Wednesday, September 24, 2014

IPSW Restore နှင့် Update ပြုလုပ်နည်း


IOS user တွေအတွက်အဓိကအရေးကြီးတဲ့ IPSW
တင်နည်းလေးအသိပေးပါရစေ။ IPSW တင်တတ်ဖို့
ကအရေးကြီးတဲ့အစိတ်မပိုင်းဖြစ်ပါတယ်။ IPSW မ
တင်မီ Find My iPhone, iCloud တို့ကို log out or
Delete ပြုလုပ်ပေးထားခြင်းဟာအကောင်းဆုံးပါ။
Jailbreak ပြုလုပ်ထားတဲ့ဖုန်းတွေဟာတိုက်ရိုက်
OTA (over-the-air) update လုပ်မရသောကြောင့်
မိမိနဲ့သတ်ဆိုင်တဲ့ model အလိုက် IPSW Update ကိုဒေါင်းပြီး update ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
jailbreak မလုပ်ထားရင် OTA update တင်နိုင်ပါ
တယ်။ လက်ရှိ IPSW ကိုလည်းဒေါင်းဖို့လိုအပ်ပါ
တယ်။ ဘာဖြစ်လို့လဲဆိုရင်လက်ရှိ IPSW ကို
Restore လုပ်ပြီးမှ update IPSW ကို update ပြု
လုပ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒါကလည်း jailbreak
ပြုလုပ်ထားတဲ့ iDevice တွေအတွက်လိုအပ်တာဖြစ်
ပါတယ်။ 




(၁) ပထမဦးစွာမိမိဖုန်းမော်ဒယ်အလိုက်လက်ရှိ
IPSW (iOS-7.1.2) နဲ့ Updateလုပ်မယ့် IPSW
(iOS-8) ကိုဒေါင်းပေးပါ။

(၂) ဒေါင်းပြီးပါကဖုန်းကို iTunes နဲ့ချိတ်ပြီး dfu
mode ဝင်ပါ။ Dfu mode က home button
+ power button ကိုပူးနှိပ်ပြီး power ပိတ်သွား
ပြီး ၁၀ စက္ကန့်ကြာမှ power button ကိုလွှတ်ပြီး
Home button ကိုဆက်နှိပ်ပါက iTunes တွင်
restore လုပ်ခိုင်းသောစာပေါ်မည်။

(၃) အဲ့အချိန်မှာ shift key နှိပ်ပြီး iTunes မှ restore
ဆိုတာနှိပ်ပြီးဒေါင်းထားတဲ့ 7.1.2 ipsw ရွေးပေး
ပါ။

(၄) 7.1.2 IPSW restore လုပ်ပြီးရင် iDevice ကို
Setup လုပ်ပေးပါ။ iDevice ကို USB ဖြုတ်စာရာ
မလိုပါ။

(၅) Setup လုပ်ပြီးပါက computer မှ shift key နဲ့
iTunes မှ check for update နှိပ်ပြီးမိမိ
update ပြုလုပ်လိုသော IPSW(ios 8) ရွေးပေး
ပါ။

(၆) update process ပြီးသွားပါက iDevice ကို
Setup လုပ်ပေးပြီးပါကသင်၏ iDevice သည်
Update ပြုလုပ်ပြီးသွားပါပြီ။

Update မဟုတ်ပဲ Restore ပြုလုပ်လိုသော iDevice
များသည် အဆင့်(၁),(၂),(၃) စတဲ့လုပ်နည်းသုံးခု
ဖြင့် restore ပြုလုပ်ပေးနိုင်ပါတယ်။

အားလုံးပဲအဆင်ပြေနိုင်ကြပါစေချင်ဗျာ။

No comments:

Post a Comment