Saturday, September 27, 2014

BlackBerry Passport စမတ်ဖုန်းကို ရောင်းပြီ


BlackBerry Passport စမတ်ဖုန်းကို ရောင်းချပေးလိုက်ပြီ ဖြစ်သည်။

၎.၅ လက်မ 1440x1440 ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash ပါရှိပါသည်။ မျက်နှာချင်းဆိုင်တွင် 2MP Camera ပါရှိပါသည်။ 2.2GHz Quad-Core Qualcomm Snapdragon 800 SoC မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

3GB RAM , 32GB Internal Storage အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ BlackBerry CEO က ဘက်ထရီ သက်တမ်းမှာ ၃၆ နာရီ အသုံးခံသည်ဟု ပြောပါသည်။ အလွန်ကြီးမားသော 3450mAh Battery ပါရှိပါသည်။ BlackBerry OS 10.3 ကို ထည့်သွင်းထားပါသည်။ အဆိုပါ OS 10.3 ကို OS 10 Device အားလုံးတွင် လာမည့် လများအတွင်း ထည့်သွင်းပေးမည်ဟု သိရပါသည်။ 




BlackBerry Passport ကို အရောင်းမြှင့်တင်သည့် အနေဖြင့် BlackBerry Online Store တွင် ဒေါ်လာ ၅၉၉ ဖြင့် ရောင်းချပေးနေပါသည်။ နောက်ပိုင်းတွင် ဒေါ်လာ ၆၉၉ ကျသင့်မည် ဖြစ်သည်။

Credit:Myanmar Digital Life Journal

No comments:

Post a Comment