Sunday, October 5, 2014

How to Dual Boot Windows 10 Preview with Windows 7 (or) 8

အားလုံးပဲမင်္ဂလာပါ... ကျနော် တင်ပြမယ့် နည်းလမ်းလေးကတော့ တကယ်လို့  Windows 10 ကို အစမ်းသုံးတယ်.. လက်ရှိအသုံးပြုနေတဲ့ Windows 8 (သို့  ) Windows 7 ကိုလည်း ပစ်မထားရက်ဘူးဆိုရင် ဘယ်လို Computer တစ်လုံးမှာ Dual Boot လုပ်ပြီး Windows နှစ်ခုလုံးကို ဘယ်လို အသုံးပြုရမယ် ဆိုတာလေးပါ...Windows 10 ကို install လုပ်ဖို့ အတွက် partition ပမာဏ ကို အနည်းဆုံး 20 GB  ပေးရပါမယ်။ကဲ စကြစို့ 

အရင်ဆုံး လိုအပ်လာတဲ့ Windows 10 preview ISO File ကို ဒေါင်းဖို့  အတွက် preview.windows.com ကို အရင် သွားပါ ။အောက်ပါပုံအတိုင်းရောက်သွားပါမယ်.. Ger Started ကို နှိပ်ပြီး Live Mail/hot mail ဖြင့် sign in ၀င်ပါ။ တကယ်လို့  Mail မရှိသေးဘူးဆိုရင် Sign Up နဲ့  ၀င်ရပါမယ်... 


sign in ၀င်ပြီးသွားရင် install Technical Preview ကို နှိပ်ပါ... 
 


Ok... Windows 7 USB/DVD Download Tool မရှိသေးရင်တော့ wudt.codeplex.com မှာ သွား ဒေါင်းပါ။USB Flash drive  ဒေါင်းဖို့  အတွက်ကို မိမိ ကွန်ပျူတာထဲမှာ အနည်းဆုံး 4 GB  ပေးရပါမယ်။

Download တွေပြီးပြီ အလုံးအဆင်သင့်ဖြစ်ပြီ ဆိုရင် အောက်ပါပုံကိုကြည့်ပါ.. Windows 7 USB/DVD Download Tool ကို အောက်ပါအတိုင်း မြင်ရပါမယ်။ISO file ကိုရွေးပြီး Next လုပ်ပါ။


အပေါ်မှာ Next လုပ်ရင် အောက်ပါ ပုံ အတိုင်း ရောက်ပါလိမ့်မယ်... USB နဲ့  ဆိုတော့ USB device ကို ပဲရွေးပေးပါ ။DVD နဲ့ ဆို DVD ကိုရွေးပေးရပါမယ်..


အဲဒီနေရာမှာ Usb ကို ဆက်ပြီး Begin copying ကို နှိပ်ပါ..


Erase USB Device (သို့  ) Ok နှိပ်လိုက်ပါ ။


100% ရောက်တဲ့ ထိစောင့်ပေးပါ။



တကယ် ပြီးသွား ပြီးဆိုမှ desktop control panel ကိုဝင်ပြီး Administrative tools ကိုနှိပ် Computer Management ထဲမှာ Disk Management တွေ့ ပါလိမ့်မယ်...


Right click ထောက်ပြီး Shrink Volume ကို ရွေးပါ။


Box တစ်ခုပေါ်လာရင် အရွယ်အစားကို mb ဖြင့် သတ်မှတ်ပေးပြီး shrink နှိပ်ပါ ။


Shrink ပြီးတာနဲ့  disk management window မှာ partition အသစ်တစ်ခု ရလာပါပြီ။အဲဒီ partition ကို format ချဖို့ အတွက် partition ပေါ်မှာ right click နှိပ်ပြီး new simple volume ကိုနှိပ်ပါ။


အောက်ကပုံမှာလို wizard တစ်ခုပေါ်လာရင် next နှိပ်ပါ။


Next ဆက်နှိပ်ပါ။


နောက် wizard မှာတော့ drive letter ကို သင်ကြိုက်နှစ်သက်ရာပေးပြီး next နှိပ်ပါ။


နောက် wizard ပေါ်လာရင် ကျန် တာတွေပြင်စရာမလိုပါဘူး အောက်ကပုံမှာ Volume label မှာ Windows 10 လို့  နာမည်ပေးပါ။Windows 10 ကို install လုပ်တဲ့အခါမှာ ဒီ hard drive မှာ install လုပ်မှာဖြစ်တဲ့အတွက် အမှတ်အသားပေးထားတဲ့ သဘောပါ။တကယ်လို့  မပေးချင်ရင် Do not format this volume ကိုရွေးပြီး Next ဆက်နှိပ်ပါ ။



Finish နှိပ် လိုက်တော့ :P



Boot off of your USB drive  ဆိုတဲ့စာသားပေါ်လာရင် key တစ်ခုခု ကို အမြန်နှိပ်ပါ။ F11 or F12 နှိပ်ပေးပါ ။Click Next


နောက် wizard မှာ Install now ကိုနှိပ်ပါ။


Accept the license terms ကို အမှန်ခြစ်ပြီး Next ဆက်နှိပ်ပါ ။


Custom ကို  install လုပ်ပါ ။



အောက်က wizard ရောက်ရင်တော့ unallocated space ကိုရွေးပေးပြီး Next နှိပ်ပါ။


အဲ အဆင့်မှာတော့ windows ကို install လုပ်ပါလိမ့်မယ်။


Install လုပ်ပြီးသွားရင်နောက်အဆင့်တွေမှာ pc name ပေးရပါမယ်။ express setting (or) customize setting စတာတွေကို ရွေးချယ်ခိုင်းမှာပါ။


Name and password တွေပေးပြီးရင် windows 10 ကိုစအသုံးပြုလို့ ရပါပြီ။




Set this up as a new PC instead ကို နှိပ်ပါ ။


Next ကို နှိပ်ပါ ။

Next time you boot your PC, you’ll be presented with the same boot menu and given the choice of starting your old version of Windows or Windows 10 Preview. Thank..




ref;http://www.mmsanaydar.com/

No comments:

Post a Comment