင် လုံးဝပျောက်ကင်းစေပါတယ်။
(၃) ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပြီး အာဟာရစုပ်ယူမှုကောင်းခြင်းကြောင့် ဆီးမှန် ၀မ်းမှန်စေကာ ကျန်းမာဖွံ့ ဖြိုး အလှတိုးလာစေပါတယ်။
(၄) သွေးထဲကအဆီဓါတ်တွေစုပ်ယူပေးခြင်း၊ ၀မ်းမှန်ခြင်းတို့ကို ရရှိစေပါမယ်။
(၅) ၀မ်းမှန်လာသည့်အတွက် လိပ်ခေါင်းရောဂါကိုလည်း ကာကွယ်ပေးပြီး အူမကြီးကင်ဆာ မဖြစ်အောင် အဆိပ်အတောက်များကို ကာကွယ်ပေးပါတယ်။
ကီဝီသီးအနံ့ဟာ မွှေးမွှေးလေးနဲ့မို့ သောက်ရတာ စိတ်ချမ်းသာပြီး အရသာလည်း ကောင်းပါတယ်။
ကီဝီသီးကို အာဟာရအဖြစ် စားသုံးပေးနိုင်သလို ဆေးအဖြစ်ကိုလည်း စားသုံးပေးနိုင်ပါတယ်။ ဖျော်ရည်လုပ်ပြီး သောက်သုံးနိုင်သလို ကီဝီသီးဖြင့် ပြုလုပ်ထားသော အသင့်ဖျော်သောက်နိုင်မည့် ဖျော်ရည်မျိုးစုံ၊ ဆေးမျိုးစုံတို့လည်း အသင့်ရှိနေပြီးဖြစ်ပါတယ်။
ခန္ဓာကိုယ် ၀ိတ်ချဖို့အတွက် တကယ်ထိရောက်အောင် လုပ်ချင်တယ်ဆိုရင် အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်စေမည့် PHYTOVY (ဆိုင်တိုဗီ) ဆိုတဲ့ ကီဝီသီးဆေးဖျော်ရည်ကို ညွန်ပေးလိုက်ပါတယ်။ ကိုယ်တိုင်သောက်ကြည့်ပြီး တကယ်ထိရောက်စွာ အကျိုးရှိခဲ့လို့ ကိုယ်တွေ့လေးကို ပြန်လည်မျှဝေပေးသည့် သဘောဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိက တကယ်ကို ၀ိတ်ချချင်တယ်ဆိုရင် ဆေးပညာရှင် ပါရဂူကြီးများမှ သေချာစွာဓါတ်ခွဲစမ်းသပ်ပြီး နှစ်ပေါင်းများစွာ လေ့လာကာ
အောင်မြင်စွာ ဖော်စပ်ထားတဲ့ PHYTOVY (ဆိုင်တိုဗီ) ကီဝီသီးဆေးရည်ကို သောက်သုံးတာဟာ အသင့်တော်ဆုံးလို့ အကြံပြုချင်ပါတယ်။
အဲဒီဆေးဗူးထဲမှာဆိုရင် သောက်သုံးရမည့် အချိန်အဆ၊ အတိုင်းအတာ၊ ရှောင်ရန်၊ ဆောင်ရန် စသည်တို့ကိုပါ အတိအကျ ညွန်းထားသည့်အတွက် ထိရောက်မှု ပိုမိုရရှိကာ ဘေးထွက်ဆိုးကျိုးလည်း မရှိသည့်အတွက် စိုးရိမ်စရာမလိုပဲ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။
PHYTOVY (ဆိုင်တိုဗီ) ဆေးဟာ ထိုင်းနိုင်ငံ ဘုရင့်ဆေးရုံမှ ဒေါက်တာဆစ်ဒ၀ီကိုယ်တိုင် သဘာဝအသီးတွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတာဖြစ်သည့်တယ်လို့ သိရပါတယ်။
၎င်းဆေးကို တစ်ဗူးသောက်ယုံနဲ့ ၅ ပေါင်အထိ ကျနိုင်ပါတယ်။ ဆေးညွန်းအတိုင်း ဆက်ပြီး သောက်သွားပါက ပေါင် ၂၀ အထိ ကျနိုင်ပါတယ်။ မျက်နှာပေါ်မှ အစက်အပြောက်များနှင့် ၀က်ခြံများကို ကင်းဝေးစေပြီး မြင်သူတကာ ငေးမောယူရတဲ့ အလှပိုင်ရှင်လေးများအဖြစ် သိသာစွာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
(ဆေးသောက်ရမည့် အချိန်အဆ၊ အတိုင်းအတာနှင့် ရှောင်ရန်၊ ဆောင်ရန်များကို
ဆေးဗူးထဲမှာ အညွန်းများအပြည့်အစုံ ပါရှိထားသည့်အတွက် ဖတ်ကြည့်နိုင်ပါတယ်။
မိမိကတော့ အကြံပြုရုံသက်သက်မျှသာ ဖြစ်ပါတယ်။ )
၎င်းဆေးကို မှာယူလိုပါက ဆေးကမ္ပဏီမှ ရန်ကုန်မြို့တွင်း အခမဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။ အသေးစိပ် မေးမြန်းလိုပါက 09420021954 ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
မိမိသည် ၀ိတ်ချဆေးအမျိုးမျိုးစားပြီး လေ့ကျင့်ခန်းကို ကြာရှည်စွာ လုပ်ခဲ့သော်လည်း လူပင်ပန်းပြီး အချိန်သာ ကုန်သွားခဲ့ပါတယ်။ အခု ဒီဆေးကို သောက်ကြည့်လိုက်တော့မှ ဆေးတစ်ဗူးတည်းနှင့် သိသာစွာ ၀ိတ်ကျလာခဲ့သလို လေ့ကျင့်ခန်းလည်း အရင်လို အပြင်းအထန်လုပ်စရာ မလိုတော့ပဲ နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးရုံနှင့် ၀ိတ်ကျသွားပြီး အသားအရည်လည်း စိုပြေလာပါတယ်။
တကယ်လက်တွေ့ကောင်းမွန်တဲ့ ဆေးလေးမို့ အများသိအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
ကီဝီသီးဟာ မြန်မာပြည်မှာ ပေါပေါများများမရှိသော်လည်း ရန်ကုန်နှင့် မန္တလေးတို့လို စူပါမားကက်ရှိသည့်နေရာများမှာ ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ပိုလျှံနေသော အဆီများကို လျှော့ချပြီး ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်င်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
အိပ်ရေးပျက်ပေါင်းများလျှင် လူကိုလျင်မြန်စွာ အိုမင်းရင့်ရော်စေနိုင်
--------------------------------------------------------------------------
နယူးယောက်သတင်းစား၏ အဆိုအရ အကောင်းဆုံးအလှပြင်နည်းသည် အိပ်ရေးဝအောင် ကောင်းစွာအိပ်စက်ခြင်းဟာ တစ်ခုအပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။
အကြောင်းကတော့ ညဖက်မှာ လုံလောက်စွာ မအိပ်စက်ရသူများဟာ အခြားသူများထက် ရုပ်ရည်အရွယ်အားဖြင့် များစွာအိုမင်းရင့်ရော်ပုံကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ရေရှည်အိပ်ရေးပျက်ဆက်နေသူတွေဟာ မျက်ခွံမို့ဖောင်းခြင်း၊ ပါးရေနားရည်တွန့်ခြင်း၊ နဖူးရေပိုမိုတွန့်ခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားသူများထက် ပိုမိုဝမ်းနည်းကြေကွဲတတ်ကြပြီး စိတ်ဓါတ်ကျလွယ်ကြပါတယ်။
စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အိပ်ရေးကို ၀အောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြပါတယ်။
သံပရာရည်၏ အကျိုးကျေးဇူးများ
---------------------------------------
လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။
ထို့ကြောင့် သံပရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် သဘာဝ ဆေးတစ်မျိုးဖြစ်နေပါတယ်။
သံပရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ-
၁။ ခံတွင်းကောင်းစေခြင်း
၂။ အရေပြားသန့်ရှင်းစေခြင်း
၃။ အစာကြေစေခြင်း
၎။ ကိုယ်တွင်း သန့်ရှင်းစေခြင်း
၅။ ကိုယ်ခံအားကောင်းစေခြင်း
၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း
၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း
၈။ သွေးတိုးကျစေခြင်း
၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း
၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း
စသည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး
-----------------------------------------------------------------------------
ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။
လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။
၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။
၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။
၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။
၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။
၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံမက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။
တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်
------------------------------------------------
အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။
(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။
(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။
(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။
(၅) နနွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့်
သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။
(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။
(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။
(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။
(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။
မြင်သူတကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေ။
ဆီးပူခြင်းအတွက် သဘာဝဆေးနည်း
-------------------------------------------
ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက အောက်ပါ ရိုးရာသဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ကြပါတယ်။
ဆေးပြုလုပ်နည်း
၁။ ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။
၂။ လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။
၃။ ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်( ချို၍ သောက်နိုင်ရုံ)ခန့် ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။
ဆီးပူ ဆီးအောင့်များ သက်သာပျောက်ကင်းသွားပါမည်။
ခေါင်းကိုက်နေသူများအတွက် အချိန် (၅မိနစ်)အတွင်းသက်သာစေမယ့် ကုထုံးနည်း
ခေါင်းကိုက်နေသူများအတွက် အချိန် (၅မိနစ်)အတွင်းသက်သာစေမယ့်
ကုထုံးနည်းကောင်းလေးတစ်နည်းပြောပြချင်ပါတယ်.....။
ကျွန်ုတို့ နှာခေါင်းတွေဟာဘယ်ညာနှစ်စုံရှိကြပါတယ်။
နှစ်ဖက်စလုံးဖြင့်လည်းအသက်ကိုရှုသွင်းရှုထုတ်လုပ်တတ်ကြပြီး
သို့ ပေမယ့်တစ်ခါတလေနှာခေါင်းပိတ်တဲ့အခါ
တစ်ဖက်ပိတ်တစ်ဖက်ပွင့်ဖြစ်တတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ခေါင်းကိုက်လာတဲ့အချိန်မှာတော့
သင့်ညာဘက်နှာခေါင်းကိုလက်တစ်ဘက်ကိုဖြင့်ပိတ်ထားပြီး
ဘယ်ဘက်နှာခေါင်းဖြင့်၅မိနစ်ခန့် လေကိုပုံမှန်ရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။
သင့်ခေါင်းကိုခြင်းဝေဒနာပျောက်ကင်းသွားပါလိမ့်မည်။
သင့်ခေါင်းတွေမကြည်မလင်ဖြစ်နေတဲ့အချိန်မျိုးဆိုရင်တော့
ဘယ်ဘက်နှာခေါင်းကိုပိတ်ပြီးညာဘက်နှာခေါင်းဖြင့်
လေကို ရှုသွင်းရှုထုတ်လုပ်ကြည့်လိုက်ပါ။
သင့်စိတ်ဖိစီးမှုတွေပျောက်ကင်းသွားပါမည်
အစွမ်းထက် ရေကုထုံး
****************
ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်
ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင်
ဝေမျှပေးရန်မမေ့ပါနှင့်။ဤစာသည် တစ်စုံတစ်ယောက်၏အသက်ကို
ကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။
နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်းသောက်
သောအလေ့အထသည် ယနေ့ဂျပန်ပြည်တွင်ခေတ်စားနေ၏။သိပ္ပံပညာ
စမ်းသပ်ချက်များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ
အတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ဤရေ
ကုထုံးဖြင့် အသက်ကြီးရောဂါ ၊ပြင်းထန်သောရောဂါများ
နှင့် ခေတ်သစ်ရောဂါများကို တစ်ရာရာခိုင်နှုန်း ပျောက်ကင်း
နိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိ
ခဲ့ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများမှာ ခေါင်းကိုက်
ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီ
ရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့
ဖြစ်၏။
လိုက်နာရန် နည်းလမ်းများ
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး
ပုံဖော်နိုင်ပါ၏။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖတ်သူသို့မတင်ပြမှီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလွန်သဘောကျလက်ခံမိပါ၏။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်
ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။
ကျွန်ုပ်သည် စာဖတ်လျှင် စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ်သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့်
အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ
ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏ ကောင်းသောအချက် ဖြစ်
ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ်
၍ နံနက်ခင်း ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော အကျင့်တို့ရခဲ့ပါ၏။
ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင် လောဘ၊ဒေါသ၊မောဟအစရှိသော
ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့်
အလုပ် ၊ ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော
ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။
အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည်၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်တော့ဟု ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း
ပေါင်းတစ်သောင်းကိုသာစွန့်မည် ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက် ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ
တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသိုလ်ကား သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော
အလေ့အကျင့်တစ်ခုကို မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း အကျင့်ကောင်းများကိုကျင့်
သုံးပြီး တိုးတက်အောင်မြင်သော ဘဝများကိုပိုင်ဆိုင်ရင်း
နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...။
@@@@@@@@@@@@
ဘဝအတွက်အရေးကြီးသော တတ်သိသမျှ ဘာသာရေးနှင့်ကျန်း
မာရေးစာပေများကို သေရွာသို့ယူမသွားဘဲ ပြည်ရွာတွင်ထားခဲ့ချင်ပါ၏။
သို့အတွက်ကြောင့် ဘာသာရေးနှင့်ကျန်းမာရေးစာပေများကို ဆက်လက်ကြိုးစား
ရေးသားဦးမည် ဖြစ်ပါ၏။စာဖတ်သူအပေါင်း ကျန်းမာ
ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ.....။
ဦးတိုးအောင်
Tuesday, September 9, 2014
အသားအရေ လှချင်သူများ ထောပတ်သီး ဖျော်ရည်ကို သောက်ပါ
အသားအရေ လှချင်သူများ ထောပတ်သီး ဖျော်ရည်ကို သောက်ပါ
ထောပတ်သီး ဖျော်ရည်ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်း တစ်ခုလို့ဆိုရမှာပါ။
ထောပတ်သီး ဖျော်ရည်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ရုံသာ မကဘဲ အသားအရေ အတွက်လည်း များစွာပင် ထောက်အကူ ပြုနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ခွန်အားကိုလည်း ဖြစ်စေ တာကြောင့် မောပန်းနေချိန် သောင်သင့်တဲ့ ဖျော်ရည် တစ်မျိုး ဖြစ်ပါတယ်။
ဒါ့တင် မကသေးပါဘူး ထောပတ်သီး ဖျော်ရည်ဟာ ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်စွမ်းရှိတဲ့ အတွက် အဆီကျချင် သူများအတွက် သောင်သင့်ပါတယ်။
Saturday, September 6, 2014
ခန္ဓာကိုယ်အတွက် ခွန်အားကို ဖြစ်စေနိုင်သော သဘာဝ အစားအစာများ
ခန္ဓာကိုယ်တွင် ခွန်အားများ မရှိဖြစ်နေမယ် ဆိုပါက ဆေးသောက်စရာ မလိုဘဲ သဘာဝက ပေးတဲ့ အစားအစာ တွေနဲ့ပဲ ခွန်အားပြည့်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ခွန်အားကို ဖြစ်စေနိုင်တဲ့ အစား အစာများကို ရေးသားလိုက် ရပါတယ်။
ပျားရည်
ပျားရည်ဟာ အနည်းငယ် မှီဝဲလိုက်ရုံဖြင့် ခွန်အားကို များစွာရရှိစေနိုင် ပါတယ်။ ဒါတင်မက သေးပါဘူး ချောင်းဆိုးခြင်း အစားမကြေ ခြင်းနှင့် အခြားသော ရောဂါတွေ အတွက်လည်း ကောင်းမွန် တာကြောင့် မှီဝဲသင့်တဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။
ကြက်ဥ
ကြက်ဥကတော့ လူတိုင်းသိပြီးသား ဖြစ်တဲ့ ခွန်အားဖြစ် အစားအစာတစ်မျိုး ဖြစ်တာမို့ စားသင့်ပါတယ်။
အားလူး
အာလူးဟာလည်း ခန္ဓာကိုယ်အတွက် ခွန်အားကို ရရှိစေနိုင်ပါတယ်။ အလုပ်ကြမ်း လုပ်နေသူများ အဖို့ အားလူးကို နေ့စဉ် မှီဝဲသင့်ပါတယ်။
ငှက်ပျော်သီး
ငှက်ပျော်သီးကတော့ ခွန်အားဖြစ် အသီးတစ်ခု ဖြစ်တဲ့အပြင် စားရတာလည်း လွယ်ကူစေပါတယ်။
ပန်းသီး
ပန်းသီးကလည်း ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ကုပ်ကွေးရောဂါများ ဖြစ်လို့ အားအင်မရှိဘူးဆိုရင် ပန်းသီးကို စားပေးပါက ခွန်အားရရှိစေနိုင်ပါတယ်။
တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
တလည်းသီးကို မှီဝဲပေးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးများ စားသင့်ပါတယ်။
(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း
လေ့လာမူတွေအရ တလည်သီးမှာ ပါဝင်သော ဓာတ်သဘာဝများဟာ
အဆုတ်ကင် ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပေးကြောင့် သိရပါတယ်။
(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း
အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။
(၄) ကိုလက်စရောဓာတ်ကို သိသိသာသာလျော့ချပေးနိုင်ခြင်း
အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။
(၅) သွေးဖိအားကို ကျဆင်းစေခြင်း
လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်
သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။
သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) သွေးဖိအားကို ကျဆင်းစေပါတယ်။
(၂) သွေးစီးဆင်းမူ အတွက် ကောင်းမွန်စေပါတယ်။
(၃) မျက်လုံးကျန်းမာရေးနှင့် အကျိုးကျန်းမာရေး အတွက် ထိန်းသိမ်းပေး ပါတယ်။
(၄) သွေးဖိအားကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်စေ ပါတယ်။
(၅) ဆီချိုရောဂါသည်များအတွက် သကြားဓာတ် များကို လျော့ချပေးနိုင်သည့် အတွက် စားသင့်ပါတယ်။
(၆) ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။
(၇) နှလုံး ၊ အဆုပ် နှင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွက် ကောင်းမွန်စေ ပါတယ်။
(၈) ကိုယ်တွင်း၌ အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ် အစုစုတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်စေ ပါတယ်။
လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း
မုန်လာဥဝါ ဖျော်ရည်၏ အကျိုးကျေးဇူး ၈ ခု
Thursday, September 4, 2014
ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား
လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။
အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်
ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။
အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်
ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။
အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။
အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်
ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။
အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ
အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။
အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ
ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။
အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ
သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။
အကောင်းဆုံး အစားအသောက် - ရှာလကာရည်
ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကြယ်စင်
photo copy from google search
by Good Health
Wednesday, September 3, 2014
ရုံးပတီသီး၏ သူမတူတဲ့ အစွမ်းများ
ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။
- အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
- သွေးပေါင်ချိန်ကိုထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။
ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး
(၁) နှလုံးရောဂါကာကွယ်သည်
ရုံးပတီသီးမှာAntioxidantsပါဝင်သဖြင့် သွေးကြောနံရံများမာတောင့်ခြင်းကိုကာကွယ်သည်။ သွေးကြောနံရံများမာလာရင်
သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။
ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။ထို့ပြင် Folateဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ၀င်ပြန်သည်။
ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေသိပ်များလာပါက သွေးကြောများကျဉ်းစေသည်။ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။
ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။ ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။ နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။
(၂) အရိုးပါးရောဂါ ကာကွယ်ရန်
အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။
ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။
(၁) ပိုတက်စီယမ်၊
(၂) ဗီတာမင်စီ၊
(၃) မဂ္ဂနီစီယမ်နှင့်
(၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။
ဤဓာတ်၎မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။
(၃) အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်
အသက်ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာစေသည်ဟုဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ်များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာလျော့ပါးစေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။
ချက်ပြုတ်စားသောက်နည်း
ရုံးပတီသီးလတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်းချက်ပြုတ်စားနိုင်လျှင် ပို၍အဟာရဓာတ်ကောင်း စေသည်။ ကြေး၊သံ၊ကြေးနီဖြင့် ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွားတတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင်တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ်၍ ရေစင်စင်ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ကြော်စားနိုင်သည်။ ခရမ်းချဉ်သီးမှည့်ဖြင့် လည်း ချက်စားနိုင်သည်။ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့်ထည့်ခပ် ချက်စားနိုင်သည်၊၊
Ref: မွေးနေ့ဆုမွန်၏ ရုံးပတီသီး(Okra)ဆောင်းပါးမှကောက်နုတ်ဖေါ်ပြပါသည်
ငရုတ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Health

ငရုတ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများအစိမ်း၊ အဝါ၊ အနီ စတဲ့ အရောင် သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီး တွေမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
(၁) ကယ်လိုရီ လျော့နည်းခြင်း ငရုတ်ပွသီးတွေက ကယ်လိုရီပါဝင် မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ် ပွသီး တစ်ခွက်လုံးအပြည့်စား ရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ် ပွသီးတစ်ခွက်စာပမာဏ မှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထက် ပိုမို ပါဝင်မှု ရှိပါတယ်။
(၂) ဗီတာမင်စီ များများပါဝင်ခြင်း ငရုတ်ပွသီးမှာ ဗီတာမင်စီ များစွာပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေပြီး အသားအရေကို နုပျို ငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီး အမှည့် ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာ မင်စီ အမြင့်ဆုံးပမာဏ ပါဝင်ပါတယ်။
(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရို တင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့ ကျစေတဲ့ အစွမ်းရှိပါတယ်။
(၄) ကိုလက်စထရော လျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက် စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရှိပါတယ်။ လေ့လာမှု အရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်း သိရပါတယ်။
(၅) အစွမ်းထက်အာဟာရဓာတ်ကို ရရှိစေခြင်း ငရုတ်ပွသီးကို အပူနည်းနည်း နဲ့ အ ချိန်တိုအတွင်း ချက်ပြုတ်ရင် အချိုအရ သာနဲ့ သစ်သီးရနံ့ မပျက်တဲ့ အပြင် အစွမ်းထက် အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။
(၆) ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆာလဖာ ပမာဏဟာ တချို့သော ကင်ဆာရောဂါ တွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) အသားအရေနှင့် ဆံကေသာကို နုပျို လှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်း ပါဝင်တဲ့အတွက် အ သားအရေနဲ့ ဆံကေသာကို လှပနုပျို ကြည့်ကောင်းစေပါတယ်။
(၈) နာ့ဗ်ကြော စနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ြ၆ ပါဝင် တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါပြီး ဆဲလ်အသစ် တွေ ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။
(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်စေရန် မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ လူတင်လို တချို့ အင်ဇိုင်းတွေက အသက်ကြီး လာချိန်မှာ မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါ တို့ကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
By Good Health
Subscribe to:
Posts (Atom)











