Tuesday, September 30, 2014

အဘိဓမ္မာ Apk

အသုံးဝင်သော ဖုန်းဆော့ဝဲများ မျှဝေမည်'s photo.



✔ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ✔
မင်္ဂလာညချမ်းလေးပါ။ ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓရှင်တော် တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားအားအမှူးထား၍ အဘိဓမ္မာ တရားတော်မြတ်ကို ရက်ပေါင်း ၉၀ တိုင်တိုင်ဟောကြားခဲ့ပြီးလို့ လူ့ပြည်သို့ ပြန်လည်ကြွချီလာတဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ နီးကပ်လာပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အခါ သမယမှာ အဘိဓမ္မာဆိုတဲ့ ဆော့ဝဲလေးမျှဝေကာ ကုသိုလ်ပြုလှူဒါန်းလိုက်ပါတယ်။ ဒီဆော့ဝဲလေးဟာဆိုရင် အဘိဓမ္မာ တရားတော်တို့ကို လေ့လာသင်ယူနေကြသော ရဟန်းရှင်၊ လူပုဂ္ဂိုလ်အားလုံးအတွက် အထောက်ကူပြုရုံသာမက ဗုဒ္ဓရဲ့ အဘိဓမ္မာဒေသနာတော်မြတ်ကို လေ့လာလိုသော မည်သူမဆို အလွယ်တကူလေ့လာနိုင်ပါတယ်။ ယခု ထက်မံထွတ်ရှိလာတဲ့ update version လေးမှာတော့ အဘိဓမ္မာ ၉ ပိုင်းလုံး ပြည့်စုံစွာ ပါဝင်လာပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ၏ အဆင့်မြင့် အဖိုးတန် မြင့်မြတ်တဲ့ အဘိဓမ္မာ ဆော့ဝဲလေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ထည့်ထားပြီး အားလပ်ချိန်လေးမှာ လေ့လာ ကြပါစို့လို့ အလေးအမြတ် တိုက်တွန်းပါရစေ။
ဓမ္မသင်၊၀ိဘင်္ဂ ဒွါဒဿရက်စီ
၆ရက်ကြာ ကျမ်းဓာတုရယ်နဲ့
ပုဂ္ဂလာ ၇ ရက်ဟောမြွတ်ခဲ့သည်
ကထာဝဂ် ၈ ရက်ညီ
ဝိသာပ ယမိုက်ကျမ်း
ပဉ္စ၀ီ ပဋ္ဌာနရယ်လို့
လသုံးလီ မယ်တော်မိ ဟောသည့်မှတ်တမ်း။
ထိုကဲ့သို့ ကဗျာလေးနဲ့ အဘိဓမ္မာတရားတော်ဟောကြားခဲ့ပုံကို မှတ်သားခဲ့ဖူးပါတယ်။ ဓမ္မသင်္ဂဏီကျမ်း ၁၂ ရက်။ ၀ိဘင်္ဂကျမ်း ၁၂ ရက်။ ဓာတုကထာကျမ်း ၆ ရက်။ ပုဂ္ဂလပညတ်ကျမ်း ၇ ရက်။ ကထာဝတ္ထုကျမ်း ၈ ရက်။ ယမိုက်ကျမ်း ၂၀ ရက်။ ပဋ္ဌာန်းကျမ်း ၂၅ ရက်။ မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း ၉၀ တိုင်တိုင် ဟောကြားတော်မူခဲ့ပါတယ်။ ရှင်တော်ဘုရားဟောကြား လမ်းညွန်ဆုံးမတော်မူခဲ့သည့် ဘ၀နေထိုင်နည်း၊ အေးချမ်းရာအစစ်ကိုရရှိစံစားစေရန်နည်း စသည်တို့ကိုလိုက်နာကျင့်ကြံ အားထုတ်ကြပါစို့။ အဘိဓမ္မာ ဆော့ဝဲလေးကို အောက်က နှစ်သက်ရာ အဆင်ပြေရာလင့်ခ် တခုမှ ဒေါင်းယူလိုက်ပါနော်။ အဆင်ပြေ နှစ်သက် ပျော်ရွှင်ကြပါစေ....
ဒေါင်းလုပ်လင့်ခ် ၁ ➳ ➳
http://adf.ly/sUfCF
ဒေါင်းလုပ်လင့်ခ် ၂ ➳ ➳
http://adf.ly/sUfFj
ဒေါင်းလုပ်လင့်ခ် ၃ ➳ ➳
http://adf.ly/sUfK5

No comments:

Post a Comment