Thursday, September 4, 2014
Samsung Galaxy Note 4
ကျွန်တော်တို့ မျှော်လင့်စောင့်စားနေသော စက်တင်ဘာလဟာ ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ အချိန်ကိုက်ရောက်ရှိလို့လာပါပြီ။
တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာများကို IFA expo မှာ Samsung မှ ကြေညာခဲ့ပါတယ်။
Item ၄ ခု မှာ ၄ ခုလုံးစိတ်ဝင်စားစရာများနဲ့ ပြည့်နှက်နေတာဟာ Samsung ရဲ့တီထွင်ဆန်းသစ်မှုများကြောင့် ဖြစ်ပါတယ်။ တကယ်တော့ Main Item ဖြစ်တဲ့ Note 4 ဟာ ကြိုတင်ထွက်ပေါ်ထားတဲ့ ဒီဇိုင်း၊ ပါဝင်ပစ္စည်းများ တူညီမှုအချို့ရှိခဲ့ပေမယ့် ကျန်နည်းပညာအသစ်များလည်း ပါဝင်ခဲ့ပါတယ်။ ကျန် Item များဟာလဲ အထူးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Note Edge ဟာ ကွေးထားတဲ့ AMOLED Screen နဲ့ Samsung ရဲ့ ကောင်းမွန်တဲ့တီထွင်မှုတစ်ခုပါ။ ထို့အတူ Gear VR kit ကသင့်ကိုနည်းပညာ ကမ္ဘာသစ်တစ်ခုကိုခေါ်ဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။ နောက်ဆုံး Gear S ဟာလဲ ယခင် Samsung Gear များလို ဖုန်းတလုံးမရှိရင် နာရီလောက်သာ အသုံးဝင်တဲ့ Item မဟုတ်ဘဲ ကိုယ်တိုင်ဖုန်းတစ်လုံးကဲ့သို့ ဖြစ်နေခြင်းဟာ နောင်တချိန်မှာ ကျွန်တော်တို့ရဲ့ လေးလံမှုတွေကို ပိုမိုလျော့ချနိုင်ဖို့အတွက် အစဖြစ်မှာပါ။
.
Samsung Galaxy Note 4
.
Note 4 ရဲ့ Spec များဟာ ကြိုတင်ထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်းအတော်များများ တူညီခဲ့ပေမယ့် တကယ်တော့တီထွင်မှုအသစ်များနဲ့ ကျွန်တော်တို့ကို စွဲဆောင်နိုင်စွမ်းရှိပါတယ်။ Note 4 ဟာ ဗားရှင်းနှစ်မျိုးနဲ့ ထွက်ရှိမှာဖြစ်ပြီး N910S နဲ့ N910C တို့ဖြစ်ပါတယ်။ N910S မှာ Quad-core 2.7 GHz Krait 450 Processor ကိုအသုံးပြုထားပြီး Snapdragon အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် LTE Cat.6 ဖြစ်ပြီး 300Mbps ထိရရှိနိုင်မှာဖြစ်ပြီး N910C မှာတော့ Quad-core 1.9 GHz Cortex-A57 & 1.3 GHz Cortex-A53 Processor မှားနဲ့ Octa-core ဖြစ်ပြီး Exynos-based version ဖြစ်ပေမယ့် LTE Cat.4 ဖြစ်ပြီး 150Mbps သာရရှိမှာပါ။ Note 4 ရဲ့သိသာတဲ့ ပြောင်းလဲမှုတခုကတော့ Samsung ရဲ့ ကွဲလွယ်တဲ့ Plastic frame အစား Metal frame ကို Galaxy Alpha စတင်အသုံးပြုသလို Note 4 မှာလဲ ဆက်လက်အသုံးပြုခဲ့ပါတယ်။ Galaxy S4 တုန်းက Wireless Charging ကိုအသုံးပြုရန်အတွက် Metal ကိုအသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် အခုတော့ Metal frame ကို အသုံးပြုလာတဲ့အတွက် Wireless Charging ကိုဆက်အသုံးပြုလို့ မရနိုင်တော့ဘူးထင်ပါတယ်။ Metal frame ဟာ မတော်တဆလွတ်ကျမှုများအတွက် ကျကွဲလို့ပြုပြင်ရမှုများကို အတော်သက်သာသွားနိုင်ပြီး အသုံးပြုသူများ အကြိုက်တွေ့နိုင်ပါတယ်။ အဲ့လိုပဲ အလေးချိန်ဟာ 176g ဟာ Note 3 နဲ့ အနည်းငယ်သာကွာဟမှုရှိတယ်လို့ဆိုပေမယ့် အတော်ကိုလေးသွားနိုင်တဲ့ ပမာဏဖြစ်မှာပါ။ Apple ရဲ့ iPhone 5S ဟာ 112g သာရှိလို့ 64g လောက်ပိုလေးနေမှာပါ။ Note 4 မှာပြုကျတာကိုအဖြစ်နည်းစေတဲ့ ဒီဇိုင်းထုတ်ထားပြီး ကိုင်တွယ်အသုံးပြုရတာ သက်တောင့်သက်သာနဲ့ အဆင်ပြေစေရင်တီထွင်ထားပါတယ်။ Screen ကို Gorilla Glass 3 နဲ့ပြုလုပ်ထားတာဖြစ်လို့ အသုံးပြုရတာစိတ်ကျေနပ်မှုရစေမှာပါ။ Display ဆိုဒ် အနေနဲ့ 5.7” QHD Super AMOLED ကိုအသုံးပြုထားပြီး Size အနေနဲ့ 1440 x 2560 pixels ဖြစ်ပြီး 515 ppi ဟာ Note Edge ပြီးရင်အကောင်းဆုံးဖြစ်နေမှာပါ။ ကင်မရာ အနေနဲ့ Rare Camera ကို 16MP ကိုအသုံးပြုထားပြီး LED flash ကိုတော့ Dual မဟုတ်ဘဲ တစ်ခုထဲကိုသာ အသုံးပြုထားပါတယ်။ Video Recording ကို 4K ထိမှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ နောက် OIS (Optical Image Stabilization) ပါဝင်လာပါတယ်။ ဒါပေမယ့် လက်ရှိခေတ်စားနေတဲ့ Selfie အတွက် 3.7MP နဲ့ 120 degree panoramic shot ကိုအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားလို့ အရင်လိုကင်မရာရှေ့မှာ စုပြုံတိုးစရာမလိုအပ်ဘဲ အဆင်ပြေပြေရိုက်နိုင်မှာပါ။ Home button မှာတော့ Fingerprint Scanner ကိုထည့်သွင်းပေးထားပြီး Fingerprint နဲ့ ဖုန်းကို ဖွင့်ရုံမဟုတ်ဘဲ ပိတ်လို့ပါရမယ်လို့ပြောထားလို့ စိတ်ဝင်စားစရာကောင်းပါတယ်။ နောက် PayPal အကောင့်မှာ လဲအသုံးပြုနိုင်မှာဖြစ်ပြီး အသစ်ပါဝင်တဲ့ Private mode မှာလည်း အသုံးပြုနိုင်မှာဖြစ်လို့ အရေးကြီးအချက်အလက်များကို သူများတွေတွေ့မြင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ USB port ကိုတော့ Note 3 တုန်းကအသုံးပြုထားတဲ့ 3.0 ကို အသုံးမပြုတော့ဘဲ 2.0 ကိုသာလျော့ချအသုံးပြုထားပြီး Charging time ကိုတော့ 30% လျော့ချပေးထားတယ်လို့ပြောထားပါတယ်။ Battery ကတော့ 3220mAh ဖြစ်လို့ တနေ့တာအတွက်လုံလောက်တဲ့ပမာဏဖြစ်မှာပါ။ Memory အနေနဲ့တော့ 32GB ပါဝင်မှာဖြစ်ပြီး Memory card နဲ့လည်း ထပ်မံတိုးချဲ့နိုင်မှာပါ။ RAM ကတော့ လက်ရှိအများဆုံးပမာဏဖြစ်တဲ့ 3GB ပါဝင်ပါတယ်။ Galaxy S5 မှာကဲ့သို့ Heart-rate monitor ကိုလည်းဆက်လက်ထည့်သွင်းပြီး S Health အတွက်အသုံးဝင်မှာပါ။ S pen ကိုအသုံးမပြုဘဲ Note Series ကို အသုံးပြုခြင်းဟာ အလွန်နှမြောဖို့ကောင်းပါတယ်။ Stylus pen အနေနဲ့တော့ အရင်ကအတိုင်း ဒီဇိုင်းပြောင်းလဲမှုသိပ်မရှိဘဲ အနည်းငယ်သာ ကွေးထားပြီး ကိုင်တွယ်ရာမှာပိုမိုကောင်းမွန်စေမှာပါ။ S-pen မှာပိုမိုပါဝင်လာတဲ့ Function ကတော့ mouse ကဲ့သို့အသုံးပြုလာနိုင်မှာဖြစ်ပြီး အကွာအဝေးကလည်း အရင်ကထက် နှစ်ဆပိုမိုဝေးတဲ့နေရာကနေအသုံးပြုနိုင်တော့မှာပါ။ S-Pen widget ကိုလည်းထည့်သွင်းပေးထားပြီး အရင်လို App ကိုအကူးတကဖွင့်စရာမလိုဘဲ အသင့်သုံးနိုင်အောင်ဖန်တီးပေးထားပါတယ်။ အသစ်အနေနဲ့ ပါဝင်လာတဲ့ Snap Note app ဟာ ကင်မရာနဲ့ချိန်လို့ပေါ်လာသမျှကို Scan လုပ်ပေးမှာဖြစ်ပြီး Text များကိုလည်း ဖတ်ပေးနိုင်မှာလို့ပြောလို့ ကျွန်တော်တို့လက်ထဲရောက်ရောက်ခြင်း စမ်းသပ်ရမှာပါ။ အရောင်အနေနဲ့တော့ လက်ရှိလေးမျိုးကို ရရှိနိုင်မှာဖြစ်ပြီး အဖြူ (Frosted White)၊ အနက်(Charcol Black)၊ ရွှေရောင်(Bronze Gold)၊ ပန်းရောင်(Blossom Pink) တို့ဖြစ်ပြီး စက်တင်ဘာလကုန်လောက် ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟုတ်ကဲ့ Note 4 ဟာ ကျွန်တော်တို့ မျှော်လင့်ထားတာထက်ပိုမိုတဲ့ အသုံးဝင်မှုတို့နဲ့အတူ ရောက်ရှိလာတော့မှာဖြစ်လို့ ကျွန်တော်တို့ အသင့်ပြင်ထားရင်းစောင့်ဆိုင်းကြပါစို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment