Sunday, August 31, 2014

Windows Registry Hacking များ


Owner ပြောင်းလဲခြင်း

သင့်ရဲ့ PC ကို Windows install လုပ်တဲ့အခါ သင့်ရဲ့ နာမည်ကိုမေးပြီး registered owner အဖြစ်နဲ့ သိမ်းထား လိုက်ပါတယ်။ အကယ်၍များ registered owner nameကို ပြောင်းချင်တယ်ဆိုရင် အောက်ပါ အတိုင်းလုပ်ရ ပါတယ်....

အဆင့် ၁ : HKLM\SOFTWARE\Microsoft\WindowsNT\CurrentVersion ကိုသွားပါ။

အဆင့် ၂ : ညာဘက်မှာ RegisteredOwner နဲ့ RegisteredOrganization ဆိုတာကိုလိုက်ရှာပါပြီး double-click နဲ့ဖွင့်ပြီး ကိုယ်ပြောင်းချင်တဲ့ name တွေကို ပြောင်းလိုက်ရင် ရပါတယ်။

ဖိုင်စီခြင်း

Explorer ထဲမှာ filename များကို အစီအစဉ်တကျပြုလုပ်ခြင်းမှာ ပြဿနာတစ်စုံတရာရှိနေနိုင်ပါတယ်။ ဥပမာ- default နဲ့ဆိုရင် 'File_v2.txt' ပြီးမှ 'File_v15.txt' ဖော်ပြပါလိမ့်မယ်။ ဒါဟာ ASCII ordering တော့မဟုတ်ပါဘူး။ ဒါပေမယ့် သင့်လျော်မှုရှိတယ်လို့တော့ ထင်စေပါတယ်။ ဒါပေမယ့်လည်း "V" ဆိုတာ version number ကို ရည်ညွှန်းပါတယ်...။ ဒါကြောင့် 'File_v15.txt က အရင်ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် Explorer ရဲ့ default system က အလုပ်အားလုံးမလုပ်နိုင်ပါဘူး... အကယ်၍ ပုံမှန် ASCII file ordering ကို restore လုပ်မယ်ဆိုရင်တော့....

အဆင့် ၁ : HKLM\Software\Microsoft\Windows\Currentversion\Policies\Explorer ကိုသွားပါ။

အဆင့် ၂ : DWORD အသစ်တစ်ခုဖန်တီးလိုက်ပြီး NoStrCmpLogical လို့ နာမည်ပေးပါ။ value ကို 1 လို့ထည့်လိုက်ပါ။

standard explorer ကို restore လုပ်ချင်တယ်ဆိုရင်တော့ key ကို delete လိုက်ရုံပါပဲ။

 




Startup လုပ်တဲ့အခါ အချိန်ကြာနေရင်

Windows ကို start up ( သို့) shut down လုပ်တဲ့အခါမှာ အချိန်ကြာနေရင် စောင့်ရတာအချိန်ကုန်ပြီး စိတ်ညစ်စရာကောင်းတယ်ဆိုတာကို ကြုံဖူးကြမှာပါ။ အဲဒီပြဿနာကိုဖြေရှင်းဖို့....

အဆင့် ၁ : HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System ကိုသွားပါ။

အဆင့် ၂ : verbosestatus လို့နာမည်ပေးထားတဲ့ DWORD တစ်ခုဖန်တီးလိုက်ပါ။ ပြီးရင် value ကို 1 ထည့်ပြီး PC ကို restart ပေးလိုက်ပါ။


Folder types များကို စီမံခြင်း

Windows Vista ရဲ့ Explorer မှာ ၄င်းရဲ့ content များပေါ်မူတည်ပြီး သင့်ရဲ့ folder type များကို လိမ်မာပါးနပ်စွာရွေးချယ်ပါတယ်။ ဆိုလိုတာကတော့ ဥပမာ MP3 များကို Download ဆိုတဲ့ folder ထဲကို ထည့်လိုက်မိမယ်ဆိုရင် Music folder အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်...အဲလိုပြောင်းလဲမသွားအောင်...

အဆင့် ၁: HCU\Software\Classes\LocalSetting\Software\Microsoft\Windows\Shell ကိုသွားပါ။ Bags subkey ကို delete လုပ်ပါ။

အဆင့် ၂ : Bags ရဲ့ အောက်တွင် AllFolders လို့နာမည်ပေးပြီး key တစ်ခုဖန်တီးပါ အဲဒီအောက်မှာ Shell ဆိုတဲ့ key ကိုဖန်တီးပါ။

အဆင့် ၃: အဲဒီနောက် HCU\Software\Classes\LocalSettings\Software\Microsoft\Windows\Shell\Bags\AllFolders\Shell ကိုဖွင့်လိုက်ပါ။ ပြီးရင် ညာဘက်က pane မှာ right-click လုပ်ပြီး String Value အသစ်တစ်ခုလုပ်ပြီး FolderType လို့နာမည်ပေးပါ။ ပြီးရင် value ကို NotSpecified လို့ဖြည့်ပေးလိုက်ပါ။

အချိန်မပေးချင်သူများအတွက် အောက်မှာ Folder view အလိုအလျှောက် Reset လုပ်ပေးတဲ့ .reg file ကိုပေးထားပါတယ်... အဲဒါကို download လုပ်ပြီး run လိုက်ရင်လည်း ရပါတယ်။

 

DOWNLOAD


Folder တွေကို မြန်မြန် access လုပ်အောင်

Start menu ထဲမှာ ထားခြင်းအားဖြင့် folder တိုင်းကို မြန်မြန် access လုပ်နိုင်အောင်လို့....

အဆင့် ၁ : HKCR\Folder\shellex\ContextMenuHandlers ကိုသွားပါ။

အဆင့် ၂ : ပြီးရင် ContextMenuHandlers ကို right-click လုပ်ပြီး key(quotation mark များမပါဝင်စေပဲ) အသစ်တခုပြုလုပ်ပါ။ ပြီးရင် Shift key ကို ဖိထားပြီး folder ကို right-click လုပ်၊ပြီးရင် 'Pin to Start Menu' ကို select လုပ်ပါ။

copy time ကိုမြန်ဆန်လာအောင်

Vista ဟာ သင့်ရဲ့ soundcard ကို ဦးစားပေးပါတယ်။ ဒါကြောင့် glitch-free audio တွေကို သင်ရရှိနိုင်ပါတယ်။ အဲဒါတွေဟာ network copy speeds ကို နှေးကွေးစေပါတယ်။ ဒါကြောင့်...

အဆင့် ၁ : HKLM\SOFTWARE\Microsoft\WindowsNT\CurrentVersion\Multimedia\SystemProfile ကိုသွားပါ။

အဆင့် ၂ : NetworkThrottingIndex ရဲ့ setting ကို 10-50 (သို့) 60 သို့ပြောင်းသင့်ပါတယ်။ အဲဒါပြီးရင်တော့ reboot လုပ်ပါ။

drive listing ကိုပြုပြင်ခြင်း

တကယ်၍ Explorer က သင့်ရဲ့ DVD drive ကို ကြာကြာ lists မလုပ်ရင် (သို့) DVD-ROM တစ်ခုဖြစ်ပြီး discs တွေကို burn လို့မရနိုင်ဘူးထင်ရင် .......

အဆင့် ၁ : HKLM\System\CurrentControlSet\Control\Class\ ကိုသွားပါ။

အဆင့် ၂ : UpperFilters (သို့) LowerFilters setting များကို delete လုပ်ပါ။

ဒီလိုလုပ်တာဟာ အများအားဖြင့် အလုပ်လုပ်ပါတယ်။ ဒါပေမယ့် အလားတူ application များပျက်စီးသွားနိုင်ပါတယ်။အကယ်၍ program တစ်ခုဟာ အလုပ်မလုပ်တော့ဘူးဆိုရင် စစ်ဆေးကြည့်ပါ အကယ်၍ update တစ်ခုရှိနေတယ်ဆိုရင်တော့ ၄င်းကို reinstall လုပ်ပါ။

Menu များကို ရှင်းလင်းခြင်း

သင်ဟာ application တစ်ခုကို uninstall လုပ်ပြီးတဲ့အခါမှာ giFT များကျန်နေတာတွေရှိတတ်ပါတယ်။ right-click context menu entries ကလည်း အသုံးမကျတော့ပါဘူး...အဲဒီပြဿနာကိုဖြေရှင်းဖို့....

အဆင့် ၁ : HKCR\* နဲ့ HKCR\Directory ကိုသွားပါ။ ပြီးရင် Shell ကိုဖြန့်ချလိုက်ပြီး shellex\ContextMenuHandlers key ကိုသွားပါ။

အဆင့် ၂ : သင်မလိုချင်တဲ့ command များကို keys တွေရဲ့ အောက်မှာလိုက်ရှာပါ။ ပြီးရင် delete လုပ်ပါ။ (ဥပမာ - ကျနော့် PC မှာဆိုရင် HKCR\*\shellex\ContextMenuHandlers\7-Zip ဆိုတဲ့ links ဟာ 7-Zip context menu အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဘက် pane မှာ 7-Zip အပိုင်းကို Delete လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက key တစ်ခုကိုသာ delete လုပ်ရမှာဖြစ်ပြီး သေချာဖို့လည်း လိုပါတယ်။)

AutoRun ကို Disable လုပ်ခြင်း

Windows ရဲ့ AutoRun feature ဟာ security ကို ကျိုးပေါက်ဖို့အတွက် အလာအလာရှိတဲ့ feature တစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ သင်က သင့်ရဲ့ PC သို့ removable device တွေကို တပ်လိုက်တဲ့အခါ ၄င်းက code တွေကို အလိုအလျှောက် run ပါတယ် ။ ဒါကြောင့် ၄င်းကို disable လုပ်ချင်တယ်ဆိုရင်...

အဆင့် ၁ : HKLM\SOFTWARE\Microsoft\WindowsNT\CurrentVersion\IniFileMapping ကိုသွားပါ။

အဆင့် ၂ : Autorun.inf လို့ခေါ်တဲ့ key တစ်ခုကို ဖန်တီးလိုက်ပါ။အဲဒီနောက် key အသစ်ကို double-click လုပ်ပြီး ၄င်း ရဲ့ (default ) value မှာ @SYS:DoesNotExist ကိုထည့်လိုက်ပါ။ ပြီးရင် HKCU\Software\Microsoft\Windows\CurrentVersion\Explorer\MountPoints2 ကို delete လုပ်ပါ။

ဒါတွေလုပ်ပြီးသွားပြီဆိုရင်တော့ Windows က CD များ၊ DVD များ (သို့) removable drive များရဲ့ ဘယ် code ကိုမဆို အလိုအလျှောက် မ run တော့ပါဘူး။

Welcome Screen ကို ဖယ်ရှားခြင်း / ပေါင်းထည့်ခြင်း

အဆင့် ၁ : HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon ကိုသွားပါ။

အဆင့် ၂ : ညာဘက်က pane မှာ LogonType ဆိုတဲ့ DWORD ကိုလိုက်ရှာပြီး value ကို 00000001 ကိုပြောင်းလိုက်ပါ။resoter ပြန်လုပ်ချင်ရင်တော့ မူလ value ကိုပြန်ထည့်ပေးလိုက်ပါ။

အသုံးမပြုသော DLL file များကို Unload ပြုလုပ်ခြင်း

application များကို ပိတ်လိုက်တဲ့အခါမှာ Windows XP မှာဆိုရင် DLL file များကို memory များကို ချန်ခဲ့ပါတယ်။ ဒါတွေဟာ resource ကိုများ လေလွင့်ဆုံးရှုံးစေမှုကို ဦးတည်နေပါတယ်။ DLL file များကို unload ဖြစ်အောင်....

အဆင့် ၁ : HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Explorer ကိုသွားပါ။

အဆင့် ၂ : ပြီးရင် AlwaysUnloadDLL ဆိုတဲ့ DWORD တစ်ခုကို ဖန်တီးလိုက်ပြီး value data ကို 1 လို့ထည့်လိုက်ပါ။

No comments:

Post a Comment