Wednesday, September 24, 2014

Bus Simulator 3D (1.8.4)


Racing Game များကို ကြိုက်နှစ်သက်သော Android Gamer များအတွက် အကြိုက်တွေ့စေမယ့် Bus Simulator 3D ဆိုတဲ့ Game လေးဖြစ်ပါတယ်။ဤ Game လေးကတော့ Bus ကားမောင်းကာ ခရီးသည်များကို တင်ဆောင်ကာ ပို့ဆောင်ရမယ့် Game လေးဖြစ်ပါတယ်။မောင်းသည့်နေရာမှာလည်း Driver နေရာက ထိုင်ကာ မောင်းနှင်ကစားရမှာ ဖြစ်သောကြောင့် အပြင်မှာ မောင်းနှင်နေသလို လည်းဖြစ်စေမှာပါ။မိမိစိတ်ကြိုက် ရွေးချယ်ကာ မောင်းနှင်ရမယ့် Bus Car အမျိုးအစားပေါင်းများစွာလဲ ပါဝင်ပြီး မောင်းနှင်ရမယ့် လမ်းအမျိုးအစား ပေါင်းများစွာလဲ ပါဝင်ပါတယ်။ပထမဦးဆုံး စတင်ကစားတဲ့ အချိန်မှာတော့ သူပေးထားတဲ့ Bus ကား တစ်စီးကိုပဲ မောင်းနှင်လို့ရမှာပါ။နောက် တစ်လမ်းပြီတစ်လမ်း မောင်းနှင်ပြီးရင်တော့ ပိုက်ဆံများရရှိလာမှာဖြစ်ပြီး ကျန်ရှိသော Bus ကားများ Auto Unlock ပွင့်သွားမှာပါ။ခရီးသည်များတင်ဆောင်ကာ မောင်းနှင်သည့်နေရာမှာလည်း သေချာဂရုစိုက်ပီး မောင်းနှင်ရမှာ ဖြစ်သလို ထိမိခိုက်မိတာနဲ့ ပိုက်ဆံအနည်းငယ် ဖြတ်တောက်မှာပါ။မောင်းနှင်ကစားရမယ့် လမ်းများမှာလည်း ဥရောပ နာမည်ကြီး နိုင်ငံများရဲ့ မြို့ကြီးများလဲ ပါဝင်ပြီး Pacific Ocean,Hill,Forest,Downtown နှင့် အခြား Highway လမ်းများစွာလဲ ပါဝင်ပါသေးတယ်။မိမိမောင်းချင်သည့် စတီယာတိုင်ကိုလည်း Buttom,Tilting,Steering Mode များပါဝင်တာကြောင့် စိတ်ကြိုက်ရွေးချယ်ကာ မောင်းနှင်လို့ရစေမှာပါ။Game ရဲ့ ရုပ်ထွက်ကတော့ ကြည်လင်ပြတ်သားပြီး 3D ရုပ်ထွက်ကို အပြည့်အ၀ ပေးထားပါတယ်။Game ရဲ့ Size အရွယ်အစားကတော့ 47.9 MB ရှိပြီး Android Version 4.0.4 နှင့်အထက်ရှိထားရင် အဆင်ပြေပြေနဲ့ ကစားလို့ရစေမှာပါ။Android Version 4.0.4 နှင့်အောက်ဆိုရင်တော့ ကစားရတာ အနည်းငယ် ထစ်ငေါ့ တာမျိုးကြုံတွေ့ရပါတယ် ခင်ဗျာ။Data File မလိုပဲ APK Install ပြီး ကစားလို့ရမှာပါ။ဆော့ကစားလိုသော Gamer များကတော့ အောက်ပါ Box Link မှတစ်ဆင့် Download ရယူနိုင်ပါတယ် ခင်ဗျာ။

ref;https://www.facebook.com/naungmin.htun?fref=nf

No comments:

Post a Comment