Thursday, December 4, 2014

✔Video Show Pro v3.6.8(updated)✔


- -ဒီ app လေးရဲ့ စွမ်းဆောင်ချက်တွေကတော့
အများကြီးပါပဲ။video တွေကို photo ပြောင်းနိုင်တယ်။photo တွေကို video show
လုပ်လို့ရတယ်။video 2files ကို 1file ထဲဖြစ်
အောင် merge လုပ်လို့ရမယ်။ပြီးတော့လည်း
ကိုယ်ရိုက်လိုက်တဲ့ ဗွီဒီယိုပဲဖြစ်ဖြစ်၊ရှိထားပြီး
သား ဂယ်လာရီထဲက ဗွီဒီယိုကိုပဲဖြစ်ဖြစ်၊subtitle လို့ခေါ်တဲ့ မြန်မာလိုစာတမ်းပါ ရေးထိုးလို့ရစေတာဟာ
အသုံးပြုတဲ့သူများသဘောကျစေမှာပါ။
Movies တွေကို ပြင်ဆင် တည်းဖြတ်၊ကာလာ effect ထည့်၊ညှပ်၊ဆက်၊
နောက်ခံ သီချင်း ထည့်/ပြောင်း၊photo slide show၊စတဲ့ features တော်တော် များများကို ဒီ ဆော့ဖ်ဝဲ လေးကနေ လုပ်ဆောင် ပေးနိုင်ပါတယ်။
PRO Version နောက်ဆုံးထွက်လေးဖြစ်တာ
ကြောင့်လည်း Features တွေ စုံစုံလင်လင်နဲ့
အသုံးပြုလို့ရတာကိုတွေ့ရပါတယ်-
-Apk File Size 17.52MB ရှိပြီး၊
Android OS Version 2.2 နှင့်အထက်ရှိ
ထားသောဖုန်းများမှာ ထည့်သွင်းအသုံးလို့
ရမှဖြစ်ပါတယ်-
-အောက်ကလင့်ခ်ကိုနှိပ်ပြီးဒေါင်းလုပ်ရယူပါ-
★DOWNLOAD ဆွဲရန် လင့်ခ်★
(OR)
ကာရာအိုကေစာတမ်းထိုးနည်း
ဆော့ဖ်ဝဲကိုဖွင့်ပါ။ကိုယ်ပြုလုပ်ချင်တဲ့ features များကိုပြုလုပ်ပါ။
ဥပမာ video ကို စာတမ်းထိုး ပြုလုပ်ချင်တယ် ဆိုရင် 
-Edit video နေရာကိုနှိပ်လိုက်ပါ
-အဲ့ဒိမှာ ကိုယ့်ဖုန်းရဲ့ gallery ဂယ်လာရီ ထဲမှာရှိတဲ့ video ကိုယ်စာတမ်းထိုးလေးပြုလုပ်ချင်တဲ့ video တစ်ခုကိုရွေးလိုက်ပါ။
-ပြီးရင် Subtitle နေရာကိုနှိပ်လိုက်ပါ။
-အဲ့ဒိမှာ စာတမ်းရေးဖို့အတွက် အဖြူရောင် အကွက်လေးနဲ့ box လေးတစ်ခုပေါ်လာပါလိမ့်
မယ်။
-အဲ့ဒိ box အကွက်လေးထဲကို လက်နဲ့တချက် click နှိပ်လိုက်ပြီး စာရေးပါ။
-ရေးပြီးရင် ok နေရာကိုနှိပ်ပါ။
-video ပေါ်မှာခုနက ကိုယ်ရေးလိုက်တဲ့ စာတမ်းရောက်သွားပါပြီ။
-နောက်ထပ် စာများထပ်ပြီး ဆက်ရေးချင် တယ်ဆိုရင် ညာဘက်အောက်ဘက်နားက အပေါင်းလက္ခဏာပုံလေးနဲ့ + နေရာကို ထပ်ပြီး click နှိပ်ပါ။အပေါ်က box အကွက်လေးထဲ ထပ်ဝင်ပါ။ခုနကလိုမျိုး စာရေးစရာနေရာ box အကွက်အဖြူလေးထပ်ပေါ်လာပါလိမ့်မယ်။
အဲ့ဒိထဲထပ်ဝင်ပြီး ကိုယ်ရေးချင်တဲ့စာကို ရေးပြီး ခုနကလိုမျိုးပဲ ok နှိပ်ပါ။ရေးလိုက်တဲ့ စာကိုလည်း ကိုယ် လိုချင်တဲ့ စက္ကန့်အတိုင်းအတာ အချိန်အထိ လိုသလို ချိန်ညှိနိုင်ပါတယ်
-အားလုံးပြီးသွားရင်တော့ ညာဘက်အပေါ်ဒေါင့်ထိပ်နားက subtitle စာတမ်းနေရာကိုတချက်နှိပ်လိုက်ပါ။ပြီးရင် အဲ့ဒိညာဘက်အပေါ်ထိပ်ဒေါင့်နားကပဲ မျှားပုံနေရာလေးကို တချက်ထပ်ပြီး click နှိပ်ပေးလိုက်ပါ-
-အဲ့ဒိမှာ Keep Quality(26660KB) ရယ်၊ Compressed Quality(6170KB) ရယ်ဆိုပြီး နှစ်ခုပေါ်လာမယ်။ကိုယ် လုပ်ချင်တဲ့ format တစ်ခုကိုရွေးပြီး click နှိပ်ပေးလိုက်ပါ။ဥပမာ Keep Quality(26660KB)နေရာကိုရွေးချင်ရင် အဲ့ဒိအကွက်နေရာကို click နှိပ်ပေးလိုက်ပါ။
-အဲ့ဒါဆိုရင် Exporting လုပ်နေပါလိမ့်မယ်။
100% ပြည့်သွားရင်တော့ အပေါ်မှာ Save to Gallery successfully ဆိုပြီးပြပါမယ်။အဲ့ဒိမှာ ကိုယ် share ချင်တဲ့ဆီကို share လုပ်လို့ရပါသေးတယ်။
share မလုပ်ချင်လည်း back key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။
-မိမိ SD Card ရဲ့  Video show ဆိုတဲ့ Floder ဖိုင်လေးထဲမှာ ကိုယ်ခုနက ပြုလုပ်လိုက်တဲ့ video လေးရောက်ရှိ နေမှာပါ။Gallery ထဲမှာလည်း ခုန video ကို ပြန်ကြည့်လို့ရပါတယ်
-အဲ့လိုပဲ စာတမ်းအားလုံးထိုးပြီးတဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက် Effect တွေ၊ကိုယ်လိုချင်တဲ့ voice အသံတွေ၊ပြီးတော့ နောက်ခံ background သီချင်းတွေကို ထပ်ပြီး ပြောင်းလို့၊ ပေါင်းထည့်လို့
ရပါသေးတယ်။တခြားအသုံးဝင်တဲ့လုပ်ဆောင်ချက်
functional တွေလည်း ပါဝင်ထားပါသေးတယ်။
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

No comments:

Post a Comment