Wednesday, September 24, 2014

IOS 8တင်ရသည့်အကြောင်းအရင်း


(၁) Interactive Notifications

Interactive Notification ဟာဆိုရင် message
များကိုအလွယ်တကူ reply လုပ်နိုင်ပါတယ်။ IOS 7
လို message app ထဲဝင်စရာမလိုပဲ Noti Bar တွင်
တိုက်ရိုက် reply လုပ်နိုင်မှာဖြစ်ပါတယ်။ message
တခုထဲမဟုတ်ပဲ Third Party App များဖြစ်တဲ့
facebook, WhatsApp အစရှိသည်များလည်း App
များဖွင့်စရာမလိုပဲ Noti Bar တွင်တိုက်ရိုက် reply
လုပ်နိုင်မှာဖြစ်ပါတယ်။

(၂) All-New Messages App

Audio Message
Message ပို့ရာတွင် audio message လည်းပို့နိုင်ပြီ
ဖြစ်ပါတယ်။ message reply နေရာမှ mic icon
ကိုနှိပ်ပြီးစကားပြောပြီးပို့နိုင်ပါတယ်

Sending Photo In Messages
Photo message များကိုလည်းအလွယ်တကူပို့နိုင်ပါ
တယ်။ camera icon ကိုနှိပ်ပြီ အပေါ်သို့ဆွဲတင်(သို့)
ညာဘက်သို့ဆွဲပေးပါက photo or video အသစ်
ရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် camera icon ကိုနှိပ်ပြီး camera roll ထဲကပုံများကိုအလွယ်
တကူပေးပို့နိုင်မှာဖြစ်ပါတယ်။ ပို့ထားသောပုံများ
Voice SMS များကိုကိုပို့ပြီး ၂ မိနစ် ပို့ထားသူများ
ကြည့်ပြီးသောအခါတွင်ဖြတ်နိုင်ပါတယ်။ လက်ခံသူ
အတိအလင်း keep နှိပ်ပါမှလည်းဖြတ်နိုင်ပါတယ်။
Group message လည်းပြုလုပ်နိုင်သည့်အပြင်အ
ခြား function များပါဝင်ပါတယ်။

 


(၃) Quicktype and Third-Party Custom
Keyboard
အလွယ်တကူခန့်မှန်းစာတိုများရိုက်နိုင်ခြင်း။ Swype
Swifty ကဲ့သို့ custom keyboard များအသုံးပြုနိုင်
ခြင်းကြောင့်မြန်မာကီးဘုတ်လည်းအလွယ်တကူ
ရိုက်နိုင်မှာဖြစ်ပါတယ်။ third-party custom
Keyboard များကို App Store တွင် September 17
တွင်ရရှိနိုင်မှာဖြစ်ပါတယ်။

(၄) App and Safari Extension
အခြားသော extension များဖြစ်တဲ့ widgets, share
Actions, Custom Keyboard, Document Picker,
Photo editions , storage provider တို့ဖြစ်ပါ
တယ်။
Share> မှာဆိုရင်မိမိပို့လိုသောဓါတ်ပုံများကို အလွယ်တကူ contact များသို့ share ပေးနိုင်ခြင်း။

Actions> မိမိ share လိုသော web page နဲ့အခြား
အရာများကို share ပေးနိုင်ရန်ထောက်ပံ့ထားပါတယ်

Custom Keyboad> သူကတော့ third-part
Keyboard များအသုံးပြုနိုင်ခြင်း။

Photo Edits> သူဟာဆိုရင်မိမိနှစ်သက်ရာ app များမှပုံများကို app အတွင်းသို့ဝင်စရာမလိုပဲပြုပြင်
နိုင်မှာပါ။

Storage Provider> သူကတော့ Dropbox,
Google Drive အစရှိသော storage များသို့ copy
လုပ်စရာမလိုပဲတိုက်ရိုက် upload ပြုလုပ်နိုင်မှာဖြစ်
ပါတယ်။

(၅) Widgets
Widget ဟာဆိုရင် notification center မှာ Noti
တတ်လာသမျှကို widget ပါပြသပေးမယ့် feature
ပဲဖြစ်ပါတယ်။

No comments:

Post a Comment