Wednesday, September 24, 2014

Samsung Galaxy Grand GT-I9082 ကို root လုပ်နည်း


http://droidviews.com/wp-content/uploads/2013/01/Galaxy-Grand-DUOS-GT-I9082-to-Android-4.1.2.jpg
Samsung Galaxy Grand GT-I9082 ကို root လုပ်နည်းကို Myanmar Mobile App က Mobile Users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ကြည့်တာ အဆင်ပြေတာကြောင့် မိမိတို့ရဲ့ Galaxy Grand ဖုန်းများကို အလွယ်တကူ root နိုင်ဖို့ သေချာစွာ ရှင်းလင်းတင်ပြပေးထားပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုပါ။
အဆင့် (၁)။    ။
– ကွန်ပျူတာမှာ Samsung driver မသွင်းရသေးဘူးဆိုရင် driver ကိုအရင်သွင်းထားပါ။ driver ကိုအောက်က link မှာရယူပါ။


Driver download =>

Click me to download !
အဆင့်(၂)။    ။
-Root လုပ်ရာမှာလိုအပ်တဲ့ recovery image file ကိုလည်းအောက်က Link မှာရယူထားပါ။
Recovery file Download—>

Click me to download !
ိdownload လုပ်လို့ရလာတဲ့ recovery file ကို zip ဖြည်ထားပါ။ CWM-touch_i9082_chotu.tar.md5 ဆိုတဲ့ file လေးရလာပါမယ်။

 



– ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လုပ်ဆောင်ဖို့လိုအပ်တဲ့ Odin ဆော့ဝဲကိုအောက်က link မှာရယူပါ။
http://forum.xda-developers.com/attachment.php?attachmentid=1751204&d=1361535462
-အပေါ်မှာ ဒေါင်းခဲ့တဲ့ recovery file ကိုဇစ်ဖြည်ထားတဲ့ CWM-touch_i9082_chotu.tar.md5 ဖိုင်လေး ရော ၊ odin ဆော့ဝဲရော ။ နှစ်ခုစလုံးကို တစ်နေရာတည်းမှာ ဖိုဒါတစ်ခုဆောက်ပြီး စုစည်းထားပါ။
-ပြီးရင် ဖုန်းကို download mode ထဲဝင်ေ၇ာက်ထားရပါမယ်။ ဖုန်းကိုပါဝါပိတ်ပြီး Vol down + power + home button သုံးခုကိုတွဲနှိပ်ပါ။ Download mode ထဲကိုဝင်သွားပါမယ်။
-Download mode ထဲကိုဆက်လက်၍၀င်ရောက်မှာလားလို့မေးလာရင် Vol + ကိုနှိပ်ပြီး ဆက်လက်ဝင်ရောက်ပါ။

STEP 3 :
– download mode ထဲဝင်ထားပြီးပြီဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြု၍ချိတ်ဆက်လိုက်ပါ။
– အပေါ်မှာတုန်းက download လုပ်ခဲ့တဲ့ Odin ဆော့ဝဲကို run လိုက်ပါ။
– Odin ဆော့ဝဲပွင့်လာတဲ့အခါ ကြည့်လိုက်ပါ။ အောက်ပုံထဲကအတိုင်း Auto Reboot နဲ့ F.Reset time မှာအမှန်ခြစ်ဖြစ်နေပါစေ။

– Download mode ထဲဝင်ရောက်ထားတဲ့ဖုန်းကို Odin ဆော့ဝဲက သိတယ်ဆိရင် COM:… ဆိုတဲ့အကွက်လေးမှာ အစိမ်းရောင်အကွက်လေးနဲ့ဖြစ်နေပါမယ်။ Message ဆိုတဲ့အကွက်မှာ Added လို့ပေါ်နေရပါမယ်။ အဲလိုမပေါ်ဘူးဆိုရင် ကွန်ပျူတာမှာ Samsung Driver မသွင်းရသေးလို့ ဒါမှမဟုတ် ဖုန်းက download mode ထဲမ၀င်ရသေးလို့ပါ။
– Odin ဆော့ဝဲရဲ့ ညာဘက်က PDA ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး အပေါ်မှာ ဇစ်ဖြေထားလို့ရလာတဲ့ recovery ဖိုင် CWM-touch_i9082_chotu.tar.md5 ကိုရွေးပေးလိုက်ပါ။
it should look like this

STEP 4 :
ပြီးရင် Start ခလုတ်ကိုနှိပ်ပါ။


ဒါဆိုရင် ဖုန်းထဲကို clockword mod recovery image စတင်သွင်းနေပြီဖြစ်ပါတယ်။ Recovery installation  ပြီးရင် ဖုန်းက auto reboot ကျသွားပြီး ပုံမှန်အတိုင်း boot ပြန်တက်လာပါမယ်။
ကဲ ဖုန်းကို root လုပ်ဖို့အတွက် ဆက်လက်လုပ်ဆောင်ကြရအောင်။
- root ဖြစ်ဖို့အတွက်အဓိကလိုအပ်တဲ့ ဖိုင်လေးဖြစ်တဲ့ အောက်မှာပေးထားတဲ့ SuperSU ဖိုင်လေးကိုရယူပါ
Download SuperSU ——> Click me !
-download လုပ်လို့ရလာတဲ့ SuperSU zip ဖိုင်လေးကို ဖုန်းရဲ့  externel sdcard ထဲကိုထည့်ပါ။  (internal memory ထဲသို့မထည့်ရပါ ! )
– ပြီးရင် ဖုန်းကို Power ပြန်ပိတ်လိုက်ပါ။ ပြီးလျှင်vol up + power + home button သုံးခုစလုံးကိုတစ်ပြိုင်တည်းတွဲနှိပ်ထားပါ။ Samsung Logo ပထမတစ်ကြိမ်ပေါ်လာပါမယ်။ ခလုတ်သုံးခုနှိပ်ထားတာကိုမလွှတ်ပါနဲ့ဦး ။ ဒုတိယတစ်ကြိမ် Samsung Logo ထပ်ပေါ်လာတော့မှ ခလုတ်များတွဲနှိပ်ထားတာကို လွှတ်လိုက်ပါ။ ခဏနေရင် ဖုန်းက recovery mode ထဲကိုရောက်သွားပါမယ်။
-Revovery mode ထဲကိုရောက်သွားပြီဆိုရင် Select install zip from sdcard —>choose zip from sdcard —> ထဲကိုဝင်ပြီး ခုနတုန်းက exernal sd card ထဲကိုထည့်ထားတဲ့ UPDATE-SuperSU-v1.05.zip ဖိုင်လေးကိုရွေပေးလိုက်ပါ။ zip ဖိုင်လေးကို install လုပ်ပြီးပြီဆိုရင်တော့ reboot system now ကိုနှိပ်ပြီး ဖုန်းကို reboot လုပ်ပါ။ ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ ဖုန်းက root လုပ်ပြီးဖြစ်သွားပါပြီ။ root process အောင်မြင်သွားပါပြီ။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နိုင်စိုး (Myanmar Mobile App Store)
www.myanmarmobileapp.com

No comments:

Post a Comment