Sunday, September 21, 2014

Amazon က စွမ်းဆောင်ရည်မြှင့်ထားပြီး ဈေးသက်သာသော တက်ဘလက် အသစ်များကို ပြသ



Amazon က Fire HDX 8.9, Fire HD 6 , HD 7 , Fire HD 6 Kid Edition, Fire HD 7 Kid Edition တက်ဘလက် အသစ်များကို ပြသလိုက်ပါသည်။ 

Amazon က တက်ဘလက်အသစ်များကို စွမ်းဆောင်ရည် မြှင့်ထားပြီး ဈေးသက်သာစေရန် ပြုလုပ်ပေးထားပါသည်။

Amazon Kindle Fire HDX 8.9 သည် Apple iPad များကို ယှဉ်ပြိုင်နိုင်ပါသည်။ ၈.၉ လက်မနှင့် ၁၃.၂ အောင်စ အလေးချိန်သည် မူလ HDX 8.9 နှင့် တူညီပြီး iPad Air ထက် သေးငယ်ပြီး ပေါ့ပါးပါသည်။ အဆင့်မြှင့်ထားသော Fire HDX 8.9(WiFi Only) သည် ဒေါ်လာ ၃၇၉ တန်ကြေးရှိပါသည်။ ပိုမိုလျှင်မြန်သော Qualcomm Quad Core Snapdragon 805 Processor နှင့် Arduino 450 GPU တပ်ဆင်ထားပါသည်။ ဂိမ်းစက် အရည်အသွေးဖြင့် ဂိမ်းများ ကစားနိုင်ပါသည်။ အဖက်ဖက်မှ စွမ်းဆောင်ရည် တိုးတက်လာပါသည်။


မျက်နှာပြင်ကို အဆင့်မြှင့်ထားပြီး 2560x1600 Resolution ဖြစ်ပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၃၉ ဖြစ်ပါသည်။ iPad Air ၏ Resolution မှာ 2048x1536 ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၆၄ သာရှိပါသည်။

Amazon က ယခင် HDX Tablet များကဲ့သို့ပင် Dolby နှင့် ပူးပေါင်း၍ အသံနည်းပညာကို ထည့်သွင်းထားပါသည်။ Headphone များဖြင့်သာ နားထောင်နိုင်သော Atmos Multidimensional Sound ပါဝင်ပါသည်။

Amazon က E-Book များ ဖတ်ရှုရာတွင် အရောင်ကို ချိန်ညှိပေးနိုင်သော Sensor တပ်ဆင်ထားပါသည်။

Fire HDX 8.9 တွင် Android KitKat ကို အသုံးပြုထားပါသည်။ သို့သော် ယခင် Fire Tablet များကဲ့သို့ပင် Amazon Fire Mobile OS အောက်တွင် Android OS က အလုပ်လုပ်မည် ဖြစ်သည်။ Amazon က Fire OS ကိုလည်း အဆင့်မြှင့်ထားပါသည်။

Fire OS 4.0 တွင် Fire Phone တွင် မိတ်ဆက်ခဲ့သော Cloud အခြေပြု Firefly ၀န်ဆောင်မှု ပါရှိလာပါသည်။ Notification Bar မှနေ၍ အလင်းရောင်ကို ချိန်ညှိနိုင်သကဲ့သို့ အသုံးပြုသူ၏ ပြဿနာများကို ၂၄ နာရီ ဖြေရှင်းပေးမည့် Mayday Video Service ပါရှိပါသည်။ Firefly သည် 8MP Camera ကို အသုံးပြု၍ ရုပ်ရှင်၊ TV Show များနှင့် ကုန်ပစ္စည်းများ စသည့် အမျိုးအစားပေါင်း သန်းတစ်ရာကျော်ကို ဓါတ်ပုံရိုက်ကူးလိုက်သည်နှင့် Amazon မှ အဆိုပါ ကုန်ပစ္စည်းကို ဈေးဝယ်နိုင်ပါသည်။

ယခုနှစ်နှောင်းပိုင်းတွင် Firefly ကို အဆင့်မြှင့်ပေးမည် ဖြစ်သည်။ Firefly မှ နေ၍ ကင်မရာဖြင့် ပုံနှိပ်ထားသော အခြား ဘာသာစကားများကို ချိန်ရွယ်လိုက်သည်နှင့် အသုံးပြုသူ၏ မိခင်ဘာသာစကားသို့ ဘာသာပြန်ပေးမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် အင်တာနက် လိုအပ်ပါသည်။

Fire OS 4 တွင် တက်ဘလက်ကို လူများစွာ အသုံးပြုနိုင်သော Profile စွမ်းဆောင်ချက် ပါရှိလာပါသည်။ တက်ဘလက်ကို လူများစွာက သက်ဆိုင်ရာ အကောင့်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Family Library က အကောင့် နှစ်ခုကို ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Apps များ၊ ဖိုင်များကို အကောင့်နှစ်ခု မျှဝေ အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။

Amazon က HDX 8.9 အတွက် Bluetooth Keyboard ကို ပထမဆုံး အနေဖြင့် မိတ်ဆက်လိုက်ပါသည်။ Fire Keyboad ဟု အမည်ပေးထားပြီး ခုနစ်အောင်စ အလေးချိန်ရှိပါသည်။ ၄.၈ မီလီမီတာ အထူရှိပြီး Track Pad ပါရှိပါသည်။ ဒေါ်လာ ၅၉.၉၉ ဖြင့် သီးခြားရောင်းချပေးမည် ဖြစ်သည်။

HDX 8.9 ကို ဒေါ်လာ ၄၀၀ ၊ LTE အမျိုးအစားကို ဒေါ်လာ ၄၇၉ ဖြင့်ရောင်းချပေးမည် ဖြစ်သည်။

Amazon Kindle Fire HD 6 ကို ဒေါ်လာ ၉၉ သတ်မှတ်ထားပြီး ခြောက်လက်မ မျက်နှာပြင်ပါရှိပါသည်။ HD 7 ကို ဒေါ်လာ ၁၃၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ တက်ဘလက် နှစ်မျိုးစလုံးတွင် Fire OS 4.0 ကို KitKat နှင့်တွဲဖက် အသုံးပြုထားပါသည်။ 1280x700 Resolution မှာလည်း တူညီပါသည်။ အနောက်နှင့် မျက်နှာချင်းဆိုင်တွင် ကင်မရာနှစ်လုံးပါရှိပါသည်။ တက်ဘလက်များသည် အကြမ်းခံပြီး အရောင် ငါးမျိုး ထုတ်လုပ်ပေးထားပါသည်။

Amazon က ကလေးများအတွက် HD 6 တက်ဘလက်ကိုလည်း ထုတ်လုပ်ပေးထားပါသည်။ နှစ်နှစ်အတွင်း ပျက်ဆီးသွားလျှင် လဲလှယ်ပေးမည်ဟု သိရပါသည်။ ကလေးများနှစ်သက်သည့် Interface ကို ပံ့ပိုးပေးထားသော FreeTime ကို တစ်နှစ်အခမဲ့ အသုံးပြုနိုင်သော်လည်း နောက်ပိုင်းတွင် ၁၂၉ ဒေါ်လာဖြင့် ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။ အပြာရောင် ရာဘာ Case ဖုံးအုပ်ထားပြီး ခုနစ်လက်မ အမျိုးအစားကို ဒေါ်လာ ၁၈၉ ဖြင့် ၀ယ်ယူနိုင်ပါသည်။ တက်ဘလက်နှစ်ခုတွင် 8GB Internal Storage ပါရှိပါသည်။

Fire Tablet အားလုံးတွင် အဆိုပါ Device မှ ရိုက်ကူးသော ဓါတ်ပုံများအတွက် Amazon Cloud Storage ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

Credit :Myanmar Digital Life Journal

No comments:

Post a Comment