Thursday, November 13, 2014

Myanmar Unit Converter (Version 2.0)


မြန်မာအခေါ်အဝေါ် အတိုင်းအတာ ကိန်းဂဏန်း Unit တန်ဖိုး များနှင့် အင်္ဂလိပ် အခေါ်အဝေါ် ကိန်းဂဏန်း Unit တန်းဖိုးများ ကိုတစ်ခုမှတစ်ခုသို့ အလွယ်တကူ တွက်ချက် ကူးပြောင်းလို့ရစေမယ့် Myanmar Unit Converter ဆိုတဲ့ Application လေးကို တင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ အသုံးလိုတဲ့ အချိန်အခါများမှာ ဤ Application ကိုအသုံးပြုပြီး တွက်ချက်အသုံးပြုခြင်းအားဖြင့် တစ်ထောင့်တစ်နေရာက အကူအညီရစေမှာလည်းဖြစ်ပါတယ်။ဤ Application လေးတွင် အဓိကအားဖြင့်အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။
-Length
-Mass
-Volume
စတာတွေပဲဖြစ်ပါတယ်။
★ Length ဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် ဆံခြည်၊နှမ်း၊မုယော၊လက်သစ်၊မိုက်၊ထွာ၊တောင်၊လံ၊တာ၊ဥသဘ၊ကောသ၊ဂါဝုတ်၊ယူဇနာ၊mm၊cm၊m၊km၊thou၊mil၊in၊ft၊yd၊mi စတဲ့ အတိုင်းအတာ Unit ကိန်းဂဏန်းများကို တစ်ခုမှ တစ်ခုသို့ မိမိပြောင်းလဲတွက်ချက်လိုသော ကိန်းဂဏန်း များအား ရိုက်ထည့်ကာ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။
★ Mass မှာဆိုရင် ရွေးလေး၊ရွေးကြီး၊ပဲသား၊မူးသား၊မတ်သား၊ငါးမူးသား၊ကျပ်သား၊အ၀က်သား၊အစိတ်သား၊ငါးဆယ်သား၊ပိသာ၊အချိန်တစ်ရာ၊mg၊g၊kg၊grain၊oz၊lb စတဲ့ အတိုင်းအတာ Unit ကိန်းဂဏန်းများကို တစ်ခုမှတစ်ခုသို့ ပြောင်းလဲတွက်ချက်လို့ရစေမှာပါ။
★ Volume မှာ ဆိုရင်လည်း လမြူ၊လမျက်၊လမယ်၊စလွယ်၊ခွက်၊ပြည်၊စိတ်၊ခွဲ၊တင်း၊ml၊litre၊fl oz၊pints၊qt၊gallons စတဲ့ ကိန်းဂဏန်း Unit တန်းဖိုးများကို တစ်ခုမှ တစ်ခုသို့ မိမိစိတ်ကြိုက် ပြောင်းလဲလို့ ရပါတယ်။
APK ရဲ့ Size အရွယ်အစား ကတော့ 1.74 MB ရှိပြီး Google Play Store တွင်လည်း Download ရယူနိုင်သလို Google Play Store ၀င်ရန် အခက်အခဲရှိသူများ အောက်တွင် မိမိကြိုက်နှစ်သက်သည့် Link ကနေ Download ဆွဲယူကာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။


No comments:

Post a Comment