Saturday, August 30, 2014

ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ

ဖုန်းတွေပျက်စီးရခြင်းအကြောင်းတွေထဲမှာ ဘက်ထရီကို ကြာရှည်စွာအားသွင်းခြင်းက ထိပ်ဆုံးကပါဝင်ပါတယ်.. ခု သင့်ဘက်ထရီကို လျင်မြန်စွာ အားသွင်းနိုင်မယ့် Tip and trick အချို့ ကို ရှာဖွေရေးသားလိုက်ပါတယ်

- ဖုန်းနဲ့ကိုက်ညီတဲ့ Adaptor

အကောင်းဆုံးကတော့ မိမိဖုန်းဝယ်စဉ်ကပါလာတဲ့ original adaptor ပါ... အပြင်မှာ လွယ်ကူစွာဝယ်လို့ရတဲ့
adaptor တွေရှိပေမယ့် မူရင်းကိုတော့မမီပါဘူး.. နောက်ပြီး နံရံက socket ကမဟုတ်ဘဲ ကွန်ပျူတာ လက်တော့တွေရဲ့ usb hub တွေကနေ အားသွင်းတာကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ဘာလို့လဲဆိုတော့
Battery ရဲ့ Speed ကို ကျဆင်းစေလို့ပါ





- airplane modeမှာထားရှိခြင်း

airplane mode ကို ဖွင့်ထားပြီးအားသွင်းတာကလည်း အားပြည့်မြန်စေပါတယ်။.. notification bar လေးကနေ
onနိုင်သလို power button ကို ဖိထားပြီးပေါ်လာတဲ့အကွက်ထဲကနေ on နိုင်ပါတယ်။

- ဖုန်းပိတ်ပြီးအားသွင်းခြင်း

တကယ်လို့ ဖုန်းသုံးဖို့ မလိုအပ်တဲ့အချိန်မှာဆိုရင် ပါဝါကို ပိတ်ပြီးအားသွင်းတာဟာ အကောင်းဆုံးပါပဲ...
အားပြန်ပြည့်တာအလွန်မြန်ဆန်ပါတယ်။

- မလိုအပ်တဲ့appများကိုပိတ်ထားခြင်း

ဖုန်းရဲ့နောက်ကွယ်မှာ run နေတဲ့ app process တွေကလည်း အားစားပါတယ်...ထို့အတူ အားသွင်းချိန်ကိုလည်းကြန့်ကြာစေပါတယ် ဥပမာ Bluetooth,GPS,Wifi,NFC စသဖြင့်ပါ။ဒါလေးတွေပိတ်ပြီးအားသွင်းရင်လည်းအကျိုးရှိပါတယ်...တကယ်တော့အသေးအဖွဲလေးပါ..ဒါပေမယ့်
အသုံးဝင်တဲ့ အသေးအဖွဲလေးတွေပေါ့။

- Screen မဖွင့်ပါနဲ့
ဖုန်းမှာအားစားများတာကတော့ Screen ပါ..ဖုန်းအားသွင်းနေစဉ်မှာ Screen ကို မပွင့်စေခြင်းကလည်း မိမိ ဖုန်းကိုအားပြည့်မြန်ပါစေတယ်..
ဒါတွေကတော့ မိမိဖုန်းဘက်ထရီကို အားသွင်းရာမှာ သတိထားသင့်တဲ့အချက်ကလေးတွေဖြစ်ပါတယ်

Credit >sayyoethe.blogspot.com

No comments:

Post a Comment