Thursday, September 25, 2014

iPhone ဘက်ထရီ သက်တမ်းရှည်ဖို့

(၁) Time Zones ကို ပိတ်ပစ်ပါ
စွမ်းအင်သုံးစွဲမှုကို အလွန်အကျွံဖြစ် စေတဲ့ GPS Radio ဝန်ဆောင်မှုဟာ iOS 5 မှာပါဝင်ခဲ့ပြီး Time Zone ကို Auto-adjust ဖြစ်စေဖို့ ထည့်သွင်း ပေးထားတာပါ။ ဒါပေမဲ့ Time Zone ဆိုတာ Date & Time Section မဟုတ်တဲ့ အတွက် အသုံးပြုသူတွေ အတွက်လည်း သိပ်အရေးမပါပါဘူး။ ဒါ ကြောင့် ပိတ်ထားတာ အကောင်းဆုံး ဖြစ်မှာပါ။ Off လုပ်ဖို့ အတွက်ကတော့ Settings > Location Services > System Services > Setting Time Zone ကို အဆင့်ဆင့် သွားရမှာပါ။ အဲဒီမှာ လွယ်လွယ်ကူကူ ပိတ်ထားလိုက်ရုံပါပဲ။
 

(၂) Location Services ကို Deisable လုပ်ပါ
ပုံမှန်ပြုလုပ်နေကျလုပ်ငန်းစဉ်တစ်ခုပါပဲ။ စမတ်ဖုန်းမှ မဟုတ်ပါဘူး။ Tablet တွေ မှာလည်း ဒီလိုမျိုးဝန်ဆောင်မှုတွေကို ဘက်ထရီသက်တမ်းကြာစေချင်ရင် ပိတ်ထား Disable) ရမှာပါ။ ဒါပေမဲ့ GPS စနစ်လိုအပ်တဲ့ အချိန်မှာတော့ ပြန်ပြီးဖွင့် ပေးဖို့မမေ့ပါနဲ့။ ပြန်ပြီး enable လုပ်ရမှာပါ။ ဒီမြေပုံပြဝန်ဆောင်မှုဟာ ဂရပ်ဖစ်ပိုင်းကို အသုံးပြုဖော်ပြ တာဖြစ်လို့ စွမ်းအင် အသုံးကြမ်းတာဖြစ်သလို သူ့အလိုလို အလုပ်လုပ်နေ ချိန်မှာလည်း သုံးစွဲမှုကြီးပါတယ်။
 



(၃) သတိပေးမူတွေကို ကန့်သတ်ပါ
Notification လို့ခေါ်တဲ့ သတိပေးမှုတွေဟာ ဘက်ထရီအသုံးချမှုလွန်ကဲတယ်ဆိုတာ ဟိုးအရင် iOS ဗားရှင်းတွေထဲက နားလည်ကြပြီးသားပါ။ ဒီအတွက် သတိပေးမှုတွေကို off လုပ်ပစ်ပြီး အသုံး ပြုရင် အခြားဘက်ထရီ အသုံးပြုမှုကြီးတဲ့ Wi-Fi တို့၊ Bluetooth တို့နဲ့ GPS တွေကို Enable လုပ်ထားမယ် ဆိုရင်တောင် Stand-by Time ကို ရက်အတော်ကြာ ထားနိုင်တယ်ဆိုတာ အသေအချာပါပဲ။ iOS 5 မှာတော့ သတိပေးမှုစနစ်ကို ပုံစံတစ်မျိုး နဲ့ ဖန်တီးထားပါတယ်။ Android OS ရဲ့စတိုင် Pulldown bar နဲ့ ကြည့်ရတဲ့ သတိပေးမှုများစွာကို ပူး ပေါင်းပေးထားတာပါ။ ဒါပေမဲ့ Apple က Setting Menu မှာ Global Notification တွေကို လုံးဝပိတ်ပစ်နိုင်တဲ့ Feature ထည့်သွင်းမပေးထားတော့ App တစ်ခုချင်းစီ ကို ပိတ်ပေးရမှာဖြစ်ပါတယ်။ီလိုလုပ်ဖို့အတွက် Setting > Notification > ရဲ့ အောက် Phone, Message , Reminder ဆိုတဲ့ Catagory တွေ၊ Walgreens, Zillow နဲ့ အခြား App တွေနဲ့ အပေါ်ပိုင်းမှာရှိတဲ့ Toggle Notification Center တွေကို ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ပိတ်ပစ်နိုင်ပါတယ်။ သတိပေးမှုစနစ် မသုံးလေလေ Seandby Time ပိုကြာလေလေဆိုတာကို မမေ့ပါနဲ့။

(၄) Email ကို ပုံမှန်စစ်ဆေးပါ
စမတ်ဖုန်းနဲ့ အင်တာနက်အသုံးပြုသူတွေအ တွက်တော့ အီးမေးလ်တွေက ဘက်ထရီသက်တမ်းတို အောင်ပြုလုပ်လို့ သတိထားသင့်ပါတယ်။ တချို့ Account နဲ့ ပတ်သက်တဲ့ update တွေနဲ့ အခြား Feature တွေနဲ့ အီးမေးလ်ဝန်ဆောင်မှု ကြောင့် ကိုယ်မဖတ်ရဘဲ စွမ်းအင်အ သုံးပြုမှု ပိုစေပါတယ်။ အီးမေးလ်ဝန် ဆောင်မှု မဟုတ်ပါဘူး။ လူမှုကွန်ရက် တွေ အသုံးပြုတဲ့အခါမှာလည်း Manual Update လုပ်ပေးတာ ပိုပြီးအဆင်ပြေစေ ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းနဲ့ အင်တာ နက်အသုံးပြုသူတွေအတွက်တော့ ဘာမှ စဉ်းစားစရာမလိုပါဘူး။
 

(၅) Software Update လိုအပ်တယ်
လက်ရှိအချိန်မှာတော့ iOS 5.0 ဆိုတာ အရမ်းကိုအသစ်လို့ပြောလို့ရတဲ့ OS Software ပါပဲ။ ဒါပေမဲ့ Apple က iOS 5.0.1 ကို ဆော့ဖ်ဝဲဖန်တီးသူတွေထံ ပေး အပ်လိုက်ပြီးဖြစ်သလို ဒီ update ဖိုင်တွေ က ဘက်ထရီသက်တမ်း တိုတောင်းမှု တွေကို အဖတ်ဆယ်ပေးမှာလည်း ဖြစ်ပါ တယ်။ ဒါကြောင့်မို့ iOS 5.0 ကို အသုံးပြု ထားတယ်ဆိုရင် 5.0.1 ကို update လုပ်ပြီး အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ iTunes ကနေ update လုပ်တာတို့၊USB ကြိုးကိုအသုံးပြုပြီး update လုပ်တာတို့ အပြင် iPhone ကနေတစ်ဆင့် လုပ်နိုင် တဲ့နည်းလမ်းက Setting>General>Software update ဖြစ်ပါတယ်။
 

(၆) နည်းဟောင်းလေးတွေလည်း အသုံးချပါ
နောက်ဆုံးပြောချင်တဲ့ အကြောင်း အရာကတော့ အရင်ကသိနှင့်ပြီး သား ဘက်ထရီသက်တမ်း ကြာရှည်ခံရေး နည်းလမ်းဟောင်းတွေကို ပြန်ပြီးပြု လုပ်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ တောက်ပမှုကို လျှော့ချတာတို့၊ Wi-Fi နဲ့ Bluetooth Connection တို့ကို Disable လုပ်ထားတာတို့နဲ့ အခြားအခြားနည်းလမ်းလေးတွေပါ။ လက်တွေ့စမ်း သပ်မှုအရ ပြောရမယ်ဆိုရင်တော့ မျက်နှာပြင်တောက်ပမှုကိုလျှော့ချခြင်းက တကယ် အကျိုးရှိပါတယ်။ အခုအတိုင်းအတာလောက် နားလည်သွားပြီဆိုရင်တော့ iPhone ရဲ့ ဘက်ထရီသက် တမ်းကို ဆွဲဆန့်နိုင်ဖို့ ဗဟုသုတတွေရရှိသွားပြီလို့ ပြောချင်ပါတယ်။

No comments:

Post a Comment