Showing posts with label Gmail ဆိုင်ရာ နည်းပညာများ. Show all posts
Showing posts with label Gmail ဆိုင်ရာ နည်းပညာများ. Show all posts

Monday, September 1, 2014

File တွေကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံး ပို့နည်း...

အခု အားလုံးကို စိတ်ဝင်စား စရာကောင်းတဲ့ နည်းလမ်းလေး တစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်း လေးကဘာကောင်းလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်မှာ တစ်ယောက် နဲ့တစ်ယောက် ဓာတ်ပုံ ဖြစ်ဖြစ် သီချင်း ဖြစ်ဖြစ် ပို့ချင်ရင် အ၇င်ဆုံး Gmail ထဲဝင် ပြီးတော့ Attach File တွဲရတာနဲ့၊ ပြီးတော့ လိုင်းမကောင်းရင် အဲ့မှာပဲ လည်နေတော့တာပဲ အဆင်ပြေတာ ရှားပါတယ်။ :0 ဒါပေမဲ့ အခု ဒီနည်းလမ်းလေးက အဲ့ဒါတွေ ကိုဖြေရှင်းပေးမှာပါ။ ဘာ software မှလဲ မလိုသလို upload လဲ လုပ်စရာမလိုပါဘူး။ Gmail,အကောင့်လဲ ရှိစရာမလိုပါဘူး။ အဓိက လိုအပ်တာကတော့'' ပို့တဲ့ သူနဲ့ လက်ခံ မဲ့သူ နှစ်ယောက် လုံးက အင်တာနက်မှာ ရှိနေရပါမယ်။ ပြီးတော့ နှစ်ယောက်လုံး က ဒါလေးကို ဖွင့်ပေးထားဖို့ပဲလိုပါတယ်" 

 

 

ကဲ ပြောနေတာ များသွားပြီ။ လေ့လာကြည့်ရအောင်အောက်က လင့်လေး ကို နှစ်ယောက်လုံး တစ်ပြိုင်နက် ဖွင့်ထားလိုက်ပါ။

 အရင်ဆုံး ပို့မဲ့သူ ဖက်က လုပ်ဆောင် ရမှာဖြစ်ပါတယ်။ကဲ လင့်လေးကိုဖွင့်လိုက်ပါ။

ကဲ ဟုတ်ပါပြီ ဒီလိုပေါ်လာရင် ပုံထဲ က အနီေ၇ာင်အကွက်လေးထဲမှာ ကိုယ်ပို့ချင်တဲ့ ဓာတ်ပုံဖြစ်ဖြစ် သီချင်းဖြစ်ဖြစ်၊ ဖိုင်ဖြစ်ဖြစ် ရွေးပေးလိုက်ပါ။ ပြီးရင် Message (option) ထဲမှာလဲ ကိုယ်သူ့ကို ပို့ချင်တာေ၇းထဲ့လို့ရပါသေးတယ်။ ကောင်းတယ်နော်.. ပြီးရင် 2 နေရာမှာ Code ဆိုတာလေး ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် အားလုံးဖြည့်ပြီးရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်။

 

အဲ့လိုအားလုံး ပြီးသွားရင် 3 က Send File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒီလိုလေးပေါ်နေပါလိမ့်မယ်။

ကဲဟုတ်ပြီ ဒါဆို ပို့တဲ့ သူဖက်ကတော့ စပို့နေပါပြီ။ မပိတ်လိုက်နဲ့နော် ဒီအတိုင်းထားထား။ ပြီးရင် လက်ခံမဲ့ သူကို Code နံပါတ်ကို gtalk ကနေဖြစ်ဖြစ် ဖုန်းနဲ့ ဖြစ်ဖြစ် ပေးလိုက်။ ပြီးရင် သူ့ကိုလဲ ဒီဝတ်ဆိုဒ် ကို ဖွင့်ခိုင်းထားလိုက်ပါ။ http://host03.pipebytes.com/  

ကဲ ဒါဆို လက်ခံမဲ့ သူလုပ်ဆောင်ရမဲ့ အပိုင်းေ၇ာက်ပါပြီ။ အောက်ကပုံလေး ကို ကြည့်လိုက်ပါ။

ပုံထဲ ကနေရာမှာ ခုနက Code ကိုယ့်ကို ပေးတဲ ကုဒ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် 2 နေရာက Pickup File ဆိုတာလေး ကိုနှိပ်လိုက်ပါ။ ဒါဆို သူပို့တဲ့ File ရဲ့ information ကို တွေ့ရပါလိမ့်မယ် အောက်မှာကြည့်ပါ။

ကဲ သူပို့တဲ့ ပုံ ရဲ့ နာမည် File size နဲပ File Type ကိုဖော်ပြပေးထားပါတယ်။ ပြီးတော သူေ၇းထားတဲ့ message ကိုလဲ တွေ့ရပါလိမ့်မယ်။ မလွယ်ဘူးလားဗျ ... အခု သေချာပြီဆိုတော့ Start Transfer ဆိုတာလေး ကို နှိပ်ပြီး ယူလိုက်ယုံပါပဲ။ အောက်ကပုံကို ကြည့်လိုက်ပါဦး။ 

 

 ကဲ အားလုံး ပြီးပြီ ဆိုမှ နှစ်ယောက်လုံး ပိတ်လိုက်ကြတော့ပေါ့၊ ဒီနည်းလမ်းလေးက တစ်ယောက်တည်း ရှိနေရင် မ၇၇ပါဘူး။ နှစ်ယောက်လုံး လိုင်းပေါ်မှာ ရှိနေမှရမှာပါ။ ဘာပဲဖြစ်ဖြစ် Upload လုပ်စရာမလို Account ရှိစရာမလို တော့ လွယ်ကူတာပေါ့။ အားလုံး အဆင်ပြေပါစေဗျာ....

Sunday, August 31, 2014

Password သိတောင် Gmail အကောင့်ကို Hack လို့ မရအောင်

အခုတလော ကြားနေရတယ် .. Group တွေ ဟက်ခံရတယ် .. Site တွေ ဟက်ခံရတယ် နဲ့ .. စိတ်မကောင်းဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဟက်ဟက် အကောင့်ပိုင်ရှင်အနေနဲ့ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ဟက်ခံလိုက်ရတာပါပဲ ...
ဟက်တဲ့လူတွေကတော့ နည်းမျိုးစုံနဲ့ ဟက်ကြမှာပါပဲ .. Safe ဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့က အကောင့်ပိုင်ရှင်တွေရဲ့ တာဝန်ပါ .. Facebook အကောင့်ကို ဟက်နိုင်ရင် .. အဲဒီအကောင့်ပိုင်ရှင် Admin ဖြစ်နေတဲ့ Group တွေနဲ့ Page တွေ
ကို ထိန်းချုပ်နိုင်ပြီ .. Facebook အကောင့်ကို လုံခြုံအောင် ကာကွယ်တဲ့နည်းလမ်းတွေကိုတော့ နည်းပညာဘလော့ တော်တော်များများမှာ မျှဝေထားတာ တွေ့ရပါတယ်.. 

 

 

အဲ .. Gmail အကောင့်ကို လုံခြုံအောင် ကာကွယ်ဖို့အတွက်တော့ သိပ်မတွေ့ရဘူး .. User တစ်ဦးရဲ့ အကောင့်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ .. ကျွန်တော် သတိထားမိသလောက်ကတော့ Group တစ်ခုကို Facebook အကောင့်တစ်ခုကို Page တစ်ခုကို Gmail အကောင့်ကနေ စပြီး ဟက်ကြတာက များနေသလိုပဲ (ဒါက ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် နည်းပညာ အသိလေးနဲ့ သုံးသပ်တာဖြစ်လို့ .. မှန်ချင်မှလည်း မှန်ပါမယ်) .. အဲဒီတော့ ကျွန်တော် သိထားတဲ့ Gmail အကောင့်လုံခြုံရေး နည်းလမ်းလေးတစ်ခုကို မျှဝေပေးဖို့ ဆန္ဒပေါ်လာပါတယ် .. တစ်ဦးတစ်ယောက်က တင်ပြထားပြီးသား ဖြစ်နေခဲ့ရင်လည်း .. ကျွန်တော့်ရဲ့ လေ့လာမှုနယ်ပယ် ကျဉ်းမြောင်း နေသေးတဲ့ အားနည်းချက် တစ်ခုအဖြစ် ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း ကြိုတင် တောင်းပန်ထားပါရစေ ..
ဒီနည်းလေးက .. User တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ Gmail အကောင့် Password ကိုတောင် .. တခြားသူတစ်ဦးဦးကို ယုံယုံကြည်ကြည်နဲ့ ပေးလို့ရတဲ့ သိပ်ကို လုံခြုံတဲ့ နည်းစနစ်လေးပါ .. ကဲ .. စလိုက်ကြစို့ ..

ပထမဦးဆုံး .. ကိုယ့်ရဲ့ Gmail အကောင့်ထဲကို Sign in ၀င်လိုက်ပါ .. ပြီးရင် .. ကိုယ့်အကောင့်ရဲ့ ဘေးက Sign out လုပ်တဲ့ droup down table ထဲမှာရှိတဲ့ account ဆိုတာလေးကို နှိပ်လိုက်ပါ ..အဲဒီထဲက Security ဆိုတာလေးကို နှိပ်လိုက်ပါအဲဒီအဆင့်မှာ 2-step verification ဆိုတဲ့ row buttom ထဲက edit ကို နှိပ်ပါမယ် ..နောက်ထပ် Window အသစ်တစ်ခု ထပ်ပွင့်လာပါမယ် .. အဲဒီထဲမှာ လောလောဆည် ကိုယ်အသုံးပြုနေတဲ့ Gmail အကောင့်ရဲ့ Password ကို ရိုက်ထည့်ပေးပြီး Sign in လုပ်ရပါမယ် ..ပြီးရင် See how it works! ကိုနိုပ်ပါ နောက်တော့ Start setup>> ကိုနိပ်ပါPhone number ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်အနေနဲ့ အလွယ်တကူ သုံးနိုင်မယ့် ဖုန်းနံပါတ်ကို နိုင်ငံ ကုဒ်လေးခံပြီး အပြည့်အစုံ ရိုက်ထည့် ပေးလိုက်ပါ .. ဥပမာ - ကိုယ့်ရဲ့ ဖုန်းနံပါတ်က 09PPP ဖြစ်ပြီး မြန်မာနိုင်ငံက ဖုန်းနံပါတ်လည်း ဖြစ်တယ်ဆိုပါစို့ .. အကွက်ထဲမှာ +9509PPP လို့ ရိုက်ထည့်ပေးရမှာပါ .. (ကောင်းတာက အဲဒီဖုန်းဟာ GSM ဆိုရင် ပိုကောင်းပါတယ် .. အင်တာနက်လိုင်း မဖွင့်ရသေးတဲ့ GSM ဆိုရင်လည်း အလုပ်လုပ်ပါတယ်) ပြီးရင
်တော့ Send code ကိုနှိပ်ပေးလိုက်ပါ .ခဏလောက်စောင့်လိုက်တဲ့အခါ (များသောအားဖြင့်တော့ ချက်ချင်း ဖုန်းဝင်လာပါတယ်) ဖုန်း Call တစ်ခုဝင်လာပါမယ် (ရေးမှတ်ထားဖို့ အဆင့်သင့်ပြင်ထားပါ) .. ဖုန်းကိုင်လိုက်တဲ့အခါ .. Your code is ဆိုတာရဲ့နောက်မှာ ကိုယ့်အတွက် Code ၆လုံးကို နှစ်ကြိမ်တိတိ ပြောပေးပါလိမ့်မယ် .. ရောထွေးတတ်တဲ့ အသံတွေပါလာရင် သတိထားပြီး နားထောင်မှတ်သားပါ .. (ဥပမာ .. 1 နဲ့ 9 / 6 နဲ့ 8 ....) တကယ်လို့ ဖုန်းက တော်တော်နဲ့ ၀င်မလာဘူးဆိုရင် Didn't get the code? ကို နှိပ်ပေးလိုက်ပါ .. ဒီအဆင့်ပြီးသွားရင်တော့အဲဒီထဲမှာ Trust this computer ဆိုတာလေးကို Default အတိုင်း အမှန်ဖြစ်မဖြုတ်ပဲ ထားပေးပြီး (တကယ်လို့ အမှန်ခြစ်မပါခဲ့ရင်လည်း တပ်ပေးပေါ့) Next ကို နှိပ်လိုက်ပါ
Confirm ကို နှိပ်ပေးလိုက်ပါ ..

2-step verification is ON ဆိုတာလေး ပေါ်နေရင် ပြီးပါပြီ .. Sigh out လုပ်ချင်လည်း လုပ်လိုက်ပါ ..

အခုဆိုရင် ကိုယ့်အနေနဲ့က Sign in လုပ်ဖို့ လွယ်ပေမယ့် .. (လွယ်တယ်ဆိုတာ .. ဒီ Security ကို လုပ်ခဲ့တဲ့ ကွန်ပြူတာနဲ့ပဲနော် .. တခြား device ၊ တခြားကွန်ပြူတာ ကိုသုံးပြီး Sign in သွားလုပ်ရင် .. Code တောင်းတော့မှာ .. အဲဒီအခါ .. ကိုယ်ပေးထားတဲ့ ဖုန်း ကိုယ့်နားမှာရှိမှ Sign in လုပ်လို့ရမယ်သာမှတ် ..) တကယ်လို့ တခြားတစ်ယောက်ယောက်က ဒါမှမဟုတ် တခြား Device တစ်ခုခုကနေ .. ကိုယ့်ရဲ့ အကောင့်ကို Sign in လုပ်မယ်ဆိုရင် .. ကိုယ်ထည့်ပေးထားတဲ့ ဖုန်းနံပါတ်ကို Code ပြောပြမယ့် Call လေး ၀င်လာပါမယ် .. အဲဒီ Code ကို ရိုက်မထည့်နိုင်ရင် .. အကောင့်ပိုင်ရှင် ဖြစ်နေဦးတော့ .. ကန်တော့ဆွမ်းပါခင်ဗျာ ..

ကဲ .. Password ကို သိရတာတောင် .. ဟက်လို့မရနိုင်တော့တဲ့ Gmail အကောင့်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ ..

အားလုံးကို ခင်မင်လေးစားလျှက်
Myanmar Hackers Power Group