Tuesday, January 27, 2015

Data သုံးစွဲမှု သက်သာစေမည့် Facebook Lite app


======================================
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook သည် သိုလှောင်မှုပမာဏ အကန့်အသတ်ရှိသော 
စွမ်းဆောင်ရည်နိမ့် Android ဖုန်းများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်မည့် ဖိုင်အရွယ်အစား 252KB 
သာရှိသော Facebook Lite app ကို မိတ်ဆက်ပေးခဲ့သည်။
2G ကွန်ရက်များဖြင့် အသုံးပြုနိုင်မည့် အဆိုပါ အခမဲ့ app သည် data 
သုံးစွဲမှုပမာဏကို လျော့နည်းသက်သာစေသည့် အပြင် Facebook Messenger inbox တစ်ခုကိုလည်း 
built-in ထည့်သွင်းပေးထားသည်။ သုံးစွဲသူအနေဖြင့် status update များနှင့် ဓာတ်ပုံများ ဝေမျှနိုင်ပြီး 
Web ပေါ်တွင် Facebook အသုံးပြုခြင်းကဲ့သို့ အပြန်အလှန် ပြုလုပ်နိုင်သည်။
၎င်း app ကို Facebook က ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ နီပေါ၊ တောင်အာဖရိက၊ ဆူဒန်၊ 
သီရိလင်္ကာနှင့် ဇင်ဘာဘွေ နိုင်ငံများအတွက် ဖြန့်ချိပေးထားခြင်း ဖြစ်သည်။
Facebook Lite ကို Google Play မှ ရယူကာ စမ်းသပ်သုံးစွဲနိုင်သလို
အောက်ကလင့်ကနေ download ရယူကာ စမ်းသပ်အသုံးပြုနိုင်ပါပြီခင်ဗျာ။
Credit: Internet Journal

No comments:

Post a Comment