Wednesday, August 27, 2014

Black Screen ဖြစ်ပြီး Window ဆက်မတက်နိုင်လျှင် ဖြေရှင်းနည်း

Black Screen ဖြစ်ပြီး Window ဆက်မတက်နိုင်လျှင် ဖြေရှင်းနည်း

တစ်ခါတစ်လေ ကွန်ပျူတာ ဖွင့်တဲ့အချိန် Black Screen ပေါ်ပြီး Window ဆက်မတက်တာမျိုးတွေ ကြုံဖူးကြမယ်ထင်တယ် ...

အထူးသဖြင့် Virus စစ်ပြီးတဲ့အချိန် Virus Update လုပ်ပြီး Restart ပြန်လုပ်တဲ့ အချိန်မျိုးမှာ အဖြစ်များပါတယ် ...

Antivirus ဆော့ဝဲလ် က လက်စွမ်းအပြ လွန်သွားတာပါ ... :p အဲ့လိုမျိုးတွေ ကြုံလာရင် စိတ်မညစ်ပါနဲ့

အခုပြောပြမယ့် နည်းလေးအတိုင်း လုပ်ကြည့်လိုက်နော် ...

ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်ထားမှ အဆင်ပြေပါမယ် ...

Black Screen Window ပေါ်နေတဲ့အချိန်မှာ Ctrl + Alt ကိုဖိထားပြီး Del key ကို နှိပ်ပါ ...

Start Task Manager ကို ရွေးပါ ... Task Manager ပွင့်လာလျှင်


File Menu ထဲက New Task (Run...) ဆိုတာကိုရွေးပါ ... ပြီးလျှင်ပေါ်လာတဲ့ Box ထဲမှာ အောက်ပါအတိုင်းရိုက်ပါ ...

"C:\Program Files\Internet Explorer\iexplore.exe" "
http://info.prevx.com/download.asp?GRAB=BLACKSCREENFIX"
Internet Explore ပွင့်ပြီး Download ချနေတဲ့အချိန် ခဏစောင့်ပါ

Run ကို နှိပ်ပါ ... 


 ခဏစောင့်ပြီး Yes ကို ရွေးချယ်ပါ ..

 ပြီးလျှင် Yes ကိုပဲ ရွေးချယ်ပြီး Computer ကို Restart ချပါ ...

 ပုံမှန်အတိုင်း Window ပြန်တက်လာပါလိမ့်မယ် ...

အဆင်ပြေပါစေ...


No comments:

Post a Comment