Tuesday, September 30, 2014

Carrie (2013) မြန်မာစာတန်းထိုး


Posted by ချမ်းငြိမ်း-မှော်ဝန်း 
  Carrie (2013) မြန်မာစာတန်းထိုး

Drama | Horror  ဆိုပေမယ့် Drama ပိုဆန်တဲ့ကားလေးမို့
ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားလေးပါ..
ကျနော် ဆီမှာတောင်းဆိုထားကြသူတွေလည်း မနည်းမနှောပါပဲ...

( ၁ )
Margaret White ဟာ ဘယ်သူ အကူညီမှမပါပဲ Carrie White ကိုမွေးဖွားတဲ့ အခန်းနဲ့
ဇာတ်လမ်းကို အစပျိုးပြီး သူမ ရဲ့ ကလေးကို သတ်ပစ်ဖို့အထိ ကျိုးစားပါသေးတယ်..
ဘာကြောင့် လည်းဆိုတာကိုတော့....
( ၂ )
Carrie White ဟာသူမရဲ့ မိခင် Margaret White နဲ့အတူ 
Chamberlain မြို့ရဲ့ ဆိတ်ငြိမ်တဲ့ ရပ်ကွက် လေး တစ်ခုမှာ 
နေထိုင်တဲ့ အထက်တန်း ကျောင်းသူလေး တစ်ဦးပါ။ 
အေးတိ အေးစက် နိုင်တဲ့ သူမရဲ့ အပြုအမူ တွေ၊ အရှက်အကြောက် ကြီးတဲ့ 
သူမရဲ့ ပုံစံ တွေကြောင့် ကျောင်း ပတ်ဝန်းကျင် မှာလည်း အတန်းဖော် တွေက
 အရော တ၀င် ဆက်ဆံ ကြတာမျိုး မရှိတော့ Carrie ဟာ နုနယ် တဲ့ အရွယ်မှာ
 ကတည်းက အပယ်ခံ ဘ၀မျိုးကို ရောက်ခဲ့ တယ်လို့ ပြောရမှာပါ။ 
သူမ ဒီလိုဖြစ် ရတာလည်း တခြားကြောင့် မဟုတ်ပါဘူး။ 
ဘာသာရေး အယူ သီးပြီး သမ္မာကျမ်း တော်လာ မဟုတ်တဲ့ အရာ မှန်သမျှကို 
အကုသိုလ် အဖြစ် ယူဆလေ့ ရှိတဲ့ မိခင် Margaret ရဲ့တင်းကျပ် တဲ့ ကွပ်ကဲမှု အောက်မှာ ကြီးပြင်းခဲ့ ရလို့ပါဘဲ။
 ဘယ်လောက် ထိ ဆိုးရွား သလဲ ဆိုရင်တော့ ယုတ်စွ အဆုံး သဘာဝ ဖြစ်ရိုး ဖြစ်စဉ် 
တစ်ခုဖြစ်တဲ့ သမီးဖြစ်သူ အပျိုဖော် ၀င်လို့ ဓမ္မတာ လာတာ ကအစ အပြစ် တစ်ခု အနေနဲ့ ယူဆပါ သတဲ့။
တကယ်တမ်းတော့ Margaret ရဲ့အယူသီး မှုဟာ သူမရဲ့ စိတ်ရောဂါ ဝေဒနာ တစ်ခုကို
 လူမသိအောင် ဖုံးဖိထား တဲ့အနေနဲ့ ဘာသာရေးကို ဗန်းပြထား ခြင်းသာ ဖြစ်ပါတယ်။
 ဒီလို စိတ်မနှံ့တဲ့ မိခင်မျိုးနဲ့ ကြီးပြင်း လာခဲ့ရတဲ့ ကလေးမ Carrie ဟာလည်း
 သူ့ကိုယ်သူ အပျိုဖော် ၀င်လို့ ၀င်မှန်းတောင် မသိအောင် ထိုင်းမှိုင်း ပုံက၊
 သွေးမြင်ပြီး အထိတ် တလန့်နဲ့ ကျောင်းရဲ့ အ၀တ် လဲခန်း ထဲမှာ 
အော်ဟစ် အကူ အညီ တောင်းတာမျိုး တွေလုပ်မိတော့ နဂိုတည်းက 
သူမကို ပစ်ပယ် ချင်ကြ၊ အနိုင်ယူပြီး အသာစီး ချင်ကြတဲ့ အတန်းဖော်
 မိန်းကလေး တွေကြားမှာ အရှက်တကွဲ ဖြစ်ရတော့ တာပေါ့။
 ငိုကြီး ချက်မ ဖြစ်နေတဲ့ Carrie လေးကို ၀ိုင်းဟား ကြရုံမက၊ 
အမျိုး သမီးသုံး ပစ္စည်းတွေနဲ့ ပစ်ပေါက်သူ ကပေါက်၊ အသား လွတ် ၀ိုင်းနိုင်ကြသူ 
တွေထဲမှာမှ အဆိုးဆုံး ကတော့ ရုပ်ချော သလောက် စိတ်ပုပ်တဲ့ 
ဆတ်ကော့ လက်ကော့ မလေး Chris ပဲပေါ့။
 ရေချိုးဝတ် မလုံ့ တလုံနဲ့ ငိုယို အော်ဟစ်နေတဲ့ Carrie ရဲ့ ဖြစ်အင်ကို ဗီဒီယို မှတ်တမ်း တင်ပြီး
 Facebook ပေါ်က တောင် ဖွလိုက် ချည်သေး။ 
ဒီလို စနောက် ကျီစယ် ခဲ့လို့ ဘယ်သူ ဘယ်ဝါ အတွက်မှ အကျိုးမရှိ တဲ့အပြင်၊
 Chris တစ်ယောက် ဒီဖြစ်အင်မှာ ပါခဲ့တဲ့ တခြား အာဂ ကောင်မလေး တွေနဲ့အတူ
 Prom ည “ကပွဲ” ကို တက်ရောက် ခွင့် ပိတ်ပင်ခံ လိုက်ရတာဘဲ အဖက်တင် ခဲ့ပါတယ်။ 
ဒါကို မကျေချမ်း နိုင်သေးတဲ့ Chris ဟာ Carrie ကြောင့် သူမ အပြစ်ပေး ခံရတယ်
 ဆိုတဲ့ အငြိုး အတေး ထားပြီး၊ Carrie ကို တစ်သက် တာ
 မေ့မရ နိုင်မယ့် သင်ခန်းစာ မျိုးကိုပေးဖို့ စတင် ကြံရွယ်ပါ တော့တယ်။
သူမရဲ့ အကြံအစည် ကတော့၊ Sue ဆိုတဲ့ မိန်းကလေးရဲ့ နောက်ကွယ်က 
ထောက်ပံ့မှုနဲ့ Prom တက်ခွင့် ရခဲ့တဲ့ Carrie ကိုပွဲတက် အ၀တ် အစား တွေနဲ့ 
လူပုံလည်မှာ လှအောင် ပြင်ဆင် ထားတဲ့ အချိန်ကျမှ ၀က်သွေးနဲ့ လောင်းပြီး အရှက်ခွဲ ဖို့ဘဲ ဖြစ်ပါတယ်။ 
တစ်ပါးသူ ထိခိုက် နစ်နာအောင် ကျီစယ် တာမျိုးက ဒီပွဲမှာတော့ မထင်မှတ်ဘဲ ကြီးမားတဲ့ 
အကျိုး သက်ရောက်မှုမျိုး ရှိနိုင်တာကို မျက်ဝါး ထင်ထင် မြင်ရတော့မှာပါ။
 ဘာကြောင့်လဲ ဆိုတော့ Chris နဲ့အတူ Prom ပွဲကို တက်ရောက် လာမယ့်
 တခြား ဧည့်သည်တွေ မသိသေးတဲ့ မွေးရာပါ လျို့ဝှက်ချက် တစ်ခုက Carrie ဆီမှာ ရှိနေတယ်လေ။
 အရာဝတ္ထု တွေကို စိတ်စွမ်းအင်နဲ့ ရွေ့လျား စေနိုင်တဲ့ Telekinesis စွမ်းအား မျိုးကို 
Carrie ဆိုတဲ့ သူမ အထုံ တစ်ခုနေနဲ့ ပိုင်ဆိုင်ထားရုံ မကဘဲ၊ 
ဒေါသပေါက်ကွဲမှု အလျောက် ဒီစွမ်းအား ရဲ့ အကျိုး ဆက်
 ကလည်း မတွေးဝံ့ စရာ ပိုများတတ် တာမျိုးပါဘဲ။
( ၃ )
 Carrie တစ်ယောက် မကြုံဖူးတဲ့ အံ့သြမှု မျိုးတွေ၊ စိတ် လှုပ်ရှား မှုတွေ 
အပြည့်နဲ့ ကြည်နူးစရာ Prom ည “ကပွဲ” လေးကို အများတန်းတူ ဆင်နွှဲ တက်ရောက် လာခဲ့ပြီးနောက်၊ 
သူမ မျှော်မှန်းထားတဲ့ အပျာ်မျိုးတွေ Chris ရဲ့လက်ချက်နဲ့ ရုတ်ချည်း ဆိတ်သုန်း သွားခဲ့ချိန် မှာတော့၊
 Chris နဲ့အတူ သူမအပေါ် ရက်စက်မှု အကြိမ်ကြိမ် ကျူးလွန် ထား သူတွေကို
 Telekinesis စွမ်းအား တစ်ခု အသုံး ချပြီး သူမနည်း သူမဟန်နဲ့ ဘယ်လို လက်တုန့် ပြန်ဦးမလဲ ဆိုတာကိုတော့..
ကိုယ်တိုင်ကြည့် ရှုခံစားနိုင်အောင် မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်...

pCloud ကနေပဲတင်ပေးလိုက်ပါတယ်...
အောက်က Download ကို ကလစ်ပြီး ကြည့်ရှုဒေါင်းယူနိုင်ပါတယ်..

http://adf.ly/sUdo6

No comments:

Post a Comment