Thursday, November 20, 2014

Facebook က Groups App ကို ဖြန့်ချီ


==========================
Facebook က Groups App ကို သီးခြား App အနေဖြင့် ဖြန့်ချီလိုက်ပါသည်။
Facebook Groups ဟု အမည်ပေးထားပြီး အသုံးပြုသူများ အနေဖြင့် သူတို့၏ Facebook Groups များနှင့် 
လွယ်ကူစွာ ထိတွေ့နိုင်သကဲ့သို့ Group အသစ်များကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။
Facebook App တွင် Group များကို စီမံခန့်ခွဲနိုင်သော်လည်း သီးခြား App သည် ပိုမို 
စွမ်းဆောင်ရည် ပြည့်ဝသည်ဟု သိရပါသည်။ Facebook Groups ကို Android , iOS များအတွက် 
ထုတ်လုပ်ပေးထားပါသည်။
Messenger ကဲ့သို့မဟုတ်ဘဲ Groups များကို ပင်မ Facebook App တွင် ဆက်လက် 
အသုံးပြုနိုင်သေးသည်ဟု သိရပါသည်။
Facebook Groups တွင် Discovery Tab ပါရှိပြီး အဖွဲ့အသစ်များကို အကြံပြုပြသပေးနိုင်ပါသည်။ 
အသုံးပြုသူ၏ သူငယ်ချင်းများ ပါဝင်သော အဖွဲ့များ၊ အသုံးပြုသူ၏ နေထိုင်ရာ ဒေသနှင့် အသုံးပြုသူ 
Like ပြုလုပ်ထားသော Pages များ အပေါ်မူတည်၍ အဖွဲ့များကို အကြံပြု ပြသပေးမည် ဖြစ်သည်။
အဖွဲ့များစွာကို ကိုယ်တွယ်နေသူများအတွက် Facebook Groups ကို ဒီဇိုင်း ပြုလုပ်ပေးထားသည်ဟု 
Product Manager ဖြစ်သူ Shirley Sun က ပြောပါသည်။ အောက်တိုဘာလတွင် Facebook 
က ကြေညာချက်အရ အသုံးပြုသူ သန်းခုနစ်ရာသည် အဖွဲ့များတွင် ပါဝင်လျှက်ရှိပြီး ဇန်န၀ါရီလ စစ်တမ်းအရ 
အဖွဲ့များတွင် ပါဝင်သူ သန်းငါးရာထက် မြင့်မားလာခြင်း ဖြစ်ပါသည်။
Facebook Groups ကို အောက်ပါ လင့်မှ ရယူနိုင်ပါသည်။
Credit :Digital Life Journal

No comments:

Post a Comment