Windows 9 ကို စက်တင်ဘာလတွင် ဖြန့်ချီမည်....
Microsoft ၏ Operating System အသစ်ဖြစ်သော Windows 9 Preview ကို စက်တင်ဘာလတွင် ဖြန့်ချီမည်ဟု ZDNet မှ Mary Jo Foley က ရေးသားထားပါသည်။
သတင်းအရင်းအမြစ်များစွာကို Foley က ဖော်ပြထားပြီး Windows 9 Preview ကို စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလ အစောပိုင်းတွင် ဖြန့်ချီမည်ဟု သိရပါသည်။
ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Windows 9 ကို ၂၀၁၅ ခုနှစ် လ၀က်တွင် ဖြန့်ချီမည်ဟု သိရပါသည်။ Preview သည် နောက်ဆုံး ဗားရှင်း မထွက်မီ ဖြန့်ချီပေးလေ့ရှိသော အမျိုးအစားဖြစ်ပြီး စားသုံးသူများက စမ်းသပ်အသုံးပြုနိုင်မည် ဖြစ်သည်။
Foley သည် Microsoft ၏ သတင်းများကို ရေးသားရာတွင် ယုံကြည်ရသည်ဟု သိရပါသည်။ နည်းပညာ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကြာ ရေးသားလျှက်ရှိပြီး Microsoft ၏ ထုတ်ကုန် စက်ဝိုင်းများကို ခန့်မှန်းရာတွင် မှန်ကန်လေ့ရှိပါသည်။
Windows 9 တွင် ၀င်းဒိုးဂေဟစနစ်ကို ပြောင်းလဲပေးမည့် အရာများ ပါရှိလာမည်ဟု မျှော်လင့်ရပါသည်။ Microsoft က Windows 8 မှ စားသုံးသူများ မနှစ်သက်သည့် အရာများကို Windows 9 တွင် ပြင်ဆင်ပေးမည်ဖြစ်သည်။ Windows 9 တွင် Start Menu ပြန်လည် ပါရှိလာမည် ဖြစ်ပြီး Charms Bar ကို ဖယ်ရှားထားမည် ဖြစ်သည်။ ထို့အပြင် Metro Apps များကို Desktop တွင် အသုံးပြုနိုင်စေရန် ပြုလုပ်ပေးထားမည် ဖြစ်သည်။
အတိုချုပ်အားဖြင့် Windows 8 သည် ထိတွေ့မျက်နှာပြင် ပါသော တက်ဘလက်နှင့် လက်တော့များအတွက် ဒီဇိုင်း ပြုလုပ်ထားခြင်း ဖြစ်ပြီး Windows 9 တွင်မူ သမားရိုးကျ Desktop OS အရသာကို ပြန်လည် ပေးစွမ်းမည် ဖြစ်သည်။
Microsoft ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana သည်လည်း Windows 9 တွင် ပါရှိလာမည်ဟု သတင်းများထွက်ပေါ်နေပါသည်။
Credit:Myanmar Digital Life Journal
Post By:#MMIT
No comments:
Post a Comment