Wednesday, January 28, 2015

Fury (14) မြန်မာစာတန်းထိုး

Fury (14) မြန်မာစာတန်းထိုး

Screen Shots



၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။
 အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။
ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာတော့ လူစားထိုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ တဲ့ နော်မန်ကို မလိုလားကြပါဖူး။ တစ်ရက်တော့ ကင်းထောက်ထွက်ရင်း ဖျူရီပေါ်မှ ကင်းတာဝန်ယူထားတဲ့ နော်မန်က ရန်သူကိုမြင်လိုက်ပေမယ့် ဆယ်ကျော်သက်အရွယ်ဖြစ်နေတာမို့ သတ်ဖို့လက်မရဲတဲ့အတွက် အမေရိကန်တပ်မှ တင့်ကားတစ်စီးပျက်စီးကာ စစ်သားများလည်း အနိုင်ရသွားပါတယ်။ ကော်လီရာက နော်မန်ကို ဒေါသတကြီးဆူပူကာ အရှင်မိထားတဲ့ ဂျာမန်သုံ့ပန်းတစ်ယောက်ကို သူ့ရှေ့မှာတင် သေနတ်နဲ့ပစ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့  ရန်သူကိုမသတ်ရဲတဲ့ နော်မန်ကို ကော်လီယာကိုယ်တိုင် အတင်းဖမ်းချုပ်ပြီး လက်ထဲကိုသေနတ်အတင်းထည့်ကာ ရန်သူကိုပစ်သတ်လိုက်ပါတယ်။
ဖျူရီအပါအ၀င် တခြားတင့်ကားတပ်ဖွဲ့တွေက ရိက္ခာပို့ယဉ်တွေကို ကာကွယ်ဖို့ အရေးပါတဲ့လမ်းကြောင်း တစ်လျှောက် စစ်ဆင်ရေးလုပ်ခဲ့ရာ ဂျာမနီဘက်မှ အကြီးစားတင့်ကား Tiger 1 နဲ့ရင်ဆိုင်ရတဲ့အတွက် တခြားတင့်ကားတွေအားလုံး ပျက်ဆီးကာ ဖျူရီတစ်စီးပဲ ကျန်ရစ်ပါတယ်။ အပြန်လမှ်းာ မြေမြှုပ်မိုင်းတစ်ခုကို နင်းမိပြီး ဖျူရီရဲ့ ဘီးတွေပျက်ဆီးသွားပါတယ်။ 
 ကော်လီရာက နော်မန်ကို အနားက တောင်ကုန်းပေါ်မှာ ကင်းစောင့်ခိုင်းထားပြီး ကျန်တဲ့သူတွေနဲ့ ဖျူရီကို ပြင်ဖို့ကြိုးစားပါတယ်။ နော်မန်ကင်းစောင့်နေစဉ်အတွင်း ဂျာမန်စစ်သား သုံးရာကျော်ဟာ စစ်သီချင်းသံပြိုင်ဆိုကာ ဖျူရီရှိတဲ့ လမ်းတည့်တည့်ကို ချီတက်လာနေကြောင့် တွေ့လိုက်ရပါတော့တယ်။ 
အဲ့ဒီအကြောင်းကို နော်မန်က ကော်လီရာဆီ အချိန်မီရောက်အောင် အမြန်သတင်းပို့လိုက်ပါတယ်။ ကော်လီရာက ဖျူရီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဘိုင်ဘယ် ၊ ကွန်းအက်စ်  ၊ဂေါ်ဒို  နဲ့ နော်မန်တို့ကို လက်နက် ကျည်ဆံအပြည့်ပေးပြီး အကာအကွယ်ရှိရာ တောတန်းဆီကို ဆုတ်ခွာခိုင်းပါတယ်။ သူကိုယ်တိုင်ကတော့ ဖျူရီပေါ်မှ စက်သေနတ်ကို ကျည်ဖြည့်ကာ စောင့်နေခဲ့ပါတယ်။  
လက်တွဲညီတဲ့ ဖျူရီ ဘက်တော်သားတွေက ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာကိုမထားခဲ့ နိုင်ကြပဲ ဘီးတွေပျက်ဆီးသွားလို့ မရွေ့လျားနိုင်တော့တဲ့ ဖျူရီပေါ်မှနေပြီး ရန်သူအင်အား သုံးရာကျော်ကို ခုခံဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။   
 သူတို့ ၅ယောက်က လက်နက်၊ ကျည်၊ လက်ပစ်ဗုံး ရသမျှစုစည်းကာ ဖျူရီကိုလည်း တင့်ကားအပျက်သဖွယ် ပြင်ဆင်ပြီး ရန်သူတပ်ကြီးအလာကို တင့်ကားအတွင်းမှ တိတ်ဆိတ်စွာစောင့်ဆိုင်းနေပါတော့တယ်။ 
တင့်ကားကို သန့်ရှင်းရေးလုပ်ဖို့အသွား ကားအတွင်းမှ ခန္စာကိုယ်အပိုင်းအပြတ်ကို မြင်ပြီး ကြောက်လန့်ကာထွက်ပြေးခဲ့ရတဲ့ နော်မန်က အခုတော့ ဖျူရီရဲ့ အားကိုးရတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီ။ ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာက ဖျူရီကိုရောက်လာတဲ့ သူ့လက်အောက်ငယ်သားအားလုံးကို ဘေးကင်းစေရမယ်လို့ အာမခံကာ သူကိုယ်တိုင်က တင့်ကားအတွင်းမှာဘယ်တော့မှမနေပဲ တင့်ကားအမိုးမှာခေါင်းထွက်ကာ တိုက်ပွဲမြင်ကွင်းကို သေချာကြည့်ပြီး ကြီးကြပ်ကွပ်ကဲတဲ့အတွက် ရန်သူ့တပ်နဲ့တွေ့တိုင်း ဖျူရီက အနိုင်ရခဲ့တာချည်းပဲဖြစ်ပါတယ်။ 
ဒီတစ်ခါ တိုက်ပွဲကတော့ ဖျူရီအတွက် နောက်ဆုံးတိုက်ပွဲဖြစ်မလား ။ ရန်သူဘက်မှအင်အားများပေမယ့် တင့်ကားမပါတဲ့အတွက် ဖျူရီအတွက် မျှော်လင့်ချက်ရှိနိုင်မလား။ ကော်လီရာရဲ့ ကွပ်ကဲမှုနဲ့ဖျူရီတပ်ဖွဲ့ဝင်တွေ အရင်လိုပဲ အောင်ပွဲခံနိုင်မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြည့်စေလိုပါတယ်။ 
ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှု တွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မင်းသား ဘရက်ပစ်ရဲ့ ကော်လီရာဇတ်ရုပ်အပေါ် ပီပြင်မှုကလည်း ဇာတ်ရှိန်ကို မြင့်တက်စေပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဖျူရီဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကိုတွေ့ကြုံခံစားရတဲ့ သာမန်မိသားစုတွေလိုပဲ ဖျူရီတပ်ဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ တင့်ကားနဲ့ မိသားစုဝင်တွေဖြစ်တဲ့ တင့်ကားအဖွဲ့ဝင်တွေကို အချင်းချင်းကာကွယ်စောင့်ရှောက်ပုံကို ရိုက်ကူးထားတာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
ရုပ်ရှင်အစအဆုံး စစ်အနိဌာရုံများကိုလည်း ပီပြင်စွာ ကြည့်ရမယ့်ဒီဇာတ်ကားက လက်ရှိမှာ  IMDB rating 8.1 ရရှိထားပါတယ်။ မင်းသား ဘရက်ပစ် ဦးဆောင်ပါဝင်ပြီး End of Watch (2012) , Training Day (2001), The Fast and Furious (2001) တို့ရဲ့ နံမည်ကျော်ဒါရိုက်တာ ဒေးဗစ်အိုင်ယာက ထုတ်လုပ်သူ ဒါရိုက်တာ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါကြောင်း… 

(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်။)
မြန်မာစာတန်းထိုးကိုတော့ (လင်းဒီပါ+ Lotus Black) တို့မှ ကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။ 

File size...1.1GB   
Quality....Blu-ray Rip 480p 
Format...mp4
Duration....02:14:38
Subtitle....Myanmar Subtitle(Hardsub)
 
Encoder....Nyeinsaeya Aung

  
Download and Watch(pCloud Link) 
 
 

The Book of Life(2014) မြန်မာစာတန်းထိုး


Screen Shots



တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့...
ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ၀ိဥာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။
အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ကို ဒါရိုက်တာ Jorge Gutierrez ကရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့ Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။

IMDb Rating (7.4/10)Rotten Tomatoes (82%) ရရှိထားလို့ ကြည့်ဖို့တိုက်တွန်းပါတယ်။
(မြန်မာစာတန်းထိုးကိုတော့ ညီလေး Nyi Thanlwin မှကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။) 

File size...896MB   
Quality....WEB-DL Rip 480p 
Format...mp4
Duration....01:35:27
Subtitle....Myanmar Subtitle(Hardsub)
 
Encoder....Nyeinsaeya Aung 

 
Download and Watch(pCloud Link)

ref;http://www.channelmyanmar.com/

PERSONAL-DIARY-with-passw

နည်းပညာ ညီကိုမ များအတွက် ဒီဒိုင်ယာရီapkလေးနဲ့ မိတ်ဆက်ပေးပါမယ် လုပ်ဆောင်နည်းပုံတွေပါတင်ပေးထားတာမို့ သိပ်မပြောပြတော့ပါဘူး တနေ့တာမှတ်တမ်းများကိုသိမ်းထားချင်သူများ ကိုယ့်မှတ်တမ်းမှတ်ရာများသူများဖတ်မရအောင်ပါ lock ချထားလို့ရပါတယ် ဆွဲယူပြီး ပြန်လည်ဝေမျှပေးနိုင်ပါစေ ကျနော် ချပေးတဲ့ linkနဲ့အဆင်မပြေသူများကို ပြန်လည်ကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ် 
အဆင်ပြေပါစေဗျာ


DOWNLOAD 

ref;လှိုင်း လုံးလေး

Tuesday, January 27, 2015

Data သုံးစွဲမှု သက်သာစေမည့် Facebook Lite app


======================================
နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သော Facebook သည် သိုလှောင်မှုပမာဏ အကန့်အသတ်ရှိသော 
စွမ်းဆောင်ရည်နိမ့် Android ဖုန်းများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်မည့် ဖိုင်အရွယ်အစား 252KB 
သာရှိသော Facebook Lite app ကို မိတ်ဆက်ပေးခဲ့သည်။
2G ကွန်ရက်များဖြင့် အသုံးပြုနိုင်မည့် အဆိုပါ အခမဲ့ app သည် data 
သုံးစွဲမှုပမာဏကို လျော့နည်းသက်သာစေသည့် အပြင် Facebook Messenger inbox တစ်ခုကိုလည်း 
built-in ထည့်သွင်းပေးထားသည်။ သုံးစွဲသူအနေဖြင့် status update များနှင့် ဓာတ်ပုံများ ဝေမျှနိုင်ပြီး 
Web ပေါ်တွင် Facebook အသုံးပြုခြင်းကဲ့သို့ အပြန်အလှန် ပြုလုပ်နိုင်သည်။
၎င်း app ကို Facebook က ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ နီပေါ၊ တောင်အာဖရိက၊ ဆူဒန်၊ 
သီရိလင်္ကာနှင့် ဇင်ဘာဘွေ နိုင်ငံများအတွက် ဖြန့်ချိပေးထားခြင်း ဖြစ်သည်။
Facebook Lite ကို Google Play မှ ရယူကာ စမ်းသပ်သုံးစွဲနိုင်သလို
အောက်ကလင့်ကနေ download ရယူကာ စမ်းသပ်အသုံးပြုနိုင်ပါပြီခင်ဗျာ။
Credit: Internet Journal

♪ ကြေးစားလူသတ်သမားဂိမ်း - CONTRACT KILLER SNIPER v1.2.1 [Mod] Apk ♫


http://needcheats.net/wp-content/uploads/2014/11/Contract-Killer_Sniper2.jpg

အခုတင်ပေးလိုက်တဲ့ Game လေးကတော့ တကယ့်ကို Action Game စစ်စစ်လေးတွေကိုမှကစားချင်းတဲ့ သူငယ်ချင်းများအတွက် လုံးဝကိုစွဲသွားစေမှာသေချာပါတယ်။ CONTRACT KILLER SNIPER လို့အမည်ရ တဲ့ Game လေးဖြစ်ပါတယ်ဗျာ။ ကြေးစားလူသတ်သမား တစ်ယောက်နေရာကနေကစားရမှာဖြစ်ပြီး မိမိ အနေနဲ့ပစ်ခက်တိုက်ခိုက်ရမယ့် လူဆိုးဂိုဏ်းများကို လိုက်လံနှိမ်နင်းရမှာပါ။ နောက်ပြီး Hack ထားပြီးသား Game လေးဖြစ်တဲ့အတွက် ကြမ်းချင်တိုင်ကြမ်း ရမ်းချင်တိုင်းရမ်းပြီး စိတ်ကြိုက်ကစားရမှာပါ။ ကျည်တွေ အသက်တွေ လက်နက်တွေ ရုပ်ထွက်နဲ့ အသံပိုင်းဆိုင်ရာမှာလည်း အထူကောင်းမွန်တာကြောင့် Game ကစားရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်ဗျာ။ အဆင့်တွေကလည်းအများကြီးနဲ့ ကစားရမှာဖြစ်ပြီး အဆင့်တစ်ခုနဲ့တစ်ခုကလည်းလုံးဝမတူပါဘူး။ ဇတ်ရှိန်ကပိုပိုမြင့်လာပါတယ်ဗျာ Game ရဲ့ပုံစံကိုနမူနာ ကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 3.0 နှင့်အထက် ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။

 
CONTRACT KILLER: SNIPER - screenshot thumbnail

CONTRACT KILLER: SNIPER - screenshot thumbnail

CONTRACT KILLER: SNIPER - screenshot

CONTRACT KILLER: SNIPER - screenshot

CONTRACT KILLER: SNIPER - screenshot

CONTRACT KILLER: SNIPER - screenshot


Monday, January 26, 2015

Message Locker – SMS Lock v1.3.5


============
မင်္ဂလာပါ ဒီနေ့မှ အသစ်ထွက်လာတဲ့ ဆော့ဝဲလေးတစ်ခုကို
 
မိတ်ဆက်ပေးလိုက်ပါတယ်၊ နာမည်ကိုမြင်တာနဲ့ဘာဆိုတာကို သဘောပေါက်မှာပါ။
သိတယ်မလား တစ်ခါတစ်လေ အသက်ထက် အရှက်တရားက
 
ပိုအရေးကြီးတယ်ဆိုတာပေါ့၊ ဟုတ်ပါတယ် မိမိမှာဖုန်းလေးတစ်လုံး
 
အဆင်ပြေအောင် ကိုင်ဆောင်ထားတယ်။ အထူးသဖြင့် ချစ်သူ
 
ကောင်လေး၊ ကောင်မလေးနဲ့ ပြောထားမိတဲ့ ထောင့်တစ်ညပုံပြင်ထဲက
 
ချစ်စရာစကားလုံး တီတီတာတာလေးတွေကိုပါ...
ကိုယ်ကရိုးသားတယ်ဆိုပေမယ့် တမင်အပေါက်လိုက်ရှာနေတဲ့
 
သူတွေနဲ့တိုးတဲ့နေ့ကတော့ အုံးစားခံရတဲ့နေပဲဖြစ်မှာပါ
 
မိမိရဲ့ ပေါ့လျှော့မှု တစ်ချက်ကြောင့် မလိုအပ်တဲ့ အမုန်းတရားတွေ
 
အချင်းချင်းကြား ရောက်လာတတ်ပါတယ်၊... ဒီလိုမဖြစ်ရအောင် ဒီ ဆော့ဝဲလေးနဲ့ကာကွယ်ထားလိုက်ပါ။

UNDELETE Professional 10.0.39 With Serial Key Full

ကွန်ပျူတာမှာ Date File များကိုပြန်လည်ရယူပေးနိုင်တဲ့ Active@

UNDELETE ဆော့ဝဲကောင်းလေးတစ်ခုဖြစ်ပါတယ်။ သူ့ဆော့ဝဲလေးက

FAT, NTFS, NTFS + EFS, MacOS HFS+, Linux Ext2/Ext3/Ext4

ထဲမှ Date File များကို ဖျက်မိတာပဲဖြစ်ဖြစ် Formated

လုပ်မိတာပဲဖြစ်ဖြစ် ပြန်လည် ရယူနိုင်ပါတယ်။ကဲ Date

တွေကိုပြန်ယူချင်သူများအတွက်  Active@UNDELETE ဆော့ဝဲကို

အသုံးပြုလိုက်ပါနော်

DOWNLOAD
ref;http://wheretheit.blogspot.com/

KitKat Emoji Keyboard v1.0.2 apk for Android


kitkat-emoji-keyboardချစ်စရာအရုပ်ကလေးတွေရိုက်လို့ ရတဲ့ keyboard လေးပါ။အရုပ်တွေက
အများကြီးပဲ။တော်တော်မိုက်တယ်။ပီးတော့မြန်မာကီးဘုတ်ကိုလည်း
အလွယ်တကူပြောင်းလို့ ရတော့ပိုအဆင်ပြေသွားတာပေါ့။
KitKat ဒီဇိုင်းလေးနဲ့ ဆိုတော့ ပိုလန်းသွားတာပေါ့။ကီးဘုတ်ထည့်နည်းကတော့ ထုံးစံအတိုင်း

app လေးကိုသွင်းပီး Setting ထဲက keyboard & language ထဲဝင်ပီးပြောင်းရုံပဲ။
ကဲ……သုံးကြည့်ချင်တယ်ဆိုရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ။ 


မြန်မာကီးဘုတ်ကိုပြောင်းချင်ရင် ကီးဘုတ်က ကမ္ဘာလုံးလေးကိုနှိပ်လိုက်ရုံပါပဲ။







Emoji Keyboard ကို ပြန်ပြောင်းချင်ရင်တော့ အပေါ်က notification bar က ကီးဘုတ်
သင်္ကေတလေးမှာလဲ ပြောင်းလို့ ရပါတယ်


Download

ref;http://wheretheit.blogspot.com/

ဘက်ထရီလည်းခံ လိုင်းလည်းမြန် ဖုန်းလိုင်းလည်းပိုမိုမိစေတဲ့ All in one ဆော့ဝဲ



ref;http://wheretheit.blogspot.com/
Download -
https://userscloud.com/0o8jzkbewamr

သူငယ်ချင်းတွေကို သရဲလုပ်ပြီးစမယ့်memeapp.maker

မင်္ဂလာပါ ဘော်ဒါတို့ ကိုယ်တိုင်ပဲဖြစ်ဖြစ် ဘော်ဒါတွေကို စနောက်ချင်သောအားဖြင့် အပျော်တမ်း သုံးကြည့်ဖို့အဆင်ပြေမယ်ထင်လို့တင်ပေးလိုက်တယ်နော် လုပ်ပုံလုပ်နည်းကို Video file တင်ဖို့ပါပဲ လိုင်းကချာတူးလန်ဖြစ်နေလို့ ကိုယ်တိုင်ပဲလုပ်ကြည့်ကြပါလို့ မခဲယဉ်းပါဘူးခဗျာ။
 DOWNLOAD

ref;Duko Ko

Sunday, January 25, 2015

♪ ပြိုင်ကား Game စစ်စစ်မောင်းချင်သူများအတွက် - Formula Unlimited 2014 v1.2.12 Apk ♫


ကဲဗျာအခုတစ်ခါမှာတော့ Game ဘက်ကိုပြန်လှည့်ပါဦးမယ်။ အခု Android Phone & Tablet တွေမှာ ကားမောင်းပြိုင်ချင်သူများအတွက် ကားမောင် Game စစ်စစ်ကိုတင်ပေးလိုက်ပါတယ်ဗျာ။ နာမည်ကြီး Formula 1 ကားမောင်းပြိုင်ပွဲအတိုင်းပါပဲ။ အခုတင်ပေးလိုက်တာ Unlimited Game ဖြစ်တဲ့အတွက် မိမိ သဘောကျတဲ့ ကြိုက်တဲ့ပြိုင်ကားတွေကို ရွေးချယ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အဆင်တွေနဲ့မောင်း ချင်တဲ့ ကားမောင်ပြိုင်တဲ့ လမ်းတွေ နေရာတွေ မြေပုံတွေကိုလည်းစိတ်ကြိုက်ရွေးချယ်မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်ဗျာ။ ရုပ်ထွက်ရောအသံပိုင်းမှာပါ တော်တော်လေးကောင်းမွန်တဲ့ Game လေးတစ်ခုပါ။ ကားမောင်း စဉ်မှာကြားနေရတဲ့ Music ကလည်းအတော်လေးကိုလန်းပါတယ်ဗျာ။ Obb Data မလိုဘဲ Apk File ကိုသာ Install လုပ်ပြီးကားနိုင်မှာဖြစ်ပါတဲ့အတွက် အဆင်ပြေလွယ်ကူမှာပါ။ Android OS 2.3 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


The Boxtrolls(2014) မြန်မာစာတန်းထိုး


Animation ပရိတ်သတ်တွေအတွက် ထွက်ထားတာ မကြာသေးတဲ့ ကာတွန်းဇာတ်ကားအသစ်ကို
တင်ဆက်လိုက်ပါတယ်....IMDb Rating (6.9/10) ရရှိထားတဲ့ ဇာတ်ကားဖြစ်လို့
ကာတွန်းကြိုက်ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။

File size...1GB   
Quality....DVDRip
Format...mp4
Duration....01:40:00
Subtitle....Myanmar Subtitle(Hardsub)
 
Encoder....Nyeinsaeya Aung 

 
Download and Watch(pCloud Link) 

ref;channelmyanmar.com

Mere Dad Ki Maruti(2013) မြန်မာစာတန်းထိုး


ကျွန်တော်တို့ဆိုဒ်မှာ Action/Adventure ဇာတ်ကားတွေများနေလို့....
Comedy ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး Bollywood ဇာတ်ကားတင်ပေးလိုက်ပါတယ်....။
ဟာသဇာတ်ကားဆိုပေမယ့် IMDb Rating (6.5/10) ရရှိထားလို့ ပေါတောတောဟာသကားတော့
မဟုတ်ပါ....ကြည့်ပျော်ရှုပျော်ရှိပြီး ဇာတ်လမ်းကလဲ ဆန်းသစ်အောင်တင်ဆက်ထားပါတယ်။
ဒီဇာတ်လမ်းကို ကျောရိုးယူပြီး မြန်မာဇာတ်ကားပြန်ရိုက်ရင်တောင် အောင်မြင်နိုင်ပါတယ်။
(ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါတယ်..လွတ်လပ်စွာကွဲပြားခံစားနိုင်ပါတယ်)

http://www.channelmyanmar.com
>>>Nyeinsaeya Aung<<<

✔MM Font Converter v3.1 Updated✔


-UnicodeကနေZawgyi,Zawgyiကနေ
Unicodeကိုfontစာသားတွေကိုconvert
လုပ်ပြောင်းလည်းပေးမယ့်MM Font Converter
v3.1ဆိုတဲ့Updatedထွက်ရှိလာတဲ့apk
လေးတင်ပေးလိုက်ပါတယ်။apkရေးသားသူ
မြန်မာDeveloper MyatMinSoeဖြစ်ပါတယ်-
-Apk file size 862KBရှိပြီး
-Android OS Version4.0နှင့်အထက်ရှိထားတဲ့
ဖုန်းများမှာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-

Saturday, January 24, 2015

ဖုန်းထဲမှာအချစ်ရဲ့အဓိပ္ပါယ်အလှဆင်ချင်သူများအတွက်

ကဲဖုန်းထဲမှာအချစ်ရဲ့အဓိပ္ပါယ်အလှဆင်ချင်သူများအတွက်
 

valentile's day wallpaper apk

DOWNLOAD 

✔Cartoon Maker v1.0.1 Apk✔


-မိမိတို့ရဲ့ဓါတ်ပုံလေးတွေကိုကာတွန်းပုံလေးတွေ
အဖြစ်ပြောင်းလည်းပေးနိုင်တဲ့Cartoon Maker
v1.0.1 ဆိုတဲ့applicationလေးတစ်ခုတင်ပေး
လိုက်ပါပြီ-
-Apk File Size 12.7MB ရှိပြီး
-Android OS Version 4.0 နှင့်အထက်ရှိထား
တဲ့ဖုန်းများပေါ်မှာထည့်သွင်းinstallလုပ်၍အသုံး
ပြုနိုင်ပါတယ်-
-Apkအားအောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူပါ-
★DOWNLOAD ဆွဲရန်လင့်ခ်★
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

Tuesday, January 20, 2015

John Wick(2014) မြန်မာစာတန်းထိုး






ဒီကားက တော့ ကျွန်တော် ပြောထားသလိုပဲ Keanu Reeves ရဲ့ တကြော့ပြန်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ 1999 The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။

မနှစ်က ထွက်တဲ့ 47 Ronin မှာထဲက ကောင်းပေမယ့် ဇာတ်လမ်က မကောင်းတာကြောင့် လူတွေသိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် John Wick ကတော့ ပရိတ်သတ်အားပေးမှုရော၊ ရုပ်ရှင်ဝေဖန်သူတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။

ဇာတ်လမ်းက တော့ John Wick ရဲ့ မိန်းမက ကင်ဆာရောဂါနဲ့ သေသွားခဲ့ ပြီးနောက်မှာ သူ့အတွက် ခွေးကလေး တစ်ကောင် ချန်ထားခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို့ စာရေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာမထင်မှတ်ပဲ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အနားမှာရှိတဲ့ ကားဝပ်ရှော့ (မာဖီးယားနဲ့ပေါင်းလုပ်တဲ့ဝပ်ရှော့) ကို ကား VIN Number နဲ့ အရောင်ပြောင်းပေးဖို့ ယူသွားခဲ့ပါတယ်။ ကားခိုးခဲ့တဲ့ ကောင်လေးက New York က အကြီးဆုံး Russia Mafia ခေါင်းဆောင်ရဲ့ သားဖြစ်ပြီး၊ ဆိုင်ရှင်ကလည်း သူ့အဖေနဲ့ အတူတွဲလုပ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်က ကားကို ပြင်ပေးဖို့လက်မခံ ပဲ ကောင်းလေးကို မောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mafia ခေါင်းဆောင် Viggo Tarasov က ဆက်သွယ်လာရာမှာ သူ့သားက John Wick ရဲ့ ကားကို ခိုးပြီး သူခွေးလေးကို သတ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ သူသားပြန်လာတဲ့ အခါကျမှ Viggo က သားကို John Wick ဆိုတာ ဘယ်လိုလူလည်းဆိုတာ ရှင်းပြခဲ့ပါတယ်။ John Wick က တစ်ချိန်တုန်းက သူနဲ့အတူတွဲလုပ်ဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ကြောင်း၊ သူ မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူးဆိုတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံး လွန်ခဲ့တဲ့ ငါးနှစ်က သူဒီ အလုပ်မလုပ်တော့ဘူး သူချစ်တဲ့ မိန်းမနဲ့ တူတူနေတော့မယ်လို့ ပြောလာတော့ Viggo က သူ့ကိုနောက်ဆုံးအနေနဲ့ အလုပ်တစ်ခု လုပ်ပေးရင် သူ့ ကိုပေးထွက်မယ်လို့ ပြောခဲ့ပါတယ်။ သူခိုင်းတဲ့အလုပ်ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အလုပ်ဖြစ်ပြီး John Wick အနေနဲ့ လက်ခံခဲ့ရင် အသက်ရှင် ပြန်လာဖို့မရှိဘူးလို့ တွက်ပြီး ခိုင်းတာ ဖြစ်ပေမယ့် John ကပြီးမြောက်အောင်လုပ်နိုင်ခဲ့သလို၊ Viggo တို့ လက်ရှိ အခြေအနေရောက်နေတာ John Wick ကြောင့်လို့ပြောခဲပါတယ်။

ဒါပေမယ့်လည်း သူ့သားကို ကာကွယ်ဖို့အတွက် Viggo က John Wick ကို အသေသတ်ပေးဖို့အတွက် ဒေါ်လာ ၂သန်း နဲ့ Bounty တင်ခဲ့ပါတယ်။

ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့် ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့် ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ Trailer ကြည့်တုန်းက အထင်မကြီးထားပေမယ့် ဇာတ်ကား ကတော့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊ Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့က လူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။

Keanu Reeves ကလည်း The Matrix ထဲကအတိုင်း ပဲ တကယ့် ဆရာကျကျ သရုပ်ဆောင်သွားသလို သူ့ရဲ့ ဇာတ်ကောင်ကလည်း Matrix ထဲကလိုပဲ သွေးအေးအေးနဲ့ ဆရာကျကျ ဇာတ်ကောင်မျိုးဖြစ်ပါတယ်။ သူက Mafia လောကမှာ လူတိုင်း ကြောက်ရွံ့ လေးစားရသူတစ်ယောက်ဖြစ်သလို၊ John Wick ဆိုတဲ့ နာမည် ကြားတာနဲ့တင် လူတိုင်း တုန်လှုပ်သွားရလောက်အောင် နာမည်ကြီးလူသတ်သမား တစ်ဦးဖြစ်ပါတယ်။

ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီး Slow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစ Practical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ အက်ရှင်ကားဖြစ်ပြီးတော့ No Nudity, No Sex Scene ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ သွေးထွက်သံယိုများလို့ Rated R ပေးထားတဲ့အတွက် အရမ်းငယ်တဲ့ ကလေးတွေမကြည့်သင့်ပါဘူး။ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်း တစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။

Download Link>>>>>>DOWNLOAD

ref;http://www.channelmyanmar.com